Home COVID-19 ဩစ‌တြေးလျ၏ ကိုဗစ်တုန့်ပြန်မှု လမ်း‌ကြောင်း

ဩစ‌တြေးလျ၏ ကိုဗစ်တုန့်ပြန်မှု လမ်း‌ကြောင်း

2466
Photo: Internet

ဩစ‌တြေးလျ၏ ကိုဗစ်တုန့်ပြန်မှု လမ်း‌ကြောင်း

မန်းကိုကို (၃၁.၁၂.၂၀၂၀)

ကိုဗစ်ကပ်‌ရောဂါ စတင်ချိန်မှ ယခုထိ ကမာ္ဘအနှံ့တွင် တုန့်ပြန်ပုံအမျိုးမျိုးရှိခဲ့ပြီး သက်‌ရောက်မှုနှင့် အကျိုးဆက်များ လည်း မတူကွဲပြားကြပါသည်။ မည်သို့ပင်ဆို‌စေ မတူညီ‌သော ဖြတ်သန်းပုံအချို့ကို သိရှိသခင်္န်းစာယူနိုင်ရန် ဩစ‌တြေး လျနိုင်ငံ၏ ‌အောင်မြင်မှု အတန်သင့်ရှိ‌သော ဖြတ်သန်းမှုအား အတိုချုပ် တင်ပြလိုပါသည်။

၂၅.၀၁.၂၀၂ဝ ‌နေ့တွင် ဩစ‌တြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်၌ တရုတ်နိုင်ငံ၊ ဝူဟန်‌ဒေသမှ ပြန်လာသူတစ်ဦးကို ကိုရိုနာ‌ရောဂါဖြစ်ပွား‌နေ‌ကြောင်း စတင်‌ဖေါ်ထုတ်သိရှိရခြင်းဖြင့် ကပ်‌ရောဂါနှင့် စတင်ထိ‌တွေ့ခဲ့‌လေသည်။ သို့ဖြင့် ‌ဖေ‌ဖေါ်ဝါရီလ ၅ရက်မှစ၍ တရုတ်နိုင်ငံမှ ဝင်‌ရောက်လာခြင်းများကို ယာယီ စတင်တားဆီးခဲ့ပြီး ထပ်ဆင့် သက်တမ်း တိုးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့‌နောက် ‌ဖေ‌ဖေါ်ဝါရီလ ၃ရက်‌နေ့တွင် ဝူဟန်‌ဒေသမှ ဩစ‌တြေးလျနိုင်ငံသားများကို ပြန်လည်‌ခေါ်‌ဆောင်လာပြီး ‌နေရပ်အသီးသီးသို့ ပြန်မလွှတ်မီ ကျွန်းတကျွန်း‌ပေါ်၌ ၁၄ရက်ကြာ ထားရှိ‌စောင့်ကြည့်ခဲ့‌လေသည်။ ထိုမှ မတ်လ ပထမ ပတ်တွင်မူ ပါ့သ်မြို့မှ အ‌ပျော်စီးသ‌ဘေင်္ာခရီးသည်တစ်ဦးသည် ကိုဗစ်‌ရောဂါ‌ကြောင့် ပထမဦးဆုံး ‌သေဆုံးသူအဖြစ် မှတ် တမ်းဝင်ခဲ့သည်။ ‌နောက်ပိုင်းရက်များတွင် လူထုအကြား စိုးရိမ်ပူပန်မှုများမြင့်တက်လာပြီး အ‌ခြေခံစားကုန်များကို ဝယ် ယူသို‌လှောင်မှုများ စတင်ဖြစ်ပွားလာခဲ့သည်။

ဤအ‌ခြေအ‌နေကို တုန့်ပြန်ကိုင်တွယ်ရန် ကြိုးပမ်းသည့်အ‌နေဖြင့် မတ်လအတွင်း ဗဟိုပြည်‌ထောင်စုအစိုးရမှ စီးပွား‌ရေး ဆိုင်ရာ အ‌ထောက်အကူပြု‌ရေး အစီအစဉ်များကို ၃ကြိမ်တိတိ ‌ကြေညာခဲ့ရာ စုစု‌ပေါင်း‌ဒေါ်လာ ၂၁၃,၀၀ဝသန်းမျှ ရှိခဲ့ ‌ပေသည်။

ယင်းအ‌ထောက်အကူ အစီအစဉ်များထဲတွင် အခွန်‌ဖြေ‌လျှော့‌ပေးခြင်း၊ အလုပ်သင်လုပ်သားဆိုင်ရာ ‌ငွေ‌ကြေး‌ထောက်ကူ ခြင်း၊ လူမှုဖူလှုံ‌ရေးဌာန ‌ထောက်ပံ့‌ကြေးများ တိုးမြှင့်‌ပေးခြင်း၊ အလုပ်အကိုင် ဆုံးရှူံးမှု နည်းပါး‌စေ‌ရေးအတွက် လုပ်ငန်း များကို အ‌ခြေခံလစာနှုန်းများဖြင့် ‌ထောက်ပံ့‌ပေးခြင်း၊ ‌ရောဂါဖြစ်ချိန်နှင့် ‌ဆေးစစ်ပြီး ‌စောင့်ဆိုင်း‌နေချိန်ကာလအတွင်း အလုပ်ပျက်မှုများအတွက် ‌ထောက်ပံ့‌ကြေးများသတ်မှတ်‌ပေးခြင်း၊ မရှိမဖြစ် အ‌ခြေခံဝန်‌ဆောင်လုပ်သားများအတွက် အခမဲ့‌နေ့က‌လေးထိန်းအစီအစဉ် ဖန်တီး‌ပေးခြင်း၊ ဝင်‌ငွေနည်းပါးသူများကို အခါအား‌လျော်စွာ အပို‌ထောက်ပံ့‌ကြေး တိုက်ရိုက်‌ပေးအပ်ခြင်းများ ပါဝင်‌ပေသည်။

မတ်လ ၁၃တွင်မူ ကိုဗစ်အကြပ်အတည်းကို တ‌ပေါင်းတစည်းတည်း ရင်ဆိုင်နိုင်‌ရေးအတွက် ဖက်ဒရယ်-ပြည်နယ်-တိုင်း‌ဒေသငယ်‌ခေါင်း‌ဆောင်များဖြင့် အမျိုးသားဝန်ကြီးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ‌နောက်နှစ်ရက်အကြာတွင် လူ ၅၀ဝထက်ပို‌သော လူစုလူ‌ဝေးလုပ်ခြင်းများကို စတင်စည်းကြပ်ခဲ့ပြီး ထိုအချိန်အထိ ‌ရောဂါဖြစ်ပွားသူ‌ပေါင်း၂၉၈ဦးနှင့် ‌သေဆုံးသူ‌ပေါင်း ၅ဦး ရှိသွားခဲ့ပြီဖြစ်သည်။

ဆက်လက်၍ ပြည်ပမှပြန်လာသူတိုင်း ၁၄ရက်ကြာ သီးခြား‌နေထိုင်(quarantine)ရန်နှင့် လူချင်းခွာ‌နေကြရန် ‌ကြေညာ ခဲ့သည်။ ထိုအ‌တောတွင်းတွင်ပင် စ‌တော့‌ဈေးကွက်များ ၁၀% နီးပါးမျှ ‌ဈေးကျဆင်းခဲ့ရာ ၁၉၈၇ခုနှစ် ‌ဈေးကွက်ပျက်မှု ‌နောက်ပိုင်း အနိမ့်ဆုံး‌သောအ‌နေထားသို့ ‌ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ကုန်စုံဆိုင်ကြီးများတွင် အ‌ခြေခံ စားကုန်အချို့ကို စတင် ကန့်သတ်‌ရောင်းချလာကြသည်။

၁၈.၀၃.၂၀၂ဝ မှစ၍ နိုင်ငံတကာ‌လေ‌ကြောင်း‌ပြေးဆွဲမှုများ စတင်ရပ်နားပြီး ပြည်တွင်းခရီးစဉ် ‌ပြေးဆွဲမှုများလည်း ထိုးကျသွားခဲ့သည်။ ‌နောက်တ‌နေ့တွင် ‌လေ‌ကြောင်းလိုင်းများမှ အလုပ်သမား ၂၀,၀၀ဝ ဝန်းကျင်ကို စတင် ‌လျှော့ချခဲ့ ‌လေသည်။ တဆက်တည်းမှာပင် လူစုလူ‌ဝေးဖြစ်တတ်‌သော ဘား/ကလပ်၊ စား‌သောက်ဆိုင်၊ ဝတ်ပြုကိုးကွယ်ရာ‌နေရာ များ၊ ကာစီနို၊ အားကစားရုံနှင့် ‌ကျောင်းပိတ်ခြင်းများကို စတင်ပြုလုပ်ခဲ့သည်။ များမကြာမီ၌ မဂင်္လာ‌ဆောင်အတွက် ၅ဦးနှင့် အသုဘအတွက် လူ ၁ဝဦးသာ ခွင့်ပြု‌သော သတ်မှတ်ချက်ကိုပါ ထုတ်ပြန်ခဲ့သည်။

မတ်လအကုန်ပိုင်းတွင်မူ အိမ်ဌား-ဆိုင်ဌားများကိုနှင်ချခြင်းမှ ၆လတာ ဆိုင်းငံ့ထားရန် အစိုးရမှ‌ကြေငြာခဲ့သည်။ ဧပြီလ ‌နှောင်းပိုင်း‌ရောက်‌သောအခါ လူအများ၏သွားလာမှုနှင့် ‌ရောဂါထိ‌တွေ့မှုများကို ‌ခြေရာခံနိုင်ဖို့ရန် CovidSafe App အမည်ရသည့် ဖုန်း app တစ်ခုကို အစိုးရက စတင်ဖြန့်‌ဝေခဲ့‌လေသည်။

‌ရောဂါဖြစ်ပွားမှုနှုန်း တဖြည်းဖြည်းကျဆင်းလာပြီး ထိန်းချုပ်နိုင်သည့်အ‌ရေအတွက်‌လောက်သာ ပုံမှန်ရှိ‌နေ‌သော‌ကြောင့် ‌မေလ ၈ရက်‌နေ့မှစ၍ အဆင့် ၃ဆင့်ပါ‌သော ထိန်းချုပ်မှုများကို ‌ဖြေ‌လျှော့‌ပေးမည့်အစီအစဉ်အား အစိုးရက ‌ကြေညာခဲ့ သည်။

သို့ရာတွင် ‌ရောဂါကူးစက်မှုဒုတိယလှိုင်း စတင်ရိုက်ခတ်၍ လူနာများလာ‌သော ဗစ်တိုးရီးယားပြည်နယ်တွင် ဇွန်လ ၂၁ ရက်‌နေ့မှစ၍ တားဆီးကန့်သတ်မှုများကို ပြန်လည်စတင်ခဲ့‌လေသည်။ ဩဂုတ်လ ၂ရက်‌နေ့မှစတင်၍ ဗစ်တိုးရီးယား ပြည်နယ်လုံးဆိုင်ရာ သဘာဝကပ်‌ဘေးကာလအဖြစ် ‌ကြေညာခဲ့ပြီး အခြားပြည်နယ်များမှလည်း တားဆီးကန့်သတ်မှု များနှင့် နယ်ခြားဖြတ်‌ကျော်မှုကို ကန့်သတ်ပိတ်ပင်မှုများလုပ်လာခဲ့ကြသည်။ ဤဖြစ်ရပ်များ‌ကြောင့် ဗစ်တိုးရီးယား ပြည်နယ်တွင် နှစ်စဉ်စည်ကားစွာကျင်းပ‌သော လက်ထိ‌ဘောလုံးပွဲ အပါအဝင် အခြားပွဲ‌တော်များကို ‌ရွှေ့ဆိုင်း (သို့မ ဟုတ်) ကွင်းစ်လန်းကဲ့သို့‌သော ပြည်နယ်သို့ ‌ရွှေ့‌ပြောင်းကျင်းပခဲ့ကြသည်။

အဖက်ဖက်မှ အဆင်မ‌ပြေမှုများနှင့် လူအများအ‌ပေါ် စိတ်ပိုင်းဆိုင်ရာဖိအားများ များပြားလာသည်မှန်‌သော်လည်း ‌နောက်ထပ် လပိုင်းအချိန်များတွင် အသစ်‌သောပုံမှန်အ‌နေထားတခုအဖြစ် ကပ်‌ရောဂါကို တည်ငြိမ်စွာ ဆက်လက်ဖြတ် ‌ကျော်သွားနိုင်ခဲ့ကြ‌လေသည်။ တားဆီးပိတ်ပင်မှုများအတွက် ဆန္ဒပြမှုများရှိခဲ့‌သော်လည်း မကြီးမားလှဘဲ ပြည်နယ်အ စိုးရ အ‌တော်များများအ‌ပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုပင် တိုးတက်လာသည်ကို ‌တွေ့ရ‌ပေသည်။

သို့ဖြင့် နိုဝဘင်္ာ ၁ရက်‌နေ့တွင်မူ ဩစ‌တြေးလျတစ်နိုင်ငံလုံး ပြည်တွင်းကူးစက်မှု လုံးဝမရှိ‌တော့သည်အထိ ‌အောင်မြင်မှု ရလာခဲ့ပြီး ထိန်းချုပ်ကန့်သတ်မှုများနှင့် ပြည်နယ်များအကြား အတားအဆီးများကို တဆင့်ချင်း ‌လျှော့ချလာကြ‌လေ သည်။

ဖက်ဒရယ် (ဗဟို) အစိုးရ
အမြင့်ဆုံးအာဏာပိုင်ဖြစ်‌သော ဖက်ဒရယ်ပြည်‌ထောင်စုအစိုးရသည် ကပ်ကာလတစ်‌လျောက် –
– အခြားနိုင်ငံများမှ ဝင်‌ရောက်လာမှုများကို တားဆီးသည့် နိုင်ငံတကာဆက်ဆံ‌ရေး ဆုံးဖြတ်ချက်များ၊
– ကပ်‌ရောဂါတိုက်ဖျက်‌ရေးဝန်ကြီးအဖွဲ့ ဖွဲ့စည်းခြင်းကဲ့သို့‌သော ဦး‌ဆောင်မူဝါဒဆိုင်ရာ အားထုတ်မှုများ၊
– အလုပ်အကိုင်နှင့် စီးပွား‌ရေးအ‌ထောက်ကူများကို ပြင်ဆင်စီမံခြင်း စသည့် ဘဏ္ဍာ‌ရေးကိုင်တွယ်မှုများ၊
– စစ်တပ်နှင့် အခြားဝန်ကြီးဌာနများကို ပူး‌ပေါင်းလုပ်ကိုင်‌စေသည့် စီမံမှုလုပ်ရပ်များ၊
– အစိုးရနှင့် ပုဂ္ဂလိက‌ဆေးရုံများအကြား အ‌ရေး‌ပေါ်ကာလအတွင်း ခွဲခြားမှုမရှိဘဲ ဝန်‌ဆောင်မှု‌ပေးနိုင်ရန် ညှိနှိုင်း ခြင်းများတို့ကို မြင်သာထင်ရှားစွာ လုပ်ကိုင်ခဲ့သည်ကို ‌တွေ့ရ‌ပေသည်။

ထို့ပြင် ကပ်‌ရောဂါကို ထိထိ‌ရောက်‌ရောက် ရင်ဆိုင်နိုင်ရန် အ‌ရေး‌ပေါ်လူနာကုသ‌ရေးနှင့် လုံ‌လောက်‌သော ‌ဆေးဝါး-စက် ကိရိယာများ အသင့်ဖြစ်‌ရေးတို့ကို ဓနသဟာယအရင်းအမြစ်များမှ စီမံ ထုတ်နှုတ် မှာယူဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့ သည့်အပြင် စိတ်ကျန်းမာ‌ရေးနှင့် အခြားအ‌ထောက်အကူပြုမှုများကိုလည်း ကရုတစိုက်ဖြည့်ဆည်းခြင်းများ လုပ်ခဲ့‌လေ သည်။

ပြည်နယ်အစိုးရ
၁၉.၀၃.၂၀၂ဝ မှအစပြု၍ တက်စ်‌မေးနီးယားပြည်နယ်သို့ အခြားပြည်နယ်များမှ နယ်စပ်ဖြတ်‌ကျော်ဝင်‌ရောက်မှုများကို စတင်ထိန်းချုပ်မည်ဖြစ်‌ကြောင်း ဦးဆုံး‌ကြေညာခဲ့ပြီး အခြားပြည်နယ်များကလည်း သင့်‌တော်သလို ဆုံးဖြတ်ကန့်သတ် လာကြသည်။ ဤကိစ္စရပ်ကို ဗဟိုအစိုးရက တိုက်ရိုက်ကိုင်တွယ်ခွင့်မရှိဘဲ ညှိနှိုင်းခြင်းနှင့် ‌မေတ္တာရပ်ခံခြင်းများသာ ပြု လုပ်နိုင်‌လေသည်။

မတ်လ ၂၁ရက်‌နေ့တွင်မူ ဗစ်တိုးရီးယားပြည်နယ်အစိုးရမှ ပြည်နယ်ဘဏ္ဍာဖြင့် ‌ဒေါ်လာ ၁၆၀ဝသန်းတန် အလုပ်အကိုင် နှင့် လုပ်ငန်းရှင်သန်ရပ်တည်‌ရေး အ‌ထောက်ကူပြုအစီစဉ်ကို ‌ကြေညာခဲ့ပြီး အခြားပြည်နယ်များမှလည်း အသီးသီး ဆက်တိုက် ထုတ်ပြန်ခဲ့ကြသည်။

ပြည်နယ်တွင်း အများပြည်သူများ သွားလာလှုပ်ရှားမှုနှင့် လုပ်ငန်းများလည်ပတ်ခြင်းအ‌ပေါ် အဆင့်အမျိုးမျိုးဖြင့် သတ် မှတ်ပြီး သိပ္ပံနည်းကျ တွက်ချက်ထား‌သော ပြည်နယ်ကျန်းမာ‌ရေးအရာရှိချုပ်၏ အကြံဉာဏ်များအ‌ပေါ် မူတည်၍ ကန့် သတ်ထိန်းချုပ်မှုများကို ပွင့်လင်းစွာ ‌ကြေညာလုပ်‌ဆောင်ခဲ့ကြ‌လေသည်။ ထိုအမိန့်များထဲတွင် ‌နေ့စဉ် မိသားစုဝင်တစ် ‌ယောက်သာ ‌ဈေးထွက်ဝယ်ခွင့်ပြုခြင်း၊ မိမိအိမ်မှ ၅ကီလိုမီတာမျှသာ ခရီးသွားခွင့်ရှိခြင်း၊ ကျန်းမာ‌ရေးအတွက် တစ်ရက် လျှင် ၂နာရီသာ အပြင်ထွက်‌လေ့ကျင့်ခန်းလုပ်ခွင့်ပြုခြင်း၊ အိမ်နီးနားချင်း ၂ဦးထက်ပို၍ စုရုံးခွင့်မရှိခြင်း၊ ညမထွက်ရန် ကန့်သတ်ခြင်း၊ အလုပ်သို့ ၅ကီလိုထက်‌ဝေး‌သော ခရီးကိုသွားရလျှင် ကုမ္ပဏီမှတဆင့် ခွင့်ပြုလက်မှတ်လိုအပ်ခြင်းများ အစရှိသည်ဖြင့် ပါဝင်ကြသည်။

ဒုတိယလှိုင်းအဆိုးဆုံးကျ‌ရောက်ခဲ့‌သော ဗစ်တိုးရီးယားပြည်နယ်တွင် အ‌ရေး‌ပေါ်ကာလ ၆လ‌ကျော် ကြာမြင့်ခဲ့ပြီး ကန့် သတ်ပိတ်ဆို့မှုကာလ ၄လဝန်းကျင်မျှပင် ရှိခဲ့သည်။ ‌ရောဂါကူးစက်မှုရှိ‌သော ပြည်နယ်တိုင်းလိုလို ပြည်နယ်ဝန်ကြီးချုပ် နှင့် ကျန်းမာ‌ရေးအရာရှိချုပ်တို့က ‌နေ့စဉ် သတင်းစာရှင်းလင်းပွဲများ ဦး‌ဆောင်ပြုလုပ်ကာ အများပြည်သူနှင့် စဉ်ဆက်မ ပြတ် ထိ‌တွေ့ဆက်ဆံမှုများကို ပြုလုပ်ကြသည်။

၎င်းပြင် ပြည်ပမှ ‌လေ‌ကြောင်းဖြင့် ပြန်လည်‌ရောက်ရှိလာ‌သော နိုင်ငံသားအ‌ရေအတွက်ကို တစ်လလျှင် ၄၀၀ဝမျှ သတ် မှတ်ပြီး ပြည်နယ်များအကြား ခွဲတမ်းချကိုင်တွယ်ကြသည်။ ယခု‌နောက်ဆုံး အစီအမံအ‌နေဖြင့် ကပ်‌ရောဂါကို ‌ခြေရာ ‌ကောက်နိုင်ဖို့ရန် အာရုံခံမှတ်တမ်းတင်သည့် ဘားကုတ်(barcode)များကို စတင်ဖန်တီး အသုံးပြု‌နေကြပြီဖြစ်သည်။

မြို့နယ်အစိုးရ (မြို့နယ်‌ကောင်စီ)
‌ဒေသန္တရအစိုးရများဖြစ်‌သော မြို့နယ်‌ကောင်စီများမှ အများပြည်သူသက်သာ‌ချောင်ချိ‌ရေးအတွက် ‌မြေခွန်ကဲ့သို့‌သော ဝန်ထုပ်ဝန်ပိုးများကို ‌ရွှေ့ဆိုင်း သို့မဟုတ် ‌လျှော့‌ပေါ့‌ပေးခြင်း၊ ဖုန်းဝန်‌ဆောင်မှုများ စဉ်ဆက်မပြတ်‌ပေးခြင်း၊ အစိုးရ မဟုတ်‌သော အဖွဲ့စည်းများနှင့်လက်တွဲ၍ ‌ရောဂါဖြစ်ပွားသူများကို လက်လှမ်းမီသမျှ အစာ‌ရေစာနှင့် အ‌ခြေခံလူသုံးကုန် များကို တစ်ပတ်တစ်ကြိမ် ‌ထောက်ပံ့‌ပေးခြင်းများ ပြုလုပ်ကြ‌လေသည်။

ကျန်းမာ‌ရေးနှင့် လူမှုဝန်‌ဆောင်ဌာန
ကျန်းမာ‌ရေးနှင့် လူမှုဝန်‌ဆောင်ဌာနသည် ‌ရောဂါဖြစ်ပွားသူများကို စုံစမ်းမှတ်တမ်းတင်ခြင်းနှင့် သီးခြားထားရှိရန် ကူညီ စီစဉ်ခြင်း၊ ထိ‌တွေ့မှု ရှိသူများကို ‌ခြေရာ‌ကောက်ခြင်း၊ မိမိအိမ်တွင် အပြင်မထွက်ဘဲ သီးခြား‌နေထိုင်ရန် လိုအပ်သူများကို စစ်‌ဆေးခြင်း၊ အစိုးရဌာနများနှင့် ပူး‌ပေါင်းလုပ်ကိုင်ခြင်း၊ အစိုးရအဖွဲ့ကို အစီရင်ခံခြင်းနှင့် အကြံ‌ပေးခြင်း၊ ‌ရောဂါ‌ပျောက် ကင်းသူများကို ‌ထောက်ခံချက်ထုတ်‌ပေးခြင်း စ‌သောလုပ်ငန်းများကို လုပ်သားအင်အားဖြည့်တင်းပြီး လုပ်ကိုင်‌နေခဲ့ကြ ‌ပေသည်။

ကပ်‌ရောဂါအတွက် ပြင်ဆင်သည့်အ‌နေဖြင့် ကျန်းမာ‌ရေးဌာန၊ အစိုးရ‌ဆေးရုံနှင့် ပုဂ္ဂလိကကျန်းမာ‌ရေးဝန်‌ဆောင်မှုလုပ် ငန်းများမှ အ‌ရေး‌ပေါ်မဟုတ်သည့် ခွဲစိတ်ကုသမှုများကို ယာယီ‌ရွှေ့ဆိုင်းခြင်း၊ ရက်ချိန်းများကို ဆက်သွယ်‌ရေးနည်း ပညာများဖြင့် အစားထိုးကာ အ‌ရေး‌ပေါ်ကုသ‌ရေးများအတွက် အဆင်သင့်ဖြစ်‌အောင် စီမံထားကြသည်။ ထိုမျှမက အခြားလုပ်ရိုးလုပ်စဉ် ဝန်‌ဆောင်မှုများကိုလည်း ဆက်လက် လုပ်‌ဆောင်ကြရသည်။

ကိုဗစ်‌ရောဂါစစ်‌ဆေးခြင်းကို အစိုးရ၊ ပုဂ္ဂလိကနှင့် ယာယီ‌ရွှေ့လျားစခန်းများတွင် တ‌နေကုန် အခမဲ့ စစ်‌ဆေး‌ပေးကြ သည်။ စစ်‌ဆေး‌ရေးစခန်းများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထားပြီး အချို့စခန်းများသည် ခရစ်စမတ်‌နေ့ကဲ့သို့‌သော အခါကြီး‌နေ့ရက်များတွင်ပင် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြ‌ပေသည်။

ရဲတပ်ဖွဲ့
ဩစ‌တြေးလျရဲများသည် ပြည်နယ်အလိုက် လိုအပ်ချက်ဦး‌ရေအရ ခန့်ထားခြင်ဖြစ်ပြီး နည်းနည်းနှင့် ကျဲကျဲဝိုင်းသည့် လုပ်နည်းလုပ်ဟန်မျိုးဖြင့် စီမံခန့်ခွဲ‌လေသည်။ ယာဉ်ထိန်းရဲဟူ၍ သီးခြားမရှိဘဲ စက်ယန္တရားအကူအညီဖြင့် ဆက်စပ် ကိုင်တွယ်ကြသည်။ ကိုဗစ်ကပ်ကာလတွင် ပြည်နယ်နယ်စပ်များတွင် လက်နက်မဲ့စစ်သည်များနှင့်အတူ စစ်‌ဆေး‌ရေး ဂိတ်များတွင် တာဝန်ယူခြင်း၊ မြို့တွင်းမြို့ပြင် အသွားလာကန့်သတ်ထားသည့်‌နေရာများတွင် စစ်‌ဆေး‌ရေးများ လုပ်ကိုင် ခြင်း၊ လူအများစု‌ဝေးရာ‌နေရာများတွင် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြ‌စေရန် ကင်းလှည့်ခြင်းများအပြင် သာမန် လုပ်ရိုးလုပ်စဉ်ဖြစ်‌သော ရဲကိစ္စအဝဝတို့ကို လုပ်ကိုင်ကြရ‌လေသည်။

ထိုမျှမက ကျန်းမာ‌ရေးအရာရှိချုပ်၏ ထုတ်ပြန်ထား‌သော လူစုလူ‌ဝေးဆိုင်ရာ အကန့်အသတ်နှင့် မျက်နှာစည်း တပ်ဆင် ခြင်းကဲ့သို့‌သော လိုက်နာရန် သတ်မှတ်ထားသည်များကို ‌ဖောက်ဖျက်ကျူးလွန်မှုများအ‌ပေါ် အ‌ရေးယူကာ ဒဏ်‌ကြေးချ မှတ်ခြင်းများကိုလည်း အ‌ကောင်ထည်‌ဖေါ်‌ပေးကြရသည်။ သို့ရာတွင် မျက်နှာစည်းကို လူတိုင်းတပ်ဆင်ရသည် မဟုတ် ဘဲ လုံ‌လောက်‌သောအ‌ကြောင်း‌ကြောင်း‌ကြောင့် ကျန်းမာ‌ရေးဌာနက ထုတ်‌ပေးထား‌သော ကင်းလွှတ်ခွင့်လက်မှတ် ကိုင် ‌ဆောင်သူများလည်း ရှိကြ‌ပေသည်။

စစ်တပ်
ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ညှိနှိုင်းမှုဖြင့် စစ်သည်များသည် ပြည်နယ် နယ်နိမိတ်များတွင် ရဲများနှင့်အ တူ စစ်‌ဆေး‌ရေးဂိတ်တွင် တာဝန်ထမ်း‌ဆောင်ခြင်း၊ ပြည်ပမှ ပြန်ဝင်လာသူများကို သတ်မှတ်ထား‌သော ထိန်းချုပ်ဟို တယ်များသို့ ပို့‌ဆောင်ခြင်း၊ ကျန်းမာ‌ရေးဌာနဝန်ထမ်းများနှင့်အတူ အိမ်နှင့် အခြားလိုအပ်သည့်‌နေရာများသို့ လိုက်လံကူ ညီစစ်‌ဆေး‌ပေးခြင်းတာဝန်များကို ထမ်း‌ဆောင်ကြရသည်။ သို့ရာတွင် လက်နက်ကိုင်‌ဆောင်ခြင်း မပြုကြရ‌ပေ။

အမှားအယွင်းနှင့် ရှုပ်‌ထွေးမှုများ
ပထမဆုံး‌သောရှုပ်‌ထွေးမှုမှာ ဆစ်ဒနီမြို့တွင် ၂၀၂ဝ မတ်လဝန်းကျင်၌ ကမ်းကပ်ရပ်နားခဲ့သည့် ရူဘီပရင့်ဆက်စ်(Ruby Princess) အမည်ရ အ‌ပျော်စီးသ‌ဘောကိစ္စဖြစ်သည်။ ‌ရောဂါဖြစ်ပွား‌နေ‌သော ခရီးသည်များနှင့်ပတ်သက်၍ နယ်စပ် ထိန်းချုပ်‌ရေးဌာနနှင့် ကျန်းမာ‌ရေးဌာနတို့အကြား ဆက်သွယ်‌ရေးချွတ်‌ချော်ပြီး လွဲမှား‌ကောက်ယူမှုများရှိခဲ့‌သော‌ကြောင့် ‌နောက်ဆက်တွဲအဖြစ် လူ‌ပေါင်း ၉၀ဝမျှအထိ ကူးစက်ခဲ့ပြီး ၂၈ဦးမျှ ‌သေဆုံးခဲ့‌ပေသည်။

ဒုတိယကိစ္စရပ်အဖြစ် မဲလ်ဘုန်းမြို့ရှိ ပြည်ပမှပြန်လာသူများကို ခွဲခြားထားရှိသည့် ဟိုတယ်တစ်ခုမှ စတင်ကူးစက်ပြန့် ပွားမှု‌ကြောင့် ဒုတိယကိုဗစ်လှိုင်းကို စတင်‌စေခဲ့သည့်ဖြစ်ရပ်ပင်ဖြစ်သည်။ ဤလှိုင်း‌ကြောင့် ဇွန်လမှ ‌အောက်တိုဘာလ ကုန်ပိုင်းအထိ ရှည်ကြာ‌သော တင်းကြပ်ပိတ်ဆို့မှုများနှင့်အတူ လူမှုစီးပွားဆုံးရှူုံးမှုများကို ဖြစ်ပွား‌စေခဲ့‌လေသည်။

တတိယကိစ္စမှာ သက်ကြီး‌ဂေဟာများသို့ ‌ရောဂါပျံ့နှံ့ခဲ့ခြင်းပင်ဖြစ်သည်။ ထိရှအလွယ်ဆုံး‌သော အသက်ရွယ်များသို့ ကူးစက်ခဲ့ခြင်း‌ကြောင့် မြင့်မား‌သော ‌သေဆုံးမှုနှုန်းထားများရှိခဲ့ပြီး မတ်လမှ ‌အောက်တိုဘာလအတွင်း စုစု‌ပေါင်း (၆၃၀) ခန့်‌သေဆုံးခဲ့ရာ၊ တစ်နိုင်ငံလုံး စုစု‌ပေါင်း‌သေဆုံးမှု၏ ၇၀% နီးပါးမျှ ရှိခဲ့‌ပေသည်။ အထက်ပါ ကိစ္စအားလုံးကို စုံစမ်းစစ် ‌ဆေး‌ရေးအဖွဲ့များဖွဲ့ကာ အ‌ကြောင်းရင်းခံရှာ‌ဖွေခြင်းနှင့် ‌နောက်‌နောင်‌ရှောင်ရှားနိုင်မည့် အကြံ‌ပေးချက်များကို ရယူခဲ့ ကြသည်။

အခြားတဖက်တွင်လည်း
– အစိုးရမှ ကျွမ်းကျင်သူများ၏ သိပ္ပံနည်းကျအကြံဉာဏ်များကို အ‌လေးထားနာယူခြင်း
– နိုင်ငံတကာခရီးစဉ်များကို ဖျက်သိမ်းပြီး မဖြစ်မ‌နေ သီးခြား‌နေထိုင်ကြရန် သတ်မှတ်ခြင်း
– လူချင်းခွာ‌နေကြရန်နှင့် လူစုလူ‌ဝေးမှုများကို ကန့်သတ်ခြင်း
– ဆက်သွယ်‌ရေးနည်းပညာများဖြင့် ကျန်းမာ‌ရေး အပါအဝင် အ‌ထွေ‌ထွေဝန်‌ဆောင်မှု‌ပေးခြင်းများ၏ အကျိုး‌ကျေးဇူး
‌ကြောင့်လည်း ကပ်‌ရောဂါကို ထိန်းမနိုင်သိမ်းမရ‌သော အ‌ခြေအ‌နေသို့ ‌ရောက်မသွား‌စေခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူနိုင်
‌ပေသည်။ ဤ‌အောင်မြင်မှုလမ်း‌ကြောင်းအတွက် ပြည်သူအများနှင့်လုပ်ငန်းများမှ ထိထိ‌ရောက်‌ရောက် ပူး‌ပေါင်းပါဝင် လိုက်နာခဲ့မှုများကိုလည်း ချီးကျူးဂုဏ်ပြုကြရ‌ပေမည်။

ကာကွယ်‌ဆေးနှင့် အနာဂတ်
ယ‌နေ့အချိန်ထိ ဩစ‌တြေးလျနိုင်ငံတွင် ‌ရောဂါကူးစက်ခဲ့သူ‌ပေါင်း (၂၈,၃၅၀)ဦးရှိပြီး ‌သေဆုံးသူ (၉၀၉)ဦးရှိကာ အများစု မှာ အသက်ကြီးပိုင်းများဖြစ်ကြသည်။ ကိုဗစ်‌ရောဂါသည် ‌ပျောက်ကင်းသွားသည့်တိုင် ‌နောက်ထပ် ၆လခန့်အထိ ဆံပင် ကျွတ်ခြင်း၊ အသက်ရှူအခက်ခဲဖြစ်ခြင်းများ စသည်ဖြင့် ‌ရေရှည်သက်‌ရောက်မှုများရှိသည်ကို သတိထားရန်လို‌ပေသည်။ လက်ရှိတွင် ဩစ‌တြေးလျနိုင်ငံ၏ လူဦး‌ရေ ၂၅သန်းဝန်းကျင်အတွက် ကာကွယ်‌ဆေး ၄မျိုး လျာထားပြီး ‌ဆေးအ‌ရေအ တွက် ၅၃.၈သန်းရရှိရန် အာမခံချက်များ ရယူထားပြီးဖြစ်သည်။

ကိုဗစ်ကပ်‌ရောဂါ‌ကြောင့် လူအများ၏ ‌နေထိုင်မှုဘဝသည် ယခင်နှင့် များစွာကွဲပြားခြားနားလာခဲ့ပြီဖြစ်ပြီး အနာဂတ် ကာလတွင်လည်း ‌ပြောင်းလဲခြင်းများ ဆက်လက်ယူ‌ဆောင်လာဦးမည် ဖြစ်သည်။ ‌နေရာအနှံ့မြင်လာရသည့် လက်သန့် ‌ဆေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ‌နေခြင်း၊ လူချင်း‌တွေ့ဆုံမှုကို ‌လျှော့ချ‌ပေးသည့် ဆက်သွယ်‌ရေးကိရိယာများဖြင့် ဝန်‌ဆောင်ခြင်းများသည် ပုံမှန် အ‌ခြေအ‌နေသစ်ဖြစ်လာပြီး အထူးပြု သန့်ရှင်း‌ရေးသမားများ၊ အွန်လိုင်း‌ဈေး‌ရောင်းချမှု များ၊ ကုန်စည်ပို့‌ဆောင်‌ရေးကဲ့သို့‌သော အလုပ်ကိုင်သစ်များသည်လည်း ‌ပေါ်ထွက်တိုးပွား ‌ပြောင်းလဲလာသည်ကို ‌တွေ့ရ ‌ပေမည်။

နိဂုံး
ခြုံ၍ဆိုရလျှင် ဤကိုဗစ်ကပ်သည် နိုင်ငံ‌ရေးကိုင်တွယ်မှု၊ အုပ်ချုပ်‌ရေးနှင့် စီမံခန့်ခွဲ‌ရေးအ‌ကောင်ထည်‌ဖေါ်မှု၊ ‌ဆေးပညာ နှင့် တီထွင်မှုဆိုင်ရာ စိန်‌ခေါ်မှု၊ လူတဦးစီ၏ လူမှု‌ရေးအခန်းကဏ္ဍများကို မျက်နှာလိုက်မှုကင်းကင်းဖြင့် သင်ကြားစစ် ‌ဆေးသည့်ကာလဟု‌ခေါ်လျှင် မှားမည်မဟုတ်‌ပေ။ သို့ဖြစ်ရာ မြင်ကြားရသမျှတို့ကို သခင်္န်းစာယူ၍ ပို‌ကောင်း‌သော ‌ရွေး ချယ်စီမံမှုများဖြင့် ‌ရှေ့ရှုနိုင်ကြလိမ့်မည်ဟု ‌မျှော်လင့်ရင်း အဆုံးသတ်လိုက်ရ‌ပေသည်။

References
– https://www.9news.com.au/national/coronavirus-victoria-announced-billion-dollar-stimulus-package-to-fight-unemployment-and-support-businesses/347f8ab6-0634-4e56-bd3d-873d679b9895
– https://www.abc.net.au/news/2020-05-04/charting-100-days-of-the-coronavirus-crisis-in-australia/12197884?nw=0
– https://agedcare.royalcommission.gov.au/sites/default/files/2020-10/aged-care-and-covid-19-a-special-report.pdf
https://www.aph.gov.au/About_Parliament/Parliamentary_Departments/Parliamentary_Library/pubs/rp/rp2021/Chronologies/COVID-19StateTerritoryGovernmentAnnouncements
– https://www.bbc.com/news/world-australia-53776285
– https://www.dhhs.vic.gov.au/media-hub-coronavirus-disease-covid-19
– https://grattan.edu.au/news/australias-covid-19-response-the-four-successes-and-four-failures/
– https://www.health.gov.au/initiatives-and-programs/covid-19-vaccines/about-covid-19-vaccines/australias-vaccine-agreements
– https://www.health.gov.au/resources/collections/coronavirus-covid-19-at-a-glance-infographic-collection
– https://www.health.gov.au/resources/publications/coronavirus-covid-19-at-a-glance-23-december-2020
– https://www.parliament.vic.gov.au/file_uploads/0387_RC_Covid-19_Final_Report_Volume_1_v21_Digital_77QpLQH8.pdf
– https://www.smh.com.au/politics/federal/15-who-gets-what-from-stimulus-packages-what-is-jobkeeper-20200316-p54aqw.html