Home သတင်း စီမံအုပ်ချုပ်‌ရေး‌ကောင်စီနှင့် CRPH တို့၏ အုပ်ချုပ်‌ရေး ယန္တရားများကို လက်မခံဟု KNU ‌တောင်ငူခရိုင်ထုတ်ပြန်

စီမံအုပ်ချုပ်‌ရေး‌ကောင်စီနှင့် CRPH တို့၏ အုပ်ချုပ်‌ရေး ယန္တရားများကို လက်မခံဟု KNU ‌တောင်ငူခရိုင်ထုတ်ပြန်

2701

‌ဖေ‌ဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ‌တောင်ငူခရိုင်နယ်‌မြေအတွင်း လက်ရှိနိုင်ငံ့အာဏာကို ရယူထားသည့် နိုင်ငံ‌တော်စီမံအုပ်ချုပ်‌ရေး‌ကောင်စီသာမက ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု‌ကော်မတီ-CRPH တို့မှ ချမှတ်လာမည့် အုပ်ချုပ်‌ရေးဆိုင်ရာ ယန္တရားများကိုပါ လက်ခံမည်မဟုတ်‌ကြောင်း ‌တောင်ငူခရိုင်မှ ‌ဖေ‌ဖော်ဝါရီ ၂၅ ရက်တွင် သ‌ဘောထားထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းပြီး‌နောက် စီမံအုပ်ချုပ်‌ရေး‌ကောင်စီအား အုပ်ချုပ်‌ရေးပုံစံချမှတ်ပြီး အာဏာလုယူခြင်းအပြင် တ ဖက်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအား ပြန်လည်အသက်သွင်းရန် အ‌ကောင်အထည်‌ဖော်‌နေသည့် CRPH-Committee Representing Pyidaungsu Hluttaw ၏ အုပ်ချုပ်‌ရေးအစီအစဉ်ကိုပါ ကန့်ကွက်သွား မည်ဖြစ်‌ကြောင်း KNU ‌တောင်ငူခရိုင် (တပ်မဟာ ၂ ) တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စောဒဲဖိုးက ‌ပြောသည်။

“အပစ်ခတ်ရပ်စဲ‌ရေးလုပ်တာ ၉ နှစ်ရှိပြီး။ ဘာတစ်ခုမှ အ‌ကောင်အထည်‌ပေါ်လာတာမ‌တွေ့ရဘူး။ ခုလည်း စစ် တပ်က တစ်ဖက်သတ်အာဏာသိမ်းပြီး‌တော့ KNU အုပ်ချုပ်ထားတဲ့ ကရင်ရွာ‌ဒေသမှာ အုပ်ချုပ်‌ရေး ယန္တရား လာချမှာကို မကြိုက်ဘူး။ CRPH ကလည်း ၂၀၀၈ ‌ခြေဥကို အသက်ပြန်သွင်းမယ့်ပုံစံဆို‌တော့လည်း မကြိုက် ဘူး။ အဲလို ယန္တရား‌တွေ ‌ရောက်လာမှာကို ကြို‌တွေးပြီး စိတ်ပူတဲ့အတွက် ထုတ်ပြန်တာ‌ပေါ့။” ဟု ဗိုလ်မှူးချုပ် ‌စောဒဲဖိုးက ‌ပြောသည်။

KNU ‌တောင်ငူခရိုင်အ‌နေဖြင့် ခရိုင်အတွင်း နဂိုရှိနှင့်ပြီးသား KNU ၏ အုပ်ချုပ်‌ရေး ယန္တရားများသည် ဌာ‌နေ တိုင်းရင်းသားများအတွက် အဆင်‌ပြေကိုက်ညီသည့်အတွက် KNU အုပ်ချုပ်‌ရေးအတိုင်း ‌ရှေ့ဆက်‌ဆောင်ရွက် သွားမည်ဖြစ်‌ကြောင်းလည်း ဗိုလ်မှူးချုပ်‌စောဒဲဖိုးက ဆက်‌ပြောသည်။

ရှိနှင့်ပြီး‌သော မြို့နယ်၊ ‌ကျေးရွာအုပ်ချုပ်‌ရေး ယန္တရားများတွင်ပါဝင်ခဲ့သည့် အုပ်ချုပ်‌ရေးမှူးများနှင့် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန တာဝန်ရှိသူများသည် စစ်အာဏာသိမ်းခြင်းကို လက်မခံသည့်အ‌နေဖြင့် အုပ်ချုပ်‌ရေး ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု မပြု‌တော့ရန်လည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ‌တောင်ငူခရိုင်အ‌နေဖြင့် KNU (ဗဟို)၏ သ‌ဘောထားထုတ်ပြန်ချက်များအတိုင်း ရပ်တည်သွားမည် ဖြစ်သလို စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ‌နေသည့် ပြည်သူများကို ဝန်းရံ၊ ပံ့ပိုး၊ ကူညီ ရပ်တည်သွား မည် ဖြစ်‌ကြောင်းလည်း ခရိုင်ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

CRPH ကို၂၀၂ဝ ‌ရွေး‌ကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ကာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ဒီမိုက‌ရေစီအစိုးရ ပြည်လည်အာဏာရရှိ‌ရေး အတွက် ကြိုးပမ်း‌နေသည်ဟု သိရသည်။