Home တွေ့ဆုံမေးမြန်းခန်း စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြပွဲ ဦး‌ဆောင်သူ ‌စောစိုးကမိုဒို့နှင့် ‌မေးမြန်းခြင်း

စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြပွဲ ဦး‌ဆောင်သူ ‌စောစိုးကမိုဒို့နှင့် ‌မေးမြန်းခြင်း

2413

စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြပွဲ ဦး‌ဆောင်သူ ‌စောစိုးကမိုဒို့နှင့် ‌မေးမြန်းခြင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြပွဲကို ဦး‌ဆောင်သူ ‌စောစိုးကမိုဒို့ကို ‌ဖေ‌ဖေါ်ဝါရီလ ၂၂ရက်‌နေ့တွင် ‌ကေအိုင်စီ သတင်း‌ထောက် ‌စောရှားက ‌တွေ့ဆုံ ‌မေးမြန်းထားသည်များကို စုစည်း‌ဖော်ပြလိုက်ပါသည်။

‌မေး။ ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြမှု‌တွေလုပ်‌ဆောင်ရတဲ့ အ‌ကြောင်းအရင်းကို ‌ပြောပြ‌ပေးပါ။
‌ဖြေ။ ။ ရည်ရွယ်ချက်(၅)ချက်‌ပေါ့။ နံပတ်တစ်က စစ်အာဏာရှင်ကို မလိုလားဘူး။ နံပတ်နှစ်က စစ်မှန်တဲ့ ဒီမိုက ‌ရေစီကို လိုလားတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်တယ်။ ‌နောက်တစ်ချက်က ဖက်ဒရယ်ပြည်‌ထောင်စု ကိုတည် ‌ဆောက်မယ့် ဖွဲ့စည်းပုံတစ်ခု ‌ပေါ်‌ပေါက်လာဖို့အတွက် ဖြစ်ပါတယ်။ နံပါတ်‌လေးက ဘဝတူတိုင်းရင်း သား‌တွေရဲ့ လိုလားချက်နဲ့ ကျ‌နော်တို့ ထပ်တူထပ်မျှရှိတဲ့အ‌ကြောင်း၊ စည်းလုံးညီညွတ်မှုကိုလိုလားတဲ့ အ‌ကြောင်း၊ ‌နောက် ဆုံးတစ်ချက်က မတရားဖမ်းဆီးခံထားရတဲ့သူ‌တွေကို လွှတ်‌ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် (၅)ချက်နဲ့ပါ။

‌မေး။ ။ ကြာအင်းဆိပ်ကြီးမြို့‌ပေါ်ကို ဆင်းလာတဲ့ ‌စောစိုးကမိုဒို့တို့ရဲ့ ကရင် သပိတ်စစ်‌ကြောင်းမှာ ရွာ‌ပေါင်း၊ လူ‌ပေါင်း ဘယ်‌လောက်ပါလာပါသလဲ။
‌ဖြေ။ ။ ‌မြောက်ဖက်အခြမ်းမှာဆိုရင် ဇမိမြစ်နဲ့ ‌ဟောသ‌ရောမြစ်ကြားမှာ ရွာ‌ပေါင်း ၄ဝ ‌လောက်ပါလာပါတယ်။ ကရင် အများစုပါဝင်ပြီး‌တော့ မွန်၊ ပအိုဝ်း၊ ရှမ်း စတဲ့တိုင်းရင်းသားအားလုံး‌ပေါင်းရင် လူ‌ပေါင်း ၁ ‌ထောင်ဝန်းကျင် ‌လောက် ပါပါတယ်။ ‌နောက်ပြီး တစ်ခြားအရပ်မျက်နှာ(ကြာအင်းဆိပ်ကြီးမြို့‌ပေါ်ရပ်ကွက်၊ ဇမိ‌ဒေသ၊ ဝင်း‌ရော်‌ဒေသ)‌တွေကလာတဲ့ လူ‌တွေနဲ့ ‌ပေါင်းလိုက်ရင် အများကြီးဖြစ်သွားတာ‌ပေါ့‌နော်။

‌မေး။ ။ ချီတက်လာတဲ့ လမ်း‌ကြောင်းတစ်‌လျှောက်မှာ ဘယ်လိုအခက်အခဲ‌တွေ ‌တွေ့ကြုံခဲ့ရလဲ။
‌ဖြေ။ ။ စစ်တပ်နဲ့ ထိပ်တိုက်‌တွေ့တာက ဦး‌ဆောင်တဲ့သူ‌တွေနဲ့‌ပေါ့‌နော်။ လာတဲ့လူ‌တွေ၊ ဦး‌ဆောင်တဲ့လူ‌တွေ အားလုံးက လူထုပဲ။ လူထုဆန္ဒသ‌ဘောအရ လာပြီးဆန္ဒထုတ်‌ဖော်တာဖြစ်တဲ့အတွက် သူတို့(တပ်မ‌တော်)က တာဝန်ဝတ္တရားအရ ‌စောင့်ကြည့်တဲ့အ‌နေအထားမှာပဲရှိတယ်‌ပေါ့‌နော်။ ကျ‌နော်တို့ကို ‌မေးမြန်းစစ်‌ဆေးတာမျိုး ‌တော့ ‌ထွေ‌ထွေထူးထူးမ‌တွေ့ရဘူး။ သူတို့ ‌စောင့်ကြည့်ထားတဲ့လမ်း‌ကြောင်း‌တွေမှာလည်း ကျ‌နော်တို့ ‌ကြေ‌ကြေ လည်လည်နဲ့ ‌ပြောလိုက်တဲ့အခါမှာ ‌ပြေ‌ပြေလည်လည်နဲ့ လမ်းဖွင့်‌ပေးလိုက်ပါတယ်။

‌မေး။ ။ အခုဆန္ဒထုတ်‌ဖော်ပွဲမှာ ဘယ်လို‌ကြွေး‌ကြော်ချက်၊ ‌တောင်းဆိုချက်‌တွေပါဝင်သလဲ။
‌ဖြေ။ ။ ကရင်တိုင်းရင်းသားတစ်‌ယောက်အ‌နေနဲ့ ဖက်ဒရယ် ဒီမိုက‌ရေစီ ပြည်‌ထောင်စုဖွဲ့စည်းပုံတစ်ရပ် ‌ပေါ် ‌ပေါက်ဖို့အတွက်ရယ်။ ကျ‌နော်တို့ရဲ့ ၁၉၄၉(ခုနှစ်) ‌ကြွေး‌ကြော်သံ ၄ ချက်ကို ရင်ထဲမှာ အဓိက ထားပြီး‌တော့ ဆန္ဒထုတ်‌ဖော်ရခြင်းဖြစ်တယ်။ ဖက်ဒရယ်ပြည်‌ထောင်စုကို ချီတက်တဲ့အချိန်မှာ ကျ‌နော်တို့ရဲ့ ‌ကြွေး‌ကြော်သံ ၄ ချက်ကိုလည်း ထည့်သွင်းစဉ်းစား‌ပေးဖို့ ကျ‌နော်တို့တိုင်းရင်းသား‌တွေ ‌မျှော်လင့်တယ်။ ‌နောက်တစ်ခုက ဖက်ဒ ရယ်ပြည်‌ထောင်စုကို တည်‌ဆောက်‌တော့မယ်ဆိုရင်လည်း ၂၀၀၈ အ‌ခြေခံဖွဲ့စည်းပုံဥပ‌ဒေလည်း မရှိသင့်‌တော့ ပါဘူး။

‌မေး။ ။ ‌စောစိုးကမိုဒို့အ‌နေနဲ့‌ရော ဖက်ဒရယ်ကို ဘယ်လို နားလည်ထားလဲ။ ဖက်ဒရယ်ရရင် ဘယ်လိုအကျိုး‌ကျေးဇူး‌တွေ ဖြစ်‌ပေါ်လာနိုင်မလဲ။
‌ဖြေ။ ။ ဒီဖက်ဒရယ် ပြည်‌ထောင်စုမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ ဆိုင်ရာဆိုင်ရာ ကိုယ့်ရဲ့ ‌ဒေသအလိုက်၊ ကိုယ့်ရဲ့ စီမံအုပ်ချုပ်မှု ယန္တရားအလိုက် စီမံအုပ်ချုပ်တဲ့စနစ်လို့မြင်တယ်။ ဒီလိုစနစ်သာ ရှိခဲ့မယ်ဆိုရင် ကျ‌နော် တို့ရဲ့ ကိုယ်ပိုင်ယဉ်‌ကျေးမှု၊ ရိုးရာ ဓ‌လေ့ ထုံးတမ်း၊ သမိုင်း အစဉ်အလာ၊ ကျ‌နော်တို့ရဲ့ လိုလားချက်၊ ကျ‌နော် တို့ရဲ့ လိုအပ်ချက်၊ အခက်အခဲ‌တွေကို ကျ‌နော်တို့နည်း ကျ‌နော်တို့ဟန်နဲ့ တင်ပြ‌ဆွေး‌နွေးနိုင်မယ်။ ‌ဖြေရှင်း‌ဆောင်ရွက်နိုင်မယ်‌ပေါ့။

‌မေး။ ။ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ကရင်လူထု‌တွေကြားမှာလည်း အမြင်‌တွေ၊ အယူဝါဒ‌တွေ အမျိုးမျိုးကွဲတာကို ‌တွေ့ရတဲ့အ‌ပေါ်မှာ‌ရော ဘယ်လိုမြင်လဲ။
‌ဖြေ။ ။ ကရင်တိုင်းရင်းသားတစ်‌ယောက်အ‌နေနဲ့ဆိုရင် ကျ‌နော်တို့ရဲ့ မိခင်အဖွဲ့အစည်း KNU(ကရင်အမျိုးသားအ စည်းအရုံး)ရဲ့ ညွှန်ကြားချက်ကို နား‌ထောင်သင့်ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်ကိုလည်း လိုက်နာသင့်တယ် ‌ပေါ့‌နော်။

‌မေး။ ။ ဘာ‌တွေဖြည့်စွက်‌ပြောချင်‌သေးလဲ။
‌ဖြေ။ ။ နိုင်ငံရဲ့ အ‌ပြောင်းအလဲ ဖြစ်‌ပေါ်လာဖို့ရယ်။ အာဏာရှင်စနစ်ချုပ်ငြိမ်း‌ရေးအတွက် အ‌နေအထားတစ်ခု အထိ တွန်းပို့နိုင်လိမ့်မယ်လို့ ‌မျှော်လင့်ထားပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ‌တွေမထားဘဲနဲ့ ပြည်‌ထောင်စု အမိနိုင်ငံ‌တော်အတွက် ပြည်‌ထောင်စုမှာ မှီတင်း‌နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးမှာ တာဝန်ရှိတဲ့‌ကြောင်း ဖြည့်စွက်‌ပြောချင်ပါတယ်။