Home သတင်း ညမထွက်ရ ပုဒ်မဖြင့် ဖမ်းခံရ‌သော ကရင်လူငယ်များ ခံဝန်ကတိဖြင့် ပြန်လွတ်လာ

ညမထွက်ရ ပုဒ်မဖြင့် ဖမ်းခံရ‌သော ကရင်လူငယ်များ ခံဝန်ကတိဖြင့် ပြန်လွတ်လာ

1752

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ညမထွက်ရအမိန့် ပုဒ်မ – ၁၄၄ ဖြင့် ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်ညတွင် ရဲများ၏ ဖမ်းဆီးခြင်း ခံလိုက်ရသည့် ဖားအံမြို့ နယ်မှ ကရင်လူငယ်များသည် ခံဝန်ကတိဖြင့် ပြန်လွတ်လာသည်ဟု သိရသည်။

ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို လွန်ဆန်သည်ဟုဆိုကာ ဖားအံမြို့၊ ‌အောင်သံလွင် အားကစားကွင်းအနီးတွင် ည ၉ နာရီ‌ကျော်၌ ဖမ်းဆီးခံခဲ့ရပြီး ၂ နာရီကြာ မြို့မရဲစခန်းအတွင်း ထိန်းသိမ်း ပြီး‌နောက် ပြန်လွတ်လာခြင်းဖြစ်သည်ဟု အဖမ်းခံခဲ့ရသူ လူငယ်တစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

“ငါတို့ ကွမ်းယာထွက်ဝယ်ပြီး ပြန်လာတာ လမ်းမှာဆုံလို့ ဖမ်းခံထိတာ။ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ထား တာကို သိရှိ‌ကြောင်း ခံဝန်ကတိထိုး၊ ‌နောက်ခါ အဲလိုသိရက်နဲ့ ထပ်ထွက်တယ်ဆိုရင် ‌ထောင်ဒဏ် ၃ လအထိ ချနိုင်တာ‌ပေါ့၊ အဲလိုရှင်းပြပြီးပြန်လွှတ်လိုက်တယ်။” ဟု (ယ‌နေ့)‌ဖေ‌ဖော်ဝါရီ ၁၅ ရက်တွင် ‌ပြောသည်။

ဖားအံမြို့နှင့်မြို့နားရှိရွာများမှ အမျိုးသား၊ အမျိုးသမီး အစုံပါဝင်‌သော အဆိုပါ လူငယ် ၂ဝ ဦး‌ကျော်တို့သည် အ‌ကြောင်းအမျိုးမျိုးဖြင့် ည ၈ နာရီ ‌ကျော်လွန်ကာ ကား၊ ဆိုင်ကယ်များဖြင့် သွားလာရာမှ ဖမ်းဆီးခံခဲ့ရပြီး ရဲစ ခန်းသို့ ‌ခေါ်သွားခဲ့ခြင်းဖြစ်သည်ဟုလည်း အဆိုပါလူငယ်က ယခုလို ဆက်‌ပြောသည်။

“မ‌နေ့က Valentine Day (ချစ်သူများ‌နေ့)ဆို‌တော့ လူငယ်သက်သက်‌ပေါ့။ တချို့က ‌ချောကလက်စား ‌တောင် မပျက်ဘူး။ ‌ချောကလက်ပါ‌ဝေစားပစ်လိုက်တယ် အဲဒီ(ရဲစခန်း)အထဲမှာ။ ကျ‌နော်တို့က‌တော့ ပုံမှန် မြို့ခံတစ် ‌ယောက်အ‌နေနဲ့ သွား‌နေကျအတိုင်း သွားလာတာဖြစ်တဲ့အတွက်‌ကြောင့်မို့ ဒီဖြစ်စဉ်မှာ မြို့ခံ‌တွေ‌လောက်က ‌တော့ ‌ကျော်လွှားနိုင်မယ်လို့ ‌မျှော်လင့်တယ်‌ပေါ့‌လေ။” ဟု ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီ ၁ ရက်‌နေ့တွင် တပ်မ‌တော်မှ အာဏာသိမ်းပြီး ‌ဖေ‌ဖော်ဝါရီ ၉ ရက်‌နေ့၌ နိုင်ငံအဝှမ်း ညမထွက် ရ အမိန့်ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။