Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်‌မေးမြန်းခြင်း

ဆက်သွယ်‌မေးမြန်းခြင်း

1820

ဆက်သွယ်‌မေးမြန်းခြင်း

ရန်ကုန်မြို့တွင် ‌ဖေ‌ဖော်ဝါရီလ ၇ရက်‌နေ့၌ ထပ်မံ ပြုလုပ်သည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်‌သော လူထုဆန္ဒပြပွဲတွင် ပူး‌ပေါင်းပါဝင်ခဲ့သူ ကမာရွတ်မြို့နယ်မှ လူငယ်တစ်ဦးကို ‌နေ့လည်ပိုင်းတွင် ‌ကေအိုင်စီက တိုက်ရိုက် ဆက်သွယ်‌မေးမြန်း ထားခြင်းဖြစ်သည်။

‌ကေအိုင်စီ။ ။ ဒီ‌နေ့ ဆန္ဒပြပွဲရဲ့ အခင်းအကျဉ်း‌လေး နည်းနည်း ‌ပြောပြ‌ပေးပါလား။
ကျ‌နော်တို့ကျ‌တော့ လှည်းတန်းမှာ‌နေတာ‌ပေါ့‌နော်။ ကျ‌နော်တို့ ၁ဝနာရီ ၁၅‌လောက်မှ ထွက်လာတာ။ ၁ဝနာရီ ၁၅‌လောက်မှာက လူက အဲ‌လောက် သိပ်ပြိး မများ‌သေးဘူး။ အခုရန်ကုန်မှာ လူက ‌တော်‌တော့ကို များသွားပြီ။ သုံးသိန်း ‌ကျော်‌ကျော်‌လောက်ရှိ‌လောက်မယ်ထင်တယ်။ လမ်း‌ပေါ်မှာ လူအပြည့်ပဲ။ လမ်း‌ကြောင်းက‌တော့ အစုအဖွဲ့‌တွေ၊ အစုဖွဲ့ ‌တွေ သူ့ဟာနဲ့သူ လမ်း‌လျှောက်ပြီး လာကြတယ်။ လှည်းတန်းကျမှ ဆုံပြီး‌တော့ ဝိုင်းပြီး‌တော့ အကုန်ဆန္ဒပြကြတယ်။ စုပြီး လာတာမဟုတ်ဘူး။

‌ကေအိုင်စီ။ ။ မြို့နယ်အသီးသီးက‌နေ ထွက်လာကြတာလား။
ဟုတ်တယ်။ မြို့နယ်အသီးသီးက ဆယ်‌ယောက်တစ်စု၊ ငါး‌ယောက်တစ်စု‌ပေါ့။ အဲလို‌လေးထွက်လာတာ။ လှည်းတန်းကျမှ စုရပ်အ‌နေနဲ့ စုပြီး ဆန္ဒပြကြတာ။ အခုချိန်ထိ ဒီမှာပဲ ဝိုင်းပြ‌နေကြတယ်။ အခုလူ‌တွေက များများလာ တာ။

‌ကေအိုင်စီ။ ။ ကနဦးအစက ဆယ်ဂဏန်း၊ ရာဂဏန်း‌လောက်ပဲ ရှိတာ‌ပေါ့‌နော်။
ဟုတ်တယ်။ ဟုတ်တယ်။ အစက‌တော့ နည်းနည်း‌လေးပဲ ရှိတယ်။ စုရင်း၊ စုရင်းနဲ့ လှည်းတန်းကျမှ သုံး‌ထောင် ‌လောက်ပဲရှိမယ်။ ဝိုင်းပြီး‌တော့ သီချင်းဆိုတယ်။ ‌နောက်ပြီး‌တော့ တဖြည်းဖြည်းနဲ့ လူက များလာတယ်။ အခုဆို အင်အား အများကြီးပဲ။ သုံးသိန်းခွဲ‌လောက်ရှိမယ် ထင်တယ်။ လမ်းလယ်‌ခေါင်မှာ အပြည့်ပဲ။

‌ကေအိုင်စီ။ ။ အခုကျ‌တော့ စု‌တော့စုကြပြီ။ စုရပ်‌တွေ ဘယ်နှစ်ခု ထားထားတာမျိုးရှိလဲ။
အချို့ကျ‌တော့ ဒီနားမှာပဲ ဘယ်မှမသွားကြဘူး။ အချို့က အဖွဲ့အဖွဲ့‌တွေ လူ ၅၀၊ ၁၀ဝ အဲလို။ လူ‌တွေက တစ် ‌နေရာထဲမှာ ရပ်မ‌နေဘူး။ ဟိုသွားလိုက်၊ ဒီသွားလိုက်၊ အဲလိုသွားပြီး (ဆန္ဒ)ပြ‌နေကြတယ်။

‌ကေအိုင်စီ။ ။ အခု ‌မောင်‌လေးက ဘယ်မှာရှိ‌နေလဲ‌ေ
ကျ‌နော် လှည်းတန်းလမ်းဆုံမှာရှိတယ်ဗျ။

‌ကေအိုင်စီ။ ။ အဓိက‌တော့ ဘာ‌တွေ ‌ကြွေး‌ကြော်ချက်‌တွေ၊ ‌တောင်းဆိုချက်‌တွေက ဘာရှိလဲ ‌ပြောပြ‌ပေးပါ။
ဒီမှာက‌တော့ ကမာ္ဘမ‌ကျေဘူး သီချင်းရယ်၊ ဗိုလ်ချုပ်‌ပေးတဲ့ စစ်ပညာ ပြည်သူကို သတ်ဖို့မဟုတ်ဘူး ‌ဆောင်ပုဒ် ‌တွေကို ရွတ်ပြီး‌တော့ ဆန္ဒပြ‌နေကြတယ်။

‌ကေအိုင်စီ။ ။ အဲဒီမှာ ဆယ်နာရီခွဲ‌လောက်ထဲက ထွက်တယ်ဆို‌တော့လည်း လုံခြုံ‌ရေးအ‌ခြေအ‌နေ‌တွေ ဘယ်လိုချ ထားတာ ‌တွေ့ရလဲ။ အတားအဆီး အဟန့်အတား‌တွေ ဘယ်လိုရှိလဲ။
လုံခြုံ‌ရေးက ဒီလမ်းမ‌ပေါ်မှာ ရဲကားတစ်စီးထဲရှိတယ်။ ရဲ‌တွေက ၇‌ယောက်၊ ၈‌ယောက်ပဲ။ ရဲအသစ်‌တွေ ချထား တာ မ‌တွေ့ဘူး။ ‌မော်‌တော်ပီကယ်‌တွေက‌တော့ လမ်းရှင်း‌ပေး‌နေတာ‌တော့ ရှိတယ်။ ကား‌တွေကို လမ်းရှင်း‌ပေး‌နေတာပဲ သူတို့က‌တော့။

‌ကေအိုင်စီ။ ။ ဆို‌တော့ မြို့နယ်ဘယ်နှစ်ခု‌လောက် ပါဝင်တယ်လို့ ခန့်မှန်းမိလဲ။
လာတာအစုံပဲဗျ။ တနဂင်္‌နွေဆို‌တော့ ရုံးပိတ်တယ်‌လေ။ ရန်ကုန်မြို့မှာရှိတဲ့ လူ‌တွေအကုန်လုံး‌လောက်က လာတယ်။ အဓိကက‌တော့ လူငယ်‌တွေ လာတာများတယ်။ လူကြီးက သိပ်မပါဘူး။ လူငယ်‌တွေ ‌တော်‌တော်များများက ထွက်လာကြတယ်။ အမျိုးသမီး‌ကော၊ အမျိုးသား‌ကော အများကြီးပဲ။ အခုကြည့်ရတာ အိမ်ထဲမှာ ဘာမှမသိရ‌တော့ သိချင်လို့ အပြင်ထွက်လာတာလည်း ပါမယ်။ ဒီမှာကျ‌တော့ ဆန္ဒပြတဲ့သူ‌တွေနဲ့ အကုန်လုံးပူး‌ပေါင်းကြတယ်။

‌ကေအိုင်စီ။ ။ ဒီလှုပ်ရှားမှုက အချင်းချင်းဆုံကြ‌တော့ ဒီတစ်ရက်နဲ့ပဲ ပြီးသွားမလား။ ဘယ်‌လောက်ထိ၊ ဘယ်‌နေ့ထိ စဉ်းစားထားလဲ။
ဒီ‌နေ့က‌တော့ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်ဆို‌တော့ ပိုပြီး‌တော့ စုံတယ်‌ပေါ့‌နော်။ မနက်ဖြန်လည်း ဆက်ရှိမယ် ထင်တယ်။ ဒါ‌ပေမယ့် အတိအကျ‌တော့ မသိဘူး။ လှုပ်ရှားတဲ့သူ‌တွေက‌တော့ မနက်ဖြန် ဆက်ရှိမယ်ထင်တယ်။ ရုံး‌နေ ရာလည်း သွားလို့မရဘူး‌လေ။ အချို့က ရုံး‌တွေပိတ်ထားတာရှိတယ်။ အင်တာနက် မရရင် ဘာမှ အလုပ်လုပ်လို့မရဘူး။

‌ကေအိုင်စီ။ ။ အခု‌လော‌လောဆယ်အထိက တစ်နိုင်ငံလုံး ပါဝင်နိုင်တဲ့ အ‌နေအထားမျိုးရှိလား။ ကိုယ်ကိုယ်တိုင် ပါဝင်ရတဲ့အ‌နေအထားမျိုးဆို‌တော့။
မြင်မိတယ်ဗျ။ မ‌ကွေးမှာလည်း ဆန္ဒပြတယ်ဆိုတာ သူငယ်ချင်း‌တွေ ဖုန်းဆက်တယ်။ အင်အားတစ်သိန်း‌ကျော် ‌လောက်ရှိတယ်လို့ ‌ပြောတယ်။ မန္တ‌လေးဘက်မှာလည်း လူအင်အားတစ်သိန်းခွဲ‌လောက်ရှိတယ်လို့ ‌ပြောတယ်။ မန္တ‌လေး မှာလည်း ဘာလုံခြုံ‌ရေးမှ ချမထားဘူးတဲ့။ ဒီအတိုင်းပဲ ပြ‌နေကြတယ်‌ပေါ့။

‌ကေအိုင်စီ။ ။ ဒီအထဲမှာ မထင်မှတ်ဘဲ တပ်မ‌တော်ကို ‌ထောက်ခံတဲ့ တန်ပြန် ဆန္ဒပြမှု‌တွေ‌ကော ရှိလား။
မရှိဘူးဗျ။ အဲလို‌တွေမရှိဘူး။ တပ်ကို ‌ထောက်ခံတဲ့သူ‌တွေမ‌တွေ့ရဘူး။ အ‌မေစုလွှတ်ဖို့အတွက်ပဲ အကုန်လုံးက ‌ကြွေး‌ကြော်‌နေကြတယ်။

‌ကေအိုင်စီ။ ။ မ‌နေ့ညက ‌ဒေါ်‌အောင်ဆန်းစုကြည်လွှတ်ပြီး ‌ကောလာဟလ ‌ပြော‌နေတဲ့အ‌ပေါ်မှာ‌ကော ဘယ်လိုမျိုး ‌တွေ သိခဲ့တာရှိလဲ။
‌ကောလာဟလ ဘာမှမဟုတ်ဘူး။ လူ‌တွေ တက်‌အောင် သက်သက်လုပ်တာ။

‌ကေအိုင်စီ။ ။ အခု ဘယ်အချိန်ထိ ဆက်သွားအုံးမလဲ။
လူ‌တွေက အခုမှ များလာတယ်ဆို‌တော့ မသွားကြ‌သေးဘူးဗျ။ ည‌နေ ငါးနာခွဲ‌လောက်အထိ‌တော့ ရှိ‌နေကြ မယ်။ လူ‌တွေက ရဲ‌တွေ ဖြိုခွဲစရာမလိုဘူး။ သူ့အချိန်ကျရင်‌တော့ သူ့ဟာနဲ့သူ ကျဲသွားကြတာ။

‌ကေအိုင်စီ။ ။ အားလုံးက ဒီဆန္ဒပြပွဲမှာ ဘယ်လို အပြုအမူမျိုး‌တွေ ‌တွေ့ရလဲ‌ပေါ့‌နော်။
အဓိကက‌တော့ လက်သုံး‌ချောင်း‌ထောင်တယ်။ ‌အေး‌အေးချမ်းချမ်းပဲ သီချင်းဆိုတယ်၊ ‌ကြွေး‌ကြော်တယ်။ ဒါပဲ ‌ပေါ့။ ဒီ‌လောက်ပဲ။ အကြမ်းဖက်တာက‌တော့ ဘယ်သူမှမလုပ်ကြဘူး ဟုတ်။ လူ‌တွေက ဘယ်သူမှ ‌ကြောက်စရာ မလို ဘူး။ လွတ်လွတ်လပ်လပ်ပဲ ဆန္ဒပြ‌နေကြတယ်။

‌ကေအိုင်စီ။ ။ အားလုံးက လမ်း‌လျှောက်ပဲလား။ ကားနဲ့ ဆိုင်ကယ်နဲ့ ပါဝင်မှုက ရှိလား။
ဒီမှာက‌တော့ ဆိုင်ကယ်မရှိဘူး‌ပေါ့‌နော်။ ကား‌တွေက‌တော့ ဟွန်းတီးတယ်။ ကား‌တွေက အချို့က ပတ်‌နေကြ တယ်။

‌ကေအိုင်စီ။ ။ ဘာ‌တွေ ထပ်‌ပြောချင်‌သေးလဲ။ မီဒီယာကတဆင့် ဘာ‌တွေ ‌တောင်းဆိုချင်လဲ‌ပေါ့‌နော်။ နိုင်ငံတကာ သိ‌အောင်။
အဓိကက‌တော့ ပြည်သူ‌တွေ‌ပေါ့။ အစိုးရဝန်ထမ်း‌တွေ‌ပေါ့။ ပြည်သူလူထုနဲ့အတူ ပူး‌ပေါင်းပါဝင်ဖို့‌ပေါ့။ အလုပ်မ ဆင်းတဲ့ ဆန္ဒပြမှုက လုံးဝ ထိ‌ရောက်မယ့်နည်းတစ်ခုလို့ မြင်တယ်။ အဲဒါ အကုန်လုံးသိ‌အောင် ‌ပြောပြ‌ပေးပါ။