Home သတင်း ပြည်သူ့ဘဝလုံခြုံ‌ရေး တာဝန်ယူမှုအပြည့်ဖြင့် ဆက်လက်လုပ်‌ဆောင်မည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင် ထုတ်ပြန်

ပြည်သူ့ဘဝလုံခြုံ‌ရေး တာဝန်ယူမှုအပြည့်ဖြင့် ဆက်လက်လုပ်‌ဆောင်မည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင် ထုတ်ပြန်

2658

ဇန်နဝါရီလ ၁၉ရက်၊ ၂၀၂၁ ခုနှစ်။ စဖန်း‌ရှောင်း

ပြည်သူလူထုဘဝလုံခြုံ‌ရေးနှင့် စိုးရိမ်‌ကြောက်ရွံ့မှုကင်းသည့် ဘဝရပ်တည်‌ရေး အာမခံနိုင်ရန် NCA စာချုပ်ပါ သ‌ဘော တူညီချက်များအတိုင်း တာဝန်ယူ၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာစွာ အ‌ကောင်အထည်‌ဖော် ဆက်လက်လုပ်‌ဆောင် သွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ‌ညောင်‌လေးပင်ခရိုင်က ဇန်နဝါရီလ ၁၆ရက်‌နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၇ရက်‌နေ့မှ စတင်ကာ တစ်လ‌ကျော်ကြာ ကျင်းပခဲ့သည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ‌ညောင်‌လေးပင်ခရိုင်၏ ၂၃ကြိမ်‌မြောက် ကွန်ဂရက်အစည်းအ‌ဝေးအပြီးတွင် ၎င်းခရိုင်က ထိုသို့သ‌ဘောထား‌ကြေညာချက် ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

“အခု ဖြစ်‌နေတာ‌တွေက လမ်း‌ဖောက်တဲ့ကိစ္စ‌နောက်ဆက်တွဲပြဿနာ‌တွေ‌ပေါ့။ အတီးတို့မှာလည်း ကိုယ့်ပြည်သူ‌တွေ လုံခြုံမှုရှိဖို့ ကာကွယ်ရမှာတာဝန်အပြည့်ရှိ တယ်‌လေ။ လူထုအသက်လုံခြုံမှုအပြင်ကို သွားလာ‌ရေး၊ လုပ်ကိုင်စား ‌သောက်‌ရေး ‌တွေမှာ လုံခြုံမှုအာမခံချက်ရှိ‌အောင်‌တော့ NCA ‌ဘောင်ထဲကအတိုင်းပဲ ဆက် လုပ်‌ဆောင်သွားမယ်။”ဟု ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ‌ပြောဆိုခွင့်ရှိသူ ပဒို‌စောနဲထူးဗျိုင်းက ‌ပြောသည်။

ထို့အပြင် ‌ကျောက်ကြီးမြို့နယ်အတွင်း လတ်တ‌လောဖြစ်ပွား‌နေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ‌ကေအဲန်ယူ (ဗဟို) အပါအဝင် သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ -JMC ထံတင်ပြသွားမည်ဖြစ်ပြီး အထူးသဖြင့် ဗဟို၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ‌ဆောင်ရွက်သွားမည်ဖြစ် ‌ကြောင်းလည်း ၎င်းက ဆက်လက်‌ပြောဆိုသည်။

လမ်းအရှည်အားဖြင့် ၅၁ မိုင် ၇ ဖာလုံရှိသည့် အဆိုပါလမ်း‌ဖောက်လုပ်မှုမှာ ‌ကေအဲန် ယူ၏ နယ်‌မြေသတ်မှတ်ချက်များအရ ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်(တပ်မဟာ ၃) ‌ကျောက်ကြီးမြို့နယ် အပါအဝင် ၎င်းနှင့်နယ်နိမိတ်ချင်းထိစပ်သည့် ဖာပွန်-မူ‌တြော်ခရိုင်( တပ်မဟာ ၅) နယ်‌မြေ အထိ‌ပေါက်‌ရောက်သည့် လမ်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အဆိုပါလမ်းတိုးချဲ့ခြင်းကို လုပ်‌ဆောင်ခဲ့သည်ဟု သိရသည်။

ဖွံ့ဖြိုး‌ရေးအတွက်ဟုဆိုကာ တပ်မ‌တော်ဘက်မှ စတင်ခဲ့သည့် ‌ကျောက်ကြီးမြို့နယ် (သံဘို) -မူသယ်- ‌ဘော်စဲခို- ပလာခို- ယွန်းစလင်းလမ်းကို ယခင် ၁၂ ‌ပေလမ်းအ ကျယ်မှ ၃၄ ‌ပေအကျယ် လမ်းချဲ့ထွင်ခြင်းလုပ်‌ဆောင်မှုအ‌ပေါ် ‌ကေအဲန်ယူ အပါအဝင် ‌ဒေသခံများ၏ ကန့်ကွက်မှုများဖြစ်‌ပေါ်ခဲ့သလို အဆိုပါတင်းမာမှု အ‌ခြေအ‌နေများ ‌ကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား မကြာခဏ ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါဖြစ်စဉ်‌နောက်ဆက်တွဲအ‌ခြေအ‌နေများ‌ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ယ‌နေ့အထိ အဆိုပါလမ်း‌ဖောက်လုပ်မှုဧရိယာတစ်‌လျှောက် တ‌ကျော့ပြန်ပြန် လည်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများ‌ကြောင့် ‌ဒေသခံ ‌ထောင်ချီ ထွက်‌ပြေးတိမ်း ‌ရှောင်ရမှုများမှာလည်း ယ‌နေ့အထိ ရှိ‌နေဆဲဖြစ်‌ကြောင်း ပဒို‌စောနဲထူးဗျိုင်းက ဆက်လက် ‌ပြောဆိုသည်။

ထို့အတူ ပြီးစီးခဲ့သည့် ခရိုင်ကွန်ဂရက်တွင်လည်း အဆိုပါကိစ္စရပ်များ အပါအဝင် ‌ကေအဲန်ယူ၏ အုပ်ချုပ်‌ရေး၊ စစ်‌ရေး၊ လူမှု‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးကိစ္စရပ်များကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးခြင်း၊ ခရိုင်အမြဲတမ်း‌ကော်မတီ၊ အလုပ်အမှု‌ဆောင်နှင့် ဌာနဆိုင်ရာ‌ကော်မတီဝင်များကို ပြန်လည်‌ရွေးချယ်ခဲ့ကြပြီး ‌ရှေ့လုပ်ငန်းစဉ်များ ပါဝင်သည့် ဆုံးဖြတ်ချက် ၃၄ချက်ကိုလည်း ကွန်ဂရက်မှ ချမှတ်ဆုံးဖြတ်ခဲ့‌ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအရ အုပ်ချုပ်‌ရေးပိုင်း ခရိုင်နှင့် တပ်ဖက်ဆိုင်ရာပိုင်း တပ်မဟာ ကို နယ်‌မြေ‌ဒေသတစ်ခုအဖြစ် သတ်မှတ်ထားရာ ‌ညောင်‌လေးပင်ခရိုင်နှင့် တပ်မဟာ(၃)မှာ ထိန်းချုပ်နယ်‌မြေ‌ဒေသတစ်ခုဖြစ်သည်။