Home တွေ့ဆုံမေးမြန်းခန်း ဆက်သွယ်မြေးမြန်းခြင်း

ဆက်သွယ်မြေးမြန်းခြင်း

308

ဆက်သွယ်မြေးမြန်းခြင်း

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများက ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ဆိုးလ်မြို့ နေရာငါးနေရာ၌ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြသည့်အပေါ် ပါဝင်ခဲ့သူ ကိုရီးယား-ကေဝိုင်အို ဥက္ကဌ စောလှိုင်မျိုးသိန်းအား ကေအိုင်စီက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ တောင်ကိုရီးယားရောက် မြန်မာတွေရဲ့ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှု အခြေအနေလေး သိပါရစေ။
ကျနော်တို့က အာဏာသိမ်းမှု ဖြစ်တဲ့ နေ့ကတည်းကစပြီး ဆန္ဒပြကြပါတယ်။ ဒါပေမဲ့ ဒီမှာက အခက်အခဲ ဖြစ်စေ တာက တောင်ကိုရီးယား အစိုးရကနေပြီးတော့ Covid-19ကြောင့် သူတို့ ထုတ်ပြန်ထားတဲ့ဥပဒေကြောင့် ဆန္ဒပြဖို့ အဆင်မပြေပါဘူး။ မပြေတဲ့အတွက်ကြောင့် လူတွေက ကိုယ်ထူကိုယ်ထနဲ့ ကိုယ်နေတဲ့ နေရာတွေကနေ ဆန္ဒပြပွဲ လုပ်ကြတယ်။ ဒီနေ့ကတော့ ပိုလုပ်ဖြစ်ကြတယ်။ လုပ်တဲ့နေရာမှာ သူတို့ ဥပဒေနဲ့အညီ ၉ယောက်တစ်စု ၉ယောက်တစ်စုနဲ့ လုပ်ကြရတယ်။ ၉ယောက်ကလည်း နေရာ ခြားပေးရတယ်။ ကိုရီးယားက သူတို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းကို တင်းတင်းကြပ်ကြပ် ကိုင်တယ်။ ဒီက ညီအစ်ကိုတွေက သူတို့ရင်ထဲက စိတ် ဆန္ဒတွေကို တအားဖော်ထုတ်ချင်ကြတယ်။ ဒီဘက်မှာ လူပြည့်သွားလို့ လာပူးပေါင်းခွင့် မရဘဲ ဝမ်းနည်းကြရတဲ့သူ တွေလည်း အများကြီးပဲ။

အဲ့လို မပူးပေါင်းနိုင်တဲ့သူတွေက သူတို့ သက်ဆိုင်ရာ စက်ရုံတွေမှာ သူတို့ပါသူတို့ လုပ်ကြပါသေးတယ်။ လူတွေ အများစု လုပ်နိုင်ဖို့ စီစဉ်တဲ့ နေရာမှာတော့ ဒီက အဖွဲ့အစည်းအသီးသီး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ပ စည်းရုံးရေးကော်မတီ၊ ကျနော်တို့ ကရင်လူငယ်အစည်းအရုံး၊ တခြား တက်ကြွတဲ့ ဗမာ့အရေး လှုပ်ရှားတဲ့ သူတွေ ပုဂ္ဂလိက တက်ကြွပါဝင်လှုပ်ရှားတဲ့သူတွေ အားလုံး အတတ်နိုင်ဆုံး လုံခြုံစိတ်ချရအောင် ကျနော်တို့ လုပ်ခဲ့ ကြပါတယ်။

အဓိက (၅)နေရာကို ပြုလုပ်ခဲ့ကြတယ်။ ကိုရီးယားဆိုင်ရာ မြန်မာသံရုံး၊ မြန်မာစစ်ကောင်စစ်ဝန်ရုံး၊ အမေရိကန် သံရုံးရှေ့ရယ်၊ ကိုရီးယားလွှတ်တော်ရှေ့ပေါ့။ တချိန်ထဲ မနက် ၈နာရီကနေ ညနေ ၅နာရီအထိလုပ်ပါတယ်။ ကျနော်တို့ (၉)ယောက်တစ်တွဲစီ ရဲတွေရဲ့ ခွင့်ပြုချက်ပေးတဲ့ နေရာမှာ လုပ်တယ်။ ခွင့်ပြုချက်မရတဲ့ နေရာမှာကျ တော့ တစ်ဦးချင်းစီ လုပ်တာပေါ့။ ခွင့်ပြုချက် မယူဘူးဆိုရင် ပုဂ္ဂလိက တစ်ဦးထဲ လုပ်ခွင့်ရှိတာကို။ အဲ့မှာ မနက် ၈နာရီကနေ ၃နာရီအထိ လုပ်တဲ့အစုလည်းရှိတယ်။ တချို့ကျတော့ ရဲခွင့်ပြုချက်ယူထားတဲ့သူတွေက အချိန်ပေးတဲ့ အထိ လုပ်တဲ့သူလည်း ရှိတယ်။

မေး။ ။ စစ်အာဏာသိမ်းတာ တစ်ပတ်ပြည့်သွားပြီးဖြစ်တယ်။ ကိုရီးယားမှာက ဒီနေ့မှ ပထမဦးဆုံးအကြိမ် လုပ်ဖြစ်တာလား။
၁ရက်နေ့ကတည်းက စုနိုင်တဲ့သူတွေက စုပြီးတော့ စက်ရုံတွေမှာလည်း လုပ်ကြတယ်။ သံရုံးရှေ့တွေမှာလည်း လုပ်ကြတယ်။ လုပ်တဲ့နေရာမှာ တချို့ဆိုရင် ကိုရီးယားတွေလည်းပါတယ်။ စစ်သံရုံးရှေ့မှာကျတော့ စနေနေ့က စတာပေါ့။ ကျန်တဲ့ နေရာကတော့ သူတို့ အသီးသီး လုပ်နေကြတာတော့ ကြာပြီး။ အဲ့ဒါတော့ လူတွေ မများဘူး ပေါ့။ လုပ်တာတော့ စစ အာဏာသိမ်းကတည်းပဲ။ ဒါပေမဲ့ လူဦးရေ ပမာဏအများစုနဲ့ စည်းကမ်း စနစ်တကျ လုပ်တာတော့ စနေနေ့က စလုပ်ပါတယ်။ ဆိုလ်မြို့ထဲ မကဘဲနဲ့ တခြားမြို့တွေမှာလည်း စုပြီး လုပ်ကြတာ ရှိတယ်။

မေး။ ။ ဒီလို ဆန္ဒ ဖော်ထုတ်မှု အပေါ်မှာ ကိုရီးယား နိုင်ငံသားတွေရဲ့ ထင်မြင် တုံ့ပြန်ချက်တွေ ဘယ်လိုရရှိကြ သလဲ။
ကိုရီးယားသားတွေကတော့ သူတို့ အားပေးထောက်ခံပါတယ်။ သတင်းဌာနတွေကလည်း အရင်တုန်းက သူတို့ မြန်မာနိုင်ငံအကြောင်းတွေ စိတ်မဝင်စားပေမဲ့ အခုက အကုန်လုံး စိတ်ဝင်စားပြီးတော့ အကုန်အမှန်ကို သိမြင် အောင် သတင်းတွေ မှာပေါ်လာတယ်။ တချို့ ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသားတွေက အဲ့ဒီ သတင်း ဌာနတွေကို ဘာသာပြန်ပေးရတာရှိသလို သူတို့ကိုယ်တိုင် စိတ်ဝင်စားလို့ မေးမြန်းတဲ့ သူတွေလည်း ရှိတယ်။ ဒီနေ့ ဆိုရင် ကျနော်တို့ ဆန္ဒပြတာကိုလာပြီး အင်တာဗျူးတဲ့ ကိုရီးယားသတင်းဌာနတွေရှိသလို တချို့ သီးသန့် ဖုန်းနဲ့ ဆက်ပြီး မေးမြန်းအင်တာဗျူးတာလည်းရှိတယ်။ ကူညီတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီနေ့ လုပ်တဲ့ ပွဲတွေမှာ ကူညီပေးတဲ့ ကိုရီးယားသားတွေ အများကြီးပဲ။

မေး။ ။ ဆန္ဒပြမှုမှာ ပါဝင်ဦးဆောင်ရတဲ့ မျှော်လင့်ချက်က ဘာဖြစ်မလဲ။
ကျနော်တို့ ဒီမှာရှိတဲ့သူတွေအားလုံး ဆန္ဒပြတဲ့သူတွေအားလုံးက တစ်သွေးတစ်သားတည်းပါ။ အားလုံးတူညီနေ တယ်။ စစ်အစိုးရရဲ့ ခါးသီးတဲ့ဒဏ်ကို မလိုချင်ကြသလို လူတိုင်း ဆန္ဒပြသူတိုင်းနီးပါးက အဲ့ဒီ စစ်အုပ်ချုပ်တဲ့ခေတ် ကို ပြန်မလိုချင်ကြတော့ဘူး။ စစ်အုပ်ချုပ်ရေးကြောင့် ခံစားရတဲ့ဟာတွေကို မလိုချင်ကြတော့လို့ ဆန္ဒပြကြခြင်း ဖြစ်တယ်။ ကျနော်တို့ကျတော့ အရင်ကတည်းက ခံစားခဲ့ရဖူးတော့ ကရင်လူငယ်အစည်းအရုံးအနေနဲ့ လုပ်နေကြ တာ ကြာပြီး။ အခုခေတ်လူငယ်တွေကျတော့ မျက်စိပွင့် နားပွင့်တွေဖြစ်လာပြီး စစ်အစိုးရကို မလိုချင်ကြတဲ့အ တွက် ဆန္ဒပြကြတဲ့သူတွေများတယ်။

အဓိကအားဖြင့် ကျနော်တို့က စစ်အုပ်ချုပ်ရေးကို မလိုလားတာကို အဓိက တောင်းဆိုကြပြီး ဒီမိုကရေစီ ပြန် အသက်ဝင်ဖို့နဲ့ အရပ်သားအစိုးရ ပြန်ဖြစ်ဖို့အတွက်သူတို့လိုလားတယ်။ ကိုယ့်နိုင်ငံ ပြန်လည် ရှင်သန်နိုင်ဖို့အတွက် ပဲ ဆန္ဒပြကြခြင်းဖြစ်ပါတယ်။

မေး။ ။ နိုင်ငံတကာကိုကော ဘယ်လို သတင်းစကားပေးချင်လဲ။
ကျနော်တို့ လက်ရှိ စစ်အာဏာရှင်ကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး အရပ်သားအစိုးရကို အာဏာ ပြန်လွဲပြောင်းပေး ဖို့အတွက် ဖိအားတွေပေးပြီးတော့ ပြောင်းလဲမှုတွေ အမြန်ဆုံးပေါ်ထွန်းလာအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်း ချင်တယ်။

ပြောချင်တာတော့ ဒီအချုပ်အခြာအာဏာကို လွဲပြောင်းရယူတာကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာတာ အကောင်း ဆုံးနည်းလမ်းပါ။ ကျနော်တို့ မိခင် ကေအဲန်ယူ အစည်းအရုံးကလည်း ဒါကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ပြော တာက အလကား မဟုတ်ပါဘူး။ စစ်အုပ်စုကိုလည်း ပြောချင်တာက နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ပြောချင်ပါ တယ်။ ကျနော်တို့က ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကို ပြန်လည် ဝင်ရောက်နိုင်ဖို့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာခြင်းကို လုပ်ကိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။