Home သတင်း BGF တပ်ဖွဲ့ နုတ်ထွက်စာတင်ခြင်းကိစ္စ ‌ပြေလည်မှုရရှိ

BGF တပ်ဖွဲ့ နုတ်ထွက်စာတင်ခြင်းကိစ္စ ‌ပြေလည်မှုရရှိ

9192

ဇန်နဝါရီ ၁၅ရက်၊ ၂၀၂၁ ခုနှစ် ။ ‌နေ‌နော်

ယမန်‌နေ့ ဇန်နဝါရီလ ၁၄ ရက်‌နေ့ ရတခရုံးတွင် BGF တပ်ဖွဲ့တစ်ခုလုံး နုတ်ထွက်စာတင်သည့် ကိစ္စနှင့်ပတ်သက်၍ တပ်မ‌တော် မှ ဗိုလ်ချုပ်အဆင့် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ နှင့် ကရင်နယ် ခြား‌စောင့်တပ်တို့မှ ယ‌နေ့ (ဇန်နဝါရီလ ၁၅ ရက်) ‌နေ့လည်ပိုင်းက မြိုင်ကြီးငူအထူး‌ဒေသ၌ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာ ‌ပြေလည်မှုတစ်ချို့ရရှိခဲ့သည်ဟု နယ်ခြား‌စောင့်တပ် ဗဟိုလုံခြုံ‌ရေးနှင့် ကွပ်ကဲ‌ရေးတပ်ဖွဲ့က ဗိုလ်မှူးတစ်ဦးက ‌ပြောသည်။

အဆိုပါ သ‌ဘောတူညီချက်ထဲတွင် BGF တပ်ဖွဲ့မှ နုတ်ထွက်စာတင်ခြင်းအား ‌ခေတ္တဆိုင်းငံ့ထားရန် သ‌ဘောတူညီမှု ရရှိခဲ့သည်ဟု ယင်းနယ်ခြား‌စောင့်တပ် ဗဟိုလုံခြုံ‌ရေးနှင့် ကွပ်ကဲ‌ရေးတပ်ဖွဲ့မှ ဗိုလ်မှူးက ‌ပြောသည်။