Home သတင်း အရပ်သား ၂ ဦးပစ်သတ်ခံရမှု စစ်တပ်နှင့် KNU အပြန်အလှန် စွပ်စွဲ

အရပ်သား ၂ ဦးပစ်သတ်ခံရမှု စစ်တပ်နှင့် KNU အပြန်အလှန် စွပ်စွဲ

2513

ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယမန်‌နေ့ (ဇန်နဝါရီ ၁၉ရက်)က ဖြစ်ပွားခဲ့သည့် ‌ကျောက်ကြီးမြို့နယ်မှ အရပ်သား ၂ ဦး ပစ်သတ်ခံရမှု နှင့်ဖြစ်စဉ်ပတ်သက်ပြီး စစ်‌ရေးတင်းမာမှု ဖြစ်ပွား‌နေသည့် မြန်မာ့တပ်မ‌တော်နှင့် KNU-ကရင်အမျိုးသား အစည်းအရုံးတို့အကြား အပြန်အလှန်စွပ်စွဲ ထုတ်ပြန်ခဲ့ကြသည်။

တပ်မ‌တော် သတင်းမှန် ပြန်ကြား‌ရေးအဖွဲ့၏ ယမန်‌နေ့ (ဇန်နဝါရီလ ၁၉) သတင်းထုတ်ပြန်ထားချက်တွင် ‌ကျောက်ကြီးမြို့နယ်၊ မူသဲ‌ကျေးရွာအ‌ရှေ့ဘက် ၈ မိုင်ခန့်အကွာလုံခြုံ‌ရေးတပ်စခန်း၏ အ‌ရှေ့ဘက်တွင် မွန်းလွဲ ၁ နာရီ ၁၅မိနစ်ခန့်က ပစ်ခတ်သံကြား၍ သွား‌ရောက်စစ်‌ဆေးရာ စခန်း၏ မီတာ ၁၂၀ဝ ခန့်အကွာတွင် ‌ဒေသခံ အရပ်သားနှစ်ဦး လက်နက်ငယ်ဒဏ်ရာများဖြင့် ‌သေဆုံးလျက်‌တွေ့ရှိခဲ့‌ကြောင်း ဆိုသည်။

ထို့အပြင် အဆိုပါ အရပ်သားနှစ်ဦးမှာ ‌ကျောက်ကြီးမြို့၊ ‌တောင်ငူတန်း ရပ်ကွက်တွင် ‌နေထိုင်သူ အသက် (၅၄)နှစ်အရွယ် ဦးတာနှင့် အသက် (၄၂) နှစ်အရွယ် ဦးထွန်းစိုးတို့ဖြစ်ပြီး ၎င်းတို့ကို KNU တပ်မဟာ (၅) ပြည်သူ့စစ်တပ်ရင်း(၁)အဖွဲ့မှ ပစ်သတ်ခဲ့ခြင်းဖြစ်‌ကြောင်းနှင့် ၎င်းအရပ်သားနှစ်ဦးထံမှလည်း ‌ဈေး‌ရောင်းရ ‌ငွေများကို လုယက်ယူ‌ဆောင်သွားခဲ့ကြ‌ကြောင်း တပ်မ‌တော်ဘက်က ထုတ်ပြန်ခဲ့သည်။

သို့‌သော် KNU ဘက်မှ ပြန်လည်ထုတ်ပြန်ချက်အရ ယမန်‌နေ့ ၁၉ ရက်‌နေ့၊ နံနက် ၇ နာရီ အချိန်တွင် KNU တပ်မဟာ (၃) နှင့် တပ်မဟာ(၅)အကြားရှိ လားတာ(နယ်ခြား) စခန်းဝန်းကျင်တွင် တပ်မ‌တော်၏ ရမ်းသန်း ပစ်ခတ်မှု‌ကြောင့် အသက် (၅၇) နှစ်အရွယ် ဦးတာ နှင့် အသက် (၄၂) နှစ်အရွယ် ဂျီဖိုးဆိုသူ အရပ်သား နှစ် ဦး‌သေဆုံးသွားခဲ့‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ အရပ်သား‌သေဆုံးရာ‌နေရာသည် တပ်မ‌တော်စခန်းများသာရှိ‌ကြောင်းနှင့် တပ်မ‌တော် ၏ ‌ခြေမြန်တပ်ရင်း(ခမရ-၅၇)မှ ဇန်နဝါရီလ ၁၆ ရက်‌နေ့ကရွာသားများအ‌နေဖြင့် ရွာပြင်ကိုက်(၅၀)ထက် ‌ကျော် လွန်၍ သွားလာခြင်းမပြုရန်နှင့် သွားလာပါက လုံခြုံ‌ရေးအရ ပစ်ခတ်ရမည်ဖြစ်‌ကြောင်း မူသဲ‌ဒေသခံ ‌ကျေးရွာတာဝန်ရှိသူ ‌စော‌စေး‌ခေ‌သော၊ ‌စောခင်သန်းမူး၊ ‌စော‌ဂေ‌နေမူး နှင့် ‌စောဖား‌နေတို့ကို‌ခေါ်ယူ သတိ ‌ပေးထား‌ကြောင်းလည်း KNU ပြန်ကြား‌ရေးဌာန၏ သူး‌လေသတင်းစဉ် စာမျက်နှာ၌ ‌ဖော်ပြထားသည်။

လတ်တ‌လော ထွက်‌ပြေး‌နေရသည့် ဟဲဒဲ‌ကျေးရွာ ‌ဒေသခံ‌စောဝါးသိုက “သူတို့(စစ်တပ်)ဗိုလ်က ‌ပြောထား တာရှိတယ်။ သူတို့ အနီးအနားမှာသွားရင် အကုန်ပစ်ဖို့ ‌ပြောထားတယ်။ အခု ကျ‌နော်တို့ ရွာသား‌တွေ ဘယ်ကိုမှသွားလို့ လာလို့မရဲ‌တော့ဘူး။ မူသဲနဲ့ ကျ‌နော်တို့ ရွာဘက်ကို ဆက်သွယ်ထားတဲ့ ကျ‌နော်တို့ အမြဲ ဆန်၊ ဆီ၊ ဆား သွားဝယ်စားတဲ့လမ်းကို စစ်တပ်ဘက်က မူသဲရွာသား‌တွေကို မသွားလာဖို့ အကုန်ပိတ်ထား တယ်” ဟု ယမန်‌နေ့က ‌ကေအိုင်စီသို့‌ပြောသည်။

KNU တပ်မဟာ(၅) အ‌နေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုသည် NCA စာချုပ်ပါ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့် ဝတ်များ၊ Code of Conduct အခန်း(၃)ပါ ပြဌာန်းချက်များကို ချိုး‌ဖောက်ခဲ့‌ကြောင်း ‌တွေ့ရှိရသဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ(ပြည်နယ်အဆင့်) Joint Ceasefire Monitoring Committee၊ State Level နှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန (NRPC)သို့ ကန့်ကွက်အ‌ကြောင်းကြားသွားမည်ဖြစ်‌ကြောင်း တပ်မ‌တော်ဘက်က ထည့်သွင်း‌ဖော်ပြထားသည်။

ထို့အတူ ၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နယ်‌မြေအတွင်း ၂၀၂ဝ ပြည့်နှစ်မှ ယခုအချိန်အထိ KNU တပ်မဟာ (၅) အ ‌နေဖြင့် ‌နှောင့်ယှက်ပစ်ခတ်မှု ၆ ကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါနယ်‌မြေအတွင်း တပ်မ‌တော်မှ လုံခြုံ‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်‌ပေးလျက်ရှိ‌ကြောင်းနှင့် ယခုဖြစ်စဉ်အား ဖြစ်စဉ်မှန်‌ပေါ်‌ပေါက်‌စေ‌ရေး ဆက်လက်စုံစမ်းစစ်‌ဆေး ‌ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆက်လက် ‌ဖော်ပြထားသည်။

သို့‌သော် KNU တပ်မဟာ (၅)၏ ‌ပြောခွင့်ရ ပဒို မန်းမန်းမန်းက “ ကျ‌နော်‌ပြောချင်တာက တပ်မဟာ (၅)မှာ တပ်မ‌တော်ဘက်က ထုတ်ပြန်ထားသလိုမျိုး ပြည်သူ့စစ်တပ်ရင်း(၁) ဆိုတာ မရှိဘူး။ ဒါက လိမ်တယ်ဆိုတာ ‌ပေါ်‌နေတာပဲ။ ကျ‌နော်တို့မှာ အဲ့လို တပ်ရင်းမျိုး တစ်ခါမှမရှိဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
လတ်တ‌လော KNU တပ်မဟာ (၅)၊ မူ‌တြော်(ဖာပွန်)‌ဒေသနှင့် တပ်မဟာ(၃) ခလယ်လွီထူး(‌ညောင်‌လေးပင်) ‌ဒေသတို့တွင် တပ်မ‌တော် နှင့် ၎င်းတို့ အကြားပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ‌ထောင်နှင့်ချီသည့် ‌ဒေသခံရွာသားများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဆဲဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌လည်း ဖာပွန်‌ဒေသ၌ ‌ဒေသခံ‌ကျေးရွာသူကြီး တစ်ဦး လက် နက်ကြီး ထိမှန်‌သေဆုံးခဲ့သလို ၁၂ အရွယ် က‌လေးငယ်တစ်ဦးလည်း ဦး‌ခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ယမန် ‌နေ့က ‌ကျောက်ကြီး‌ဒေသခံတစ်ဦးမှာလည်း လက်နက်ကြီး ကျည်ထိမှန်၏ အပြင်းအထန် ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။