Home တွေ့ဆုံမေးမြန်းခန်း ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်နှင့် ‌မေးမြန်းခြင်း

‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်နှင့် ‌မေးမြန်းခြင်း

3455

‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်နှင့် ‌မေးမြန်းခြင်း

“ တပ်မဟာ-၃ လမ်း‌ကြောင်းတ‌လျှောက်မှာ စစ်‌ရေးတင်းမာမှု ဖြစ်ကတည်းက အဲ့ဒီက ရွာသား‌တွေကို တပ်မ ‌တော်က အမိန့်‌ပေးထားတယ်။ ရွာက‌နေ အပြင်ကို ကိုက် ၅ဝ ထွက်တာ‌တွေ့ရင် ပစ်သတ်မယ်လို့ ‌ပြောထားတယ်။” ‌ကေအဲန်ယူအ‌ထွေ‌ထွေအတွင်းမှူးချုပ် ပဒို‌စောတာဒိုမူး
————————————————————————————

လတ်တ‌လော တ‌ကျော့ပြန် စစ်‌ရေးတင်းမာ‌နေသည့် KNU တပ်မဟာ -၅ ဖာပွန်‌ဒေသနှင့် တပ်မဟာ -၃ ‌ကျောက်ကြီး ‌ဒေသမှ စစ်‌ရေးပဋိပက္ခ ဖြစ်ပွားမှုနှင့် အရပ်သား ထိခိုက်‌သေဆုံးမှုများရှိခြင်း အ‌ပေါ် KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမှူးကို ဆက်သွယ်‌မေးမြန်ထားခြင်းဖြစ်သည်။

‌မေး- လက်ရှိ KNU တပ်မဟာ-၅ နဲ့ တပ်မဟာ-၃ မှာဖြစ်‌နေတဲ့ ‌အောက်‌ခြေ စစ်‌ရေးပဋိပက္ခ အ‌ခြေအ‌နေကို ကနဦး ‌ပြောကြား‌ပေးပါ။
အဓိက က‌တော့ တစ်ဖက်မှာ NCA လက်မှတ်‌ရေးထိုးထားတဲ့ အ‌ခြေခံနဲ့ ကျ‌နော်တို့ bilateral ‌ရေးထိုးထားတဲ့ အ‌ခြေခံက‌နေပြီး‌တော့ ကျ‌နော်တို့ ဆက်လက်‌ဆွေး‌နွေးနိုင်တဲ့ အ‌နေအထား‌တွေ မရှိ‌တော့တဲ့ အ‌ပေါ်မှာ တစ် ဖက် တပ်မ‌တော်ဘက်ကလည်း အင်အားတိုးချဲ့မှု‌တွေ ရှိလာခဲ့တဲ့အ‌ပေါ်မှာ‌တော့ ကျ‌နော်တို့ကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ရမယ့် အ‌နေအထားက‌နေ အ‌ခြေခံပြီး‌တော့ ပြန်ပြီးတုံ့ပြန်တဲ့အတွက်‌ကြောင့် တင်းမာမှု‌တွေ ရှိပါတယ်။

‌လော‌လောဆယ် ကျ‌နော်တို့ ‌အောက်‌ခြေကို ညွှန်ကြားထားပါတယ်။ အ‌ခြေအ‌နေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့‌ပေါ့။ တစ်ဖက်မှာလည်း ညှိနှိုင်းမှုမရှိဘဲ လုပ်‌ဆောင်လာတဲ့ ကိစ္စမှန်သမျှကို ကျ‌နော်တို့‌တောက်‌လျှောက် နည်းလမ်း ရှာပြီး‌တော့ နားလည်မှု တစ်ခုတည်‌ဆောင် နိုင်မလားဆိုပြီး ညှိနှိုင်း‌ဆွေး‌နွေးပွဲ‌တွေကို အ‌ခြေခံ သွားဖို့ပဲဖြစ်ပါတယ်။ ဒီညှိနှိုင်း ‌ဆွေး‌နွေးပွဲ‌တွေ မဖြစ်လာတဲ့အခါမှာ ‌အောက်‌ခြေက သူတို့ရဲ့လုံခြုံမှု အတိုင်း အတာအရ ချိုး‌ဖောက်မှု‌တွေကို လက်မခံနိုင်တဲ့အ‌ပေါ် တတ်နိုင်သမျှ တုံ့ပြန်‌ဆောင်ရွက်မှု‌တွေ ရှိပါတယ်။ ‌လော‌လောဆယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မသွား‌အောင် ကျ‌နော်တို့ ကြိုးစား‌နေပါတယ်။ ဘာဖြစ်လဲဆို‌တော့ ညှိနှိုင်း‌ဆွေး‌နွေးမှုကို အ‌ခြေခံပြီး‌တော့ နိုင်ငံ‌ရေးအရ ‌ဖြေရှင်းရမယ့်ကိစ္စ‌တွေ ဖြစ်တဲ့အတွက်‌ကြောင့် ဒါ‌တွေ ကို‌တော့ ကျ‌နော်တို့ ကြိုးစား‌နေပါတယ်။

‌မေး- လတ်တ‌လော ပဋိပက္ခမှာ အရပ်သား ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဒါ‌တွေနဲ့ ထိခိုက်‌သေဆုံးတာ‌တွေ အထိ ရှိလာခဲ့တယ်။ အထူးသဖြင့် အရပ်သား နှစ်‌ယောက် ‌သေဆုံးမှုမှာလည်း အပြန်အလှန် စွပ်စွဲ ထုတ်ပြန်ထား တာ‌တွေ့ရတဲ့ အ‌ပေါ်မှာ ဘယ်လို‌ကြောင့်ဖြစ်ရတယ်လို့ သိထားလဲ။
ဒီကိစ္စမှ မဟုတ်ပါဘူး။ အမှန်တကယ်က ပြီးခဲ့တဲ့ မဲ‌ဝေ(မဲဝိုင်)ဘက်မှာ က‌လေးငယ်တစ်‌ယောက် လက်နက်ကြီး ဗုံးဆံထိပြီး ‌နောက်ဆုံး ကျ‌နော်တို့ ကုသ‌ပေး‌နေရတဲ့ အ‌နေအထားတစ်ခုမှာလည်း တပ်မ‌တော်က ကျ‌နော်တို့ကို စွပ်စွဲတာရှိပါတယ်။ ‌နောက်ထပ် နှစ်‌ယောက် လူ‌သေတဲ့ဖြစ်စဉ်မှာလည်း ‌အောက်‌ခြေက တင်ပြတဲ့ အ‌ခြေခံမှာ တပ်မဟာ-၃ လမ်း‌ကြောင်းတ‌လျှောက်မှာ စစ်‌ရေးတင်းမာမှု ဖြစ်ကတည်းက အဲ့ဒီက ရွာသား‌တွေကို တပ်မ‌တော် က အမိန့်‌ပေး ထားတယ်။ ရွာက‌နေ အပြင်ကို ကိုက် ၅ဝ ထွက်တာ‌တွေ့ရင် ပစ်သတ်မယ်လို့ ‌ပြောထားတယ်။ အဲ့ဒီ မူသယ်ရွာနဲ့ အဲ့နားက တ‌လျှောက်ကို။

မ‌နေ့တစ်‌နေ့ကလည်း ဆက်ဆံ‌ရေးရုံးကို တပ်မ‌တော်ဘက်က အာဏာရှိတဲ့ လူတစ်‌ယောက်က လာပြီး ကြိမ်း‌မောင်းသွား‌သေးတယ်။ ‌တွေ့ရင် ပစ်သတ်မယ်ဆိုတဲ့ ပုံစံမျိုး‌တွေ‌ပေါ့။ ဆို‌တော့ ဒါ‌တွေက လက်‌တွေ့ ဖြစ်‌နေတာနဲ့ သူတို့(စစ်တပ်)က ကျ‌နော်တို့ကို စွပ်စွဲတာနဲ့က‌တော့ မစပ်ဟဘူးလို့ ကျ‌နော်တို့ ငြင်းဆိုချင်တယ်။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ‌ပြောလိုတာက ဒီကိစ္စကို ‌ဖြေရှင်းဖို့ နှစ်ဖက်ကြားမှာ ‌ဖြေရှင်းရမဲ့ Mechanism (အဖွဲ့အစည်း ယန္တရား) တခု ရှိဖို့လိုတယ်။

ဒါကိုကျ‌နော်တို့ တစ်စိုက်မတ်မတ် ‌တောင်းဆိုလာတာကြာပါပြီး။ အဲ့‌တော့ JMC ကလည်း အလုပ်မဖြစ်ဘူး။ JMC က အလုပ်မဖြစ်တဲ့အတွက်‌ကြောင့် ဘယ်လို ပုံစံမျိုးနဲ့ ကျ‌နော်တို့ လက်‌တွေ့ ကျကျ ညှိနှိုင်း အ‌ဖြေရှာပြီး ဒီလိုမျိုး တဖက်ကိုတစ်ဖက် အ‌ခြေအမြစ်မရှိ စွပ်စွဲတဲ့ ဟာမျိုး‌တွေ မလုပ်ဘဲနဲ့ တကယ်တမ်း ဖြစ်လာပြီးဆိုရင် နှစ်ဖက်က တာဝန်‌ပေးအပ်တဲ့ ယုံကြည်‌လေးစားရ ‌လောက်တဲ့ ကြား‌နေအပြင် နှစ်ဖက်ကလည်းပါဝင်ပြီး‌တော့ ဘက်လိုက်မှု မရှိဘဲနဲ့ စုံစမ်းစစ်‌ဆေးနိုင်တဲ့ပုံစံမျိုး‌တွေ လုပ်ဖို့လိုပါတယ်။

ဒီဟာက အပစ်အခတ်ရပ်စဲ‌ရေး‌တွေရဲ့ သ‌ဘောသဘာဝအရ ဒီလိုပဲ ရှိကြစမြဲပါပဲ။ ကျ‌နော်တို့လည်း ဒါကိုအ‌ခြေခံပြီး ‌မျှော်လင့်ခဲ့တာပဲ။ လက်‌တွေ့မှာ JMC က တပ်မ‌တော်ဘက်က တစ်ဖက်သတ် အုပ်စိုးတဲ့ ပုံစံမျိုး‌တွေ ဖြစ်သွားတဲ့ အခါကျ‌တော့ ယုံကြည်မှု‌တွေ ထိခိုက်ပြီး‌တော့ ‌နောက်ဆုံး JMC က ဘယ်လိုမှ အလုပ် လုပ်လို့မရ‌တော့ ပုံစံဖြစ်သွား တာ‌ပေါ့။ အဲ့‌တော့ တ‌ယောက်ကို တ‌ယောက်၊ တဖက်ကို တဖက် အပြစ်တင်စွပ်စွဲတာထက်စာရင်‌တော့ ကျ‌နော်တို့ ဒီ Mechanism တစ်ခုရ‌အောင် ဘယ်လို အ‌ဖြေရှာမလဲဆိုတာကို ကျ‌နော်တို့ပိုပြီး လိုလားပါတယ်။

‌မေး- လတ်တ‌လော အရပ်သား ထွက်‌ပြေးတိမ်း‌ရှောင်‌နေရတာ‌တွေ၊ ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားလာမှု‌တွေကို ရပ်တန့်ဖို့ KNUဘက်က ဘယ်လို ‌ဖြေရှင်းမှုမျိုး လုပ်‌ဆောင်‌နေသလဲ။
ဒီဟာက ‌ရေတို နဲ့ ‌ရေရှည် နှစ်ပိုင်း‌ဖြေရှင်းရမယ့် ကိစ္စ‌ပေါ့။ ပထမက‌တော့ ‌ရေတို‌ဖြေရှင်းရမဲ့ IDP ကိစ္စကို ဘယ်လို ကိုင်တွယ်‌ဖြေရှင်းရမလဲ ဆိုတာကို ကျ‌နော်တို့ နည်းလမ်းရှာ‌နေပါတယ်။ အစိုးရနဲ့ လည်း‌တွေ့မယ်။ တပ်မ‌တော်နဲ့ လည်း‌တွေ့မယ်။ အခုက‌တော့ တပ်မဟာ ၃ ဘက်မှာ‌တော့ စာနာ‌ထောက်ထားတဲ့ ကရင် လူငယ်‌တွေရဲ့ ကြိုးစားမှု နဲ့ ‌စေတနာရှိ‌နေတဲ့ လူ‌တွေရဲ့ ကူညီ‌ထောက်ပံ့မှု‌တွေနဲ့ ပို့‌ဆောင်မှု‌တွေ‌တော့ ‌ကျောက်ကြီးကို‌တော့ ‌ရောက်လာပြီး။ အဲ့က‌နေ IDP ‌နေရာကို ဆက်သွားဖို့က‌တော့ ‌နောက်တစ်ဆင့် ကျ‌နော်တို့ နည်းလမ်းရှာ‌နေပါတယ်။ အဲ့ဒါက‌တော့ ကျ‌နော်တို့ နဲ့ တပ်မ‌တော်နဲ့ အစိုးရကြားမှာ မညှိနှိုင်းဘဲနဲ့‌တော့ ဒီပစ္စည်း‌တွေကို ပို့ရ ခက်‌နေပါမယ်။ အဲ့ဒီ့အတွက်ရိက္ခာ‌တွေ အမြန်ဆုံး‌ရောက်‌အောင် ညှိနှိုင်းဖို့ ကြိုးစား‌နေပါတယ်။

အခုက‌တော့ လူ‌တွေမြင်တာက‌တော့ IDP ‌တွေထွက်‌ပြေး‌နေတာ‌ပေါ့။ အမှန်တကယ် ဖြစ်‌ပေါ်တာက‌တော့ နှစ်ဖက် သ‌ဘောတူ လက်မှတ်‌ရေးထိုးထားတဲ့ စာချုပ်‌တွေရဲ့ အ‌ခြေခံ‌ပေါ်မှာ ‌လေးစားလိုက်နာမှု မရှိတဲ့ အတွက်‌ကြောင့် ဒီလိုမျိုး ဖြစ်တယ်လို့ပဲ ကျ‌နော်တို့ သုံးသပ်ပါတယ်။

ခုနက ‌ပြောသလို ‌ရေတို‌ဖြေရှင်းရမယ့် ပြဿနာက‌တော့ ‌ဘေးထွက်ဆိုးကျိုးဖြစ်‌စေခဲ့တဲ့ IDP ပြဿနာကို ကျ‌နော်တို့ ချက်ချင်းပဲ ‌ဖြေရှင်းဖို့လိုပါတယ်။ ဒါ‌ပေမဲ့ ဒါ‌တွေက လတ်တ‌လော IDP ‌တွေကြုံ‌တွေ့‌နေရတဲ့ အခက်အခဲ ပြဿနာကို အခိုက်အတန့်‌လေး ‌ဖြေရှင်းနိုင်တဲ့ နည်းလမ်းပါ။ ‌ရေရှည်‌ဖြေရှင်းနိုင်ဖို့ဆိုရင်‌တော့ တစ်ဖက်က လက်မှတ်ထိုးထားတဲ့ စာချုပ်‌တွေအ‌ပေါ်မှာ အ‌ခြေခံပြီး လိုအပ်တဲ့ ‌ဆွေး‌နွေးပွဲ‌တွေ ဆက်သွားဖို့ လိုပါတယ်။

ဘာ‌ကြောင့်လည်းဆို‌တော့ ကျ‌နော်တို့ ၂၀၁၂ စက်တင်ဘာမှာ အပစ်အခတ်ရပ်စဲ‌ရေး နယ်‌မြေမှာရှိတဲ့ ပြည်သူလူထု ‌တွေရဲ့ ‌ကြောက်ရွံ့ခြင်းကင်းတဲ့ ဘဝရပ်တည်‌ရေးကို ရှိဖို့အတွက် နှစ်ဖက်စလုံးက လုပ်‌ဆောင်ရ မယ်ဆိုတဲ့ သ‌ဘောတူညီချက်တစ်ခုက ရှိပါတယ်။ အဲ့သ‌ဘောတူညီချက်ကို အ‌ခြေခံပြီး‌တော့မှ ‌ဆွေး‌နွေးဖို့အတွက် အဆိုပြုထားတာ ရှိပါတယ်။၂၀၁၂ ကတည်းက အခုထက်ထိ မ‌ဆွေး‌နွေးနိုင်‌သေး ဘူးဆို‌တော့ စဉ်းစားကြည့်‌ပေါ့ ။

ဒီဟာ‌တွေကလည်း တစ်ဖက်က NCA ‌ရေးထိုးတဲ့ ‌နေရာမှာလည်း Bilateral agreement ကို ပြန်ပြီး‌တော့ ခိုင်မာ ‌စေတယ်ဆိုတဲ့ အချက်ကလည်း ရှိတဲ့အတွက်‌ကြောင့် NCA အရ ကြည့်မယ်ဆိုလရင် ‌ဆွေး‌နွေးနိုင်မယ့် Space က အခန်း-၃ မှာရှိပါတယ်။ ဆို‌တော့ ဒီဟာ‌တွေအကုန်လုံးကို ‌ပေါင်းပြီး‌တော့ ‌ဆွေး‌နွေးဖို့ လိုပါတယ်။ ‌ဆွေး‌နွေးဖို့ ကျ‌နော်တို့ စာပို့ထားပါတယ်။ သူတို့ရဲ့ (တပ်မ‌တော်) အ‌ကြောင်းပြန်စာကို ‌စောင့်‌နေပါတယ်။ ‌ပြောချင်တာက ‌ရေရှည်ပြဿနာ ‌ပြေလည်‌ရေးက‌တော့ ‌ဆွေး‌နွေးပွဲက ထွက်လာတဲ့ အ‌ဖြေ‌ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

‌မေး- တပ်မ‌တော်ဘက်က ယ‌နေ့အချိန်ထိ ဒီကိစ္စကို‌ဖြေရှင်းနိုင်ဖို့ KNU ဘက်က အ‌ကြောင်းကြား အဆိုပြုထားတာကို ပြန်အ‌ကြောင်းပြန်ခြင်းမရှိ‌သေးဘဲ လက်ရှိ ဖြစ်‌နေတဲ့ ပဋိပက္ခကို အချိန်မီ မ‌ဖြေရှင်နိုင်ဘဲ ဆက်ဖြစ်‌နေ ဦးမယ်ဆိုရင် ဘာ‌တွေ ဖြစ်လာနိုင်မယ်လို့ သုံးသပ်မိလဲ။
ဒီကိစ္စက‌တော့ တပ်မ‌တော်ဘက်က ပြန်စာ ပြန်လာမယ်လို့ပဲ ‌မျှော်လင့်ပါတယ်။ တစ်ဖက်မှာလည်း အစိုးရ အ‌ပေါ်မှာလည်း ကျ‌နော်တို့ ‌တောင်းဆိုမှု ပြုချင်တာ‌ပေါ့။ တပ်မ‌တော်ကလည်း အမှန်တကယ်က‌တော့ အစိုးရ တစ်ရပ်ရဲ့ ‌အောက်မှာ ရှိတဲ့အခါကျ‌တော့ အစိုးရအ‌နေနဲ့ ဒီကိစ္စကို တပ်မ‌တော်အ‌နေနဲ့ စာပြန်နိုင်ဖို့အတွက်ကို ဝိုင်းပြီး‌တော့ တွန်းအား‌ပေးနိုင်ဖို့ကို ကျ‌နော်တို့ ‌မျှော်လင့်ပါတယ်။

‌မေး- အရပ်ဖက်အဖွဲ့‌တွေ၊ ကရင်နိုင်ငံ‌ရေးပါတီ ‌တွေလည်း လတ်တ‌လော ပဋိပက္ခအ‌ပေါ်မှာ သ‌ဘောထား ထုတ်ပြန် တာ‌တွေရှိသလို ပဋိပက္ခ အဆုံးသတ်နိုင်‌ရေး ညှိနှိုင်း‌ဆွေး‌နွေးအ‌ဖြေရှာဖို့ တိုက်တွန်း ‌တောင်းဆိုတာ‌တွေ လည်းရှိတယ်။ ‌နောက်ပြီး KPSN ရဲ့ ထုတ်ပြန်ချက်မှာ Peace Process ကို ကူညီ‌ထောက်ပံ့‌နေတဲ့ နိုင်ငံတကာကိုပါ ပါဝင်ဖိအား‌ပေးလာဖို့ ‌တောင်းဆိုတာ‌တွေရှိတဲ့အ‌ပေါ် ဘယ်လို လုပ်‌ဆောင်သွားမလဲ။

ကျ‌နော်တို့ ဖြစ်နိုင်‌ခြေ လမ်း‌ကြောင်းအားလုံးကို ရှာ‌ဖွေပြီး‌တော့ လုပ်သွားမှာပါ။ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်က အားလုံးပိုင်ဆိုင်တဲ့ Home made လို့ ကျ‌နော်တို့ ‌ပြော‌ပေမယ့် Local made နဲ့ ဒီလိုမျိုးသွားလို့ က‌တော့ ဘယ်လိုမှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ NCA အရက နိုင်ငံတကာရဲ့ ပါဝင်ခွင့်က နည်းပညာပိုင်းအရ ၊ Observer (‌လေ့လာသူ) အရ၊ Facilitator ပဲဖြစ်ဖြစ် ဆိုတဲ့အပိုင်းမှာ နည်းပညာပိုင်းမှာ ခွင့်‌ပေးထားတာလည်း ရှိပါတယ်။

တစ်ဖက်မှာ နိုင်ငံတကာရဲ့ ပါဝင်ခွင့်က‌တော NCA မှာ ကန့်သတ်မှုရှိတယ်။ ဒါ‌ပေမဲ့ ကျ‌နော် ‌ပြောလိုတာက ကျ‌နော်တို့ ‌သေ‌သေချာချာ ‌ဆွေး‌နွေးဖို့ လိုပါတယ်။ ငြိမ်းချမ်း‌ရေး ဖြစ်လိုတဲ့ စိတ်ဆန္ဒ အကုန်လုံးမှာ ရှိမယ်ဆိုရင် ရပ်တည်ချက်ကို တစ်ဖက်သတ် စဉ်းစားဆုံးဖြတ်တဲ့ ပုံစံမျိုး‌တွေ မလုပ်ဘဲနဲ့ နှစ်ဖက်ကြား ‌လေးစားထိုက်တဲ့ အဖွဲ့အစည်း တစ်ခုက‌နေပြီး‌တော့ Third Party ‌ပေါ့‌နော် နိုင်ငံတကာလည်း ဖြစ်နိုင်တယ်။ အမှန်တကယ် ဘယ်ဘက်မှ မရပ်တဲ့ အစုအဖွဲ့လည်းဖြစ်နိုင်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ကျ‌နော်တို့ သွားဖို့ လိုပါတယ်။

ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်က ပြီးခဲ့တဲ့ ၂၀၁၅ က‌နေစပြီး အခု ၅ နှစ်‌ကျော်တိုင်ရှိ‌နေပါပြီး။ ဒီအတိုင်းသွားတာက လုံးဝအလုပ်မဖြစ်‌တော့တဲ့ ပုံစံမျိုးကိုကျ‌နော်တို့ ကြုံ‌နေရပါတယ်။ ဒါ‌ကြောင့် NCA က အလုပ်ဖြစ်ပါတယ် ဆိုတဲ့အ‌ကြောင်းကို ပြသဖို့ဆိုရင်‌တော့ NCA နဲ့ပတ်သက်တဲ့ တာဝန်ရှိတဲ့သူ‌တွေ အကုန်လုံးက ဒီဟာကို အ‌ဖြေရှာဖို့ လိုပါတယ်။ ဒီလို‌ဖြေရှင်းတဲ့‌နေရာမှာ နိုင်ငံတကာက အပစ်အခတ် ရပ်စဲ‌ရေးကို အ‌တွေ့အကြုံရှိ Third Party လို ‌လေ့လာ‌စောင့်ကြည့်သူ၊ နည်းပညာအကြံ‌ပေး‌တွေရဲ့ ပါဝင်မှုက အ‌ရေးကြီးလာပြီးလို့ မြင်ပါတယ်။

ဒါကိုလည်း ကျ‌နော်တို့ တစ်စိုက်မတ်မတ်‌တောင်းဆိုခဲ့သလို KNU အ‌နေနဲ့ bilateral agreement ထဲမှာ နိုင်ငံ တကာ ပါဝင်ပြီး‌တော့ အပစ်အခတ်ရပ်စဲ‌ရေး ခိုင်မာ‌ရေးအတွက် ‌လေ့လာ‌စောင့်ကြည့်ဖို့ အပိုင်းကိုလည်း သ‌ဘောတူ ထားတာရှိပါတယ်။ ဒါ‌ကြောင့် ဒီစာချုပ်‌တွေကို အကုန်လုံးပြန်သုံးသပ်ပြီး‌တော့ အ‌ဖြေရှာဖို့လိုပါတယ်။ စာချုပ်‌တွေက အလကား ချုပ်ဆိုထားတာမဟုတ်ပါဘူး။ နှစ်ဖက်ကြားက သ‌ဘောတူထားတဲ့ အ‌ခြေခံက‌နေ ချုပ်ဆိုထားတာ ဖြစ်တဲ့အတွက်‌ကြောင့် ဒီစာချုပ်‌တွေရဲ့ ‌ဘောင်ထဲက‌နေ ‌ဖြေရှင်းသွားဖို့ လိုပါတယ်။

‌မေး- လတ်တ‌လော ပြဿနာကို ‌ဖြေရှင်းနိုင်မယ့် JMC လည်း အလုပ်မဖြစ်ဘူးလို့ ‌စော‌စောက ဆိုထားတယ်။ ဒီ JMC က ဘယ်လို အလုပ်မဖြစ်တာလဲ၊ ဒါကို‌ကော ဘယ်လို ပြုပြင်‌ပြောင်းလဲဖို့ လုပ်‌နေလဲ။
ဒီလိုမျိုး ပြဿနာဖြစ်ပြီးဆိုရင် JMC က သက်ဆိုင်ရာ အစုဖွဲ့ ဖွဲ့ပြီး‌တော့ သွားကြည့်ဖို့လိုပါတယ်။ ဒါ‌ပေမဲ့ ပြဿနာ ဖြစ်လာတဲ့ အ‌ခြေခံက JMC ရဲ့ တာဝန်က ‌ဆောင်ရန်၊ ‌ရှောင်ရန် အချက်‌တွေက အဓိပ္ပာယ် အပြည့်အဝ ‌ပေးထားဖို့ လိုပါတယ် နှစ်ဖက်တာဝန်ရှိသူ‌တွေက။ ဥပမာ- လမ်း‌ဖောက်တဲ့ ကိစ္စ၊ ဒီကိစ္စကို ကျ‌နော်တို့ ‌ပြောတာက ညှိနှိုင်း တိုင်ပင်ရမယ်။ ဒါ‌ပေမဲ့ သူတို့ ဘက်က ယူဆချက်က‌တော့ လမ်း‌ဖောက်တာ တပ်မ‌တော်ရဲ့အလုပ် ‌ဒေသဖွံ့ဖြိုး‌ရေး လုပ်တာပဲဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တဲ့ အခါမျိုးကျ‌တော့ အဲ့ဒါ JMC မှာ လမ်း‌ဖောက်တာ မပါ‌နေဘူး။ JMC က ဘယ်လို သွားပြီး‌တော့ ကြည့်မလဲ။ အမှန်တကယ်က နှစ်ဖက်တပ် ‌တွေ့ပြီး‌တော့ လမ်း‌ဖောက်တာက NCA ထဲမှာ မပါဘူး ဆိုရင်၊ လမ်း‌ဖောက်တဲ့ ကိစ္စကို ဘယ်လို သ‌ဘောတူညီချက်မျိုး နှစ်ဖက်ကြားမှာ ချမှတ်ထားဖို့ လိုသလဲဆိုတာကို ‌ဆွေး‌နွေးရမယ်။

အဲ့လို‌ဆွေး‌နွေးဖို့အတွက် နှစ်ဖက်တပ် ‌တွေ့ဆုံ ပွဲ‌တွေ ရှိရမယ်။ လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ အဲ့ဒါ ‌တွေကို ‌တောက်‌လျှောက် မလုပ်နိုင်ခဲ့ဘူး။ ‌တောက်‌လျှောက် ကိုယ့်ရဲ့ ရပ်တည်ချက်နဲ့ သွားတဲ့ ပုံစံမျိုးက ‌နောက်ပိုင်း ကျ‌နော်တို့ ကြားမှာ ယုံကြည်မှုကို ထိခိုက်သွားတဲ့ ပုံစံဖြစ်သွားတယ်။ လက်မှတ်‌တော့ ထိုးထား တယ်၊ ‌ဆွေး‌နွေး ဖို့လည်းရှိတယ်။ ဒါ‌ပေမဲ့ တစ်ဖက်က ‌အောက်‌ခြေမှာ တပ်‌တွေကို ဖြန့်ပြီးတိုးချဲ့လာတဲ့ ပုံစံ‌တွေ ဒါ‌တွေ ဖြစ်လာတဲ့ အခါကျ‌တော့ ကျ‌နော်တို့ဘက်က‌တော့ ဒါဟာ NCA ကို တစ်ဖက်သတ်အသုံးချပြီး‌တော့ အခွင့်အ‌ရေးယူတာပဲ ဆိုတဲ့ Negative ပြန်မြင်လာတာ‌ပေါ့။ နှစ်ဖက် သ‌ဘောတူညီတဲ့ ကိစ္စမရှိဘဲနဲ့ လုပ်‌ဆောင်တဲ့ချက် မှန်သမျှ ဒီအချိန်မှာ‌တော့ ကျ‌နော်တို့ဘက်က ကိုယ့်ကိုယ်ကိုကာကွယ်ပိုင်ခွင့်ဆိုတဲ့ အ‌ခြေခံ‌ပေါ်မှာမူတည်ပြီး‌တော့ ပြန်ပြီးတွန်းလှန် ရခြင်းပဲ ဖြစ်ပါတယ်။

‌မေး- ‌နောက်ဆုံး ဘာဖြည့်စွက်‌ပြောချင်‌သေးလဲ။
ကျ‌နော်တို့ နှစ်ဖက်ကြားမှာ နှစ်ဖက်က လက်ခံတဲ့ Mechanism မရှိဘဲနဲ့ တစ်ဖက်ကို တစ်ဖက် အဲ့လို စွပ်စွဲ‌နေတဲ့ ကိစ္စက ကျ‌နော်တို့ တည်‌ဆောက်‌နေတဲ့ ငြိမ်းချမ်း‌ရေးအတွက် ပိုပြီး‌တော့မှ အ‌နှောင့် အယှက်ဖြစ်သွား‌စေတယ်။ ဆိုတဲ့ အဲ့ဒီတစ်ချက်ကို ‌ပြောလိုပါတယ်။ ဒါကို ‌ပြေလည်‌အောင် လုပ်ဖို့ ဆိုရင်‌တော့ နှစ်ဖက်တပ် အမြန်ဆုံး‌တွေ့ဖို့ လိုတယ်။ ပြီးလို့ရှိရင် နှစ်ဖက် လက်ခံနိုင်တဲ့ ယန္တရားကို ချဖို့လိုတယ်။

အဲ့ဒီ ယန္တရားကို အ‌ခြေခံပြီး‌တော့ ကျ‌နော်တို့ အပစ်အခတ်ရပ်စဲတဲ့ နယ်‌မြေမှာ အကျိုးသက်‌ရောက်မှု ရှိပြီး‌တော့ အ‌ကောင်အထည် ‌ဖော်ခြင်းအားဖြင့် နှစ်ဖက်စလုံးက ကိုယ်လုပ်ချင်တဲ့ ကိစ္စရပ်တိုင်းကို လုပ်လို့ မရဘဲနဲ့ နှစ်ဖက် လက်ခံတဲ့ အ‌ခြေခံက‌နေ လုပ်သွားဖို့လိုပါတယ်။ ဒီက‌နေ့ ကျ‌နော်တို့ Code of Conduct ‌တွေ လုပ်ထားတယ်၊ JMC ‌တွေလုပ်ထားတယ်။ ဒါ‌ပေမဲ့ နှစ်ဖက်လက်ခံတဲ့ အ‌ခြေခံနဲ့ ပတ်သက်လို့ ဆက်ပြီး‌တော့ ‌ဆွေး‌နွေးဖို့ လိုပါတယ်။

အဲ့အပိုင်းကို ဆက်မသွားဘဲနဲ့ ဒီအတိုင်း တစ်ဖက်သတ် စွပ်စွဲမှု‌တွေ လုပ်‌နေသမျှက‌တော့ သူစွပ်စွဲ ကိုယ်စွပ်စွဲနဲ့ ကျ‌နော်တို့ ဘယ်မှမ‌ရောက်ဘဲနဲ့ ‌နောက်ဆုံး ကျ‌နော်တို့ အားလုံး ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာဖြစ်မယ် ဆိုတာကို ‌ပြောချင်ပါတယ်။