Home သတင်း လွတ်လပ်စွာသတင်း‌ရေးသားထုတ်လွှင့်‌ဖော်ပြမှုနှင့်ပတ်သက်ပြီး ပြည်တွင်းမီဒီယာ ၄ဝ ထက် မနည်း သ‌ဘောထားထုတ်ပြန်

လွတ်လပ်စွာသတင်း‌ရေးသားထုတ်လွှင့်‌ဖော်ပြမှုနှင့်ပတ်သက်ပြီး ပြည်တွင်းမီဒီယာ ၄ဝ ထက် မနည်း သ‌ဘောထားထုတ်ပြန်

1344

‌ဖေ‌ဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လွတ်လပ်စွာသတင်း‌ရေးသားထုတ်လွှင့်ခြင်းဆိုင်ရာ အခွင့်အ‌ရေးများအ‌ပေါ် ယုံကြည်ရပ် တည်ပြီး သတင်းမီဒီယာ၏ကျင့်ဝတ်စံနူန်းများနှင့်အညီ လွတ်လပ်စွာ ‌ရေးသားထုတ် လွှင့်‌ဖော်ပြသွားမည်ဖြစ်‌ကြောင်း ပြည်တွင်းအ‌ခြေစိုက်မီဒီယာ ၄ဝ ထက်မနည်းသ‌ဘောထား ထုတ်ပြန်‌ကြေညာလိုက်သည်။

ပြည်တွင်းရှိ လူသိများသည့် မီဒီယာများအပါအဝင် တိုင်းရင်းသားမီဒီယာများ၊ ပြည်နယ်နှင့် ‌ဒေသအ‌ခြေစိုက်မီဒီယာများက အဆိုပါသ‌ဘောထားထုတ်ပြန်မူတွင်ပါဝင်လာကြပြီး ယခုထက် မီဒီယာအဖွဲ့များပိုမိုများပြားလာနိုင်‌ကြောင်း မီဒီယာအသိုင်းအဝိုင်းထံမှ သိရသည်။

အလားတူ သျှမ်းပြည်နယ်အ‌ခြေစိုက် လွတ်လပ်‌သောသတင်းမီဒီယာအဖွဲ့ ၁ဝ ဖွဲ့မှလည်း သတင်း‌ရေးသားထုတ်လွှင့်‌ဖော်ပြသည့်အ‌ကြောင်းအရာများနှင့်စကားလုံးအသုံးအနှုန်းများကို သတင်းကျင့်ဝတ်များနှင့်အညီ လွတ်လပ်စွာ ဆက်လက်ထုတ်လွှင့်‌ရေး သား‌ဖော်ပြမည်ဖြစ် ‌ကြောင်း ‌ဖော်‌ဖော်ဝါရီလ ၂၅ ရက်‌နေ့က သတင်းထုတ်ပြန်‌ကြေညာထားသည်။

စစ်တပ်အာဏာသိမ်းပြီး‌နောက် ပြန်ကြား‌ရေးဝန်ကြီးဌာနမှ သတင်းမီဒီယာများထံ ‌ပေးပို့သည့် ‌မေတ္တာရပ်ခံ သတိ‌ပေးအ‌ကြောင်းကြားစာများမှာ သတင်းမီဒီယာများ၏ လွတ်လပ်စွာသ တင်း‌ရေးသားထုတ်‌ဖော်ခွင့်အား ထိပါး‌စေသည့်အတွက် ယခုလို သတင်းမီဒီယာများမှ အသီး သီး သ‌ဘောထားထုတ်ပြန်လာကြခြင်းဖြစ်သည်။