Home သတင်း ဖားအံမြို့တွင် ဖမ်းဆီးခံရသူ ၁ဝဦး ခံဝန်ချက်ဖြင့် ပြန်လည်လွတ်‌မြောက်‌သော်လည်း အမှုရင် ဆိုင်ရန်ရှိ‌သေး

ဖားအံမြို့တွင် ဖမ်းဆီးခံရသူ ၁ဝဦး ခံဝန်ချက်ဖြင့် ပြန်လည်လွတ်‌မြောက်‌သော်လည်း အမှုရင် ဆိုင်ရန်ရှိ‌သေး

2198

‌ဖေ‌ဖော်ဝါရီ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့တွင် စစ်တပ်အာဏာသိမ်းမှုအ‌ပေါ် ဆန္ဒသွားပြရန် ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့ မနက်ပိုင်းတွင် သွား‌ရောက်ချိန် ဖမ်းဆီးခံရသူများကို ည‌နေပိုင်းတွင် ပြန်လည်လွှတ်‌ပေးလိုက်ပြီးဖြစ်‌ကြောင်း ဖမ်းဆီးမှုကို လိုက်ပါလုပ်‌ဆောင်‌ပေးသည့် ‌ရှေ့‌နေများ၏ ‌ပြောဆိုချက်အရ သိရသည်။

ယ‌နေ့မနက် ဖမ်းဆီးခံရသူများမှာ ၁ဝဦးရှိပြီး အသက်မပြည့်‌သေးသူ ငါးဦးကို ခံဝန်ချက်ဖြင့် ပြန်လွှတ်‌ပေးလိုက်သလို အသက်ပြည့်သူ ၅ဦးကိုမူ ပြန်လွှတ်‌ပေး‌သော်လည်း ပုဒ်မ(၁၄၄)ငြိစွန်းသည့်အတွက် ဥပ‌ဒေနှင့်အညီ အမှုပြန်လည်ရင် ဆိုင်ရမည်ဟု အမှုလိုက်‌ပေးသည့် ‌ရှေ့‌နေများက သတင်း‌ထောက်များကို ‌ပြောသည်။

“ရဲစခန်းမှာ လွှတ်လာတဲ့ ၃ဦးကို ရဲခံဝန်နဲ့ ပြန်လွှတ်တာ ဆိုဆုံးမပြီး ပြန်လွှတ်တာ‌ပေါ့။ သူတို့က ဘာမှအ‌ရေးယူတာ မရှိ ဘူး။ အမှုရင်ဆိုင်တာ မရှိဘူး။ တရားရုံးမှာ တရားစွဲတာက ၇‌ယောက်ထဲမှာ အသက်မပြည့်တဲ့သူ ၂‌ယောက်ပါ‌တော့ ခံဝန်နဲ့ ပြန်လွှတ်လိုက်တယ်။ ကျန်တဲ့ ဒီအသက်ပြည့်တဲ့လူ ၅‌ယောက်ကို‌တော့ သူက ဥပ‌ဒေနဲ့အညီ ဆက်လက်ပြီး အမှု ရင်ဆိုင်ရမယ်။ အချုပ်လွှတ်အာမခံနဲ့ ဆက်ပြီး‌တော့ အမှုရင်ဆိုင်ရမှာဖြစ်တယ်။ ပုဒ်မက ၁၄၄နဲ့‌ပေါ့။ မြို့နယ်အုပ်ချုပ် ‌ရေးမှူး ထုတ်ပြန်တဲ့အမိန့်ကို ဖီဆန်လို့ ဒီပုဒ်မနဲ့ တရားစွဲတာဖြစ်တယ်။”ဟု အမှုလိုက်‌ပေးသူ ‌ရှေ့‌နေများထဲမှ တရား လွှတ်‌တော်‌ရှေ့‌နေ ခွန်ဝင်းကြိုင်က ‌ပြောသည်။

ယ‌နေ့ ဖမ်းဆီးခံရသူများမှာ ၁၄ဦးရှိသည်ဟု ၎င်းတို့၏မိသားစုနှင့် နီးစပ်သူများက စာရင်းလာ‌ပေး‌သော်လည်း လက်ရှိအ ချိန်တွင် ၁ဝဦးသာ ‌တွေ့ရှိရပြီး ကျန်သူ ရှိမရှိ ‌သေချာမသိ‌သေးသလို နာမည်ထပ်သူများလည်း ပါဝင်နိုင်သည့်အတွက် ဆက်လက် စုံစမ်းသွားရမည်ဖြစ်‌ကြောင်းလည်း ‌ရှေ့‌နေများက ဆိုသည်။

ပြန်လည်လွတ်‌မြောက်လာသည့် လူငယ်တစ်ဦးက ယ‌နေ့မနက် ၇နာရီ‌ကျော်အချိန် ဆန္ဒပြသွားရန်လူစုရာ အထက(၁) ‌ကျောင်း‌ရှေ့တွင် ကား‌ပေါ် အတင်းတင်ကာ ‌တောင်က‌လေး‌ထောင်သို့ ‌ခေါ်‌ဆောင်သွားခဲ့ပြီး‌နောက် တရားရုံးကို ပြန်‌ခေါ်လာပြီး ပုဒ်မ(၁၄၄)ဖြင့် တရားစွဲလိုက်ခြင်းဖြစ်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောပြသည်။

“ကျ‌နော့်ကို ဒီမှာရှိတဲ့ တရားသူကြီး‌တွေလား မသိဘူး။ အာမခံ‌ပေးလိုက်တယ်။ ကျ‌နော့်သူငယ်ချင်းနဲ့ ကျ‌နော်နဲ့က သူတို့ အတင်း‌ခေါ်သွားတယ်။ ဟိုမှာ‌ရောက်‌တော့ ဖုန်း‌တွေသိမ်းတယ်။ အိတ်‌တွေ အကုန်စစ်‌ဆေးတယ်။ သူတို့‌ပြောတာ ‌တော့ သူတို့လည်း မလုပ်ချင်ဘူး။ တာဝန်အရ လုပ်တာပဲလို့‌ပြောတယ်။”ဟု ပြန်လွတ်လာသူ ၎င်းလူငယ်က ‌ပြောသည်။

ဖားအံမြို့၌ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီး အပါအဝင် လူငယ်အများဆုံး ပါဝင်ပြီး ဆန္ဒပြပွဲအတွက် စုရပ်‌နေရာ ဖြစ်သည့် အထက(၁)‌ကျောင်း‌ရှေ့၌ ယ‌နေ့မနက် ဆန္ဒပြရန် လာ‌ရောက်သူများကို ရဲများမှ ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ထို့အတွက် အဖမ်းခံရသူများ ပြန်လွှတ်‌ပေးရန် ဖားအံမြို့မရဲစခန်း‌ရှေ့တွင် ပညာ‌ရေးဝန်ထမ်းများနှင့် လူထုက ‌နေ့လည် ပိုင်းမှ ည‌နေ ၅နာရီ‌ကျော်အထိ ထိုင်သပိတ်ပုံစံဖြင့် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။