Home သတင်း ဒုတိယအကြိမ် ဧရာဝတီတိုင်း လွှတ်‌တော်အစည်းအ‌ဝေး‌ခေါ်ယူထားမှု ပြန်ပယ်ဖျက်

ဒုတိယအကြိမ် ဧရာဝတီတိုင်း လွှတ်‌တော်အစည်းအ‌ဝေး‌ခေါ်ယူထားမှု ပြန်ပယ်ဖျက်

1857

ဇန်နဝါရီ ၁၁ ရက်၊၂၀၂၁ ခုနှစ်။ ‌စောထွန်းလင်း

ဒုတိယအကြိမ် ဧရာဝတီတိုင်း‌ဒေသကြီးလွှတ်‌တော် ၂၅ ကြိမ်‌မြောက် ပုံမှန်အစည်းအ‌ဝေးကို ဇန်နဝါရီ ၁၄ ရက်တွင်ကျင်းပရန် ‌ခေါ်ယူထားမှု ပြန်လည်ပယ်ဖျက်လိုက်‌ကြောင်း ဧရာဝတီ တိုင်း‌ဒေသကြီး လွှတ်‌တော်က ယ‌နေ့ (ဇန်နဝါရီ ၁၁ ရက်) တွင် ထုတ်ပြန် ‌ကြေညာလိုက်သည်။

ယခုလို ဒုတိယအကြိမ် ဧရာတိုင်း‌ဒေသကြီးလွှတ်‌တော် ‌နောက်ဆုံး အစည်းအ‌ဝေး‌ခေါ် ယူထားမှုကို ပယ်ဖျက်လိုက်ရခြင်းမှာ လက်ရှိ ကိုဗစ် ‌ရောဂါ ထိန်းချုပ်‌ရေးဆိုင်ရာ‌နောက်ဆုံး သုံးသပ်ချက်များအရလည်း‌ကောင်း၊ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တက်‌ရောက်ရမည့် တတိယအကြိမ် ဧရာဝတီတိုင်း‌ဒေသကြီး ပုံမှန် အစည်းအ‌ဝေးများ ‌ခေါ်ယူရန် ကြိုတင်ပြင်ဆင်ခြင်းများ ‌ဆောင်ရွက်‌နေခြင်း‌ကြောင့်ဖြစ်သည်ဟု ဧရာဝတီတိုင်း‌ဒေသကြီး လွှတ်‌တော်ဥက္ကဋ္ဌ ဦး‌အောင်‌ကျော်ခိုင်က ‌ပြောသည်။

ယခင်က ဒုတိယအကြိမ် ဧရာဝတီတိုင်း‌ဒေသကြီး လွှတ်‌တော် ၂၅ ကြိမ်‌မြောက် ပုံမှန်အစည်းအ‌ဝေးကျင်းပရန် ယခင်နှစ် ဒီဇင်ဘာ ၁၆ ရက်ကတည်းက ‌ခေါ်ယူထားခြင်းဖြစ်သည်။

ဒုတိယအကြိမ် ဧရာဝတီတိုင်း‌ဒေသကြီး ‌နောက်ဆုံးအကြိမ် အ‌ရေး‌ပေါ်အစည်းအ‌ဝေးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်‌နေ့တွင် ပြုလုပ်ခဲ့ပြီး တပ်မ‌တော်သားလွှတ်‌တော်ကိုယ်စားလှယ်များ အပါအဝင် အစည်းအ‌ဝေးတက်‌ရောက်ခွင့်ရှိသူ စုစု‌ပေါင်း ၇၂ ဦးအနက်၊ ၆၄ ဦးတက်‌ရောက်ခဲ့ပြီး အစည်းအ‌ဝေးတွင် တိုင်း‌ဒေသကြီး တရားလွှတ်‌တော်၊ တရားသူကြီးအဖြစ် ‌ဒေါ်မိုးမိုး‌အေးကို အတည်ပြုခန့်အပ်ကာ လွှတ်‌တော်တွင် ကတိသစ္စာပြုခြင်းကို ‌ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ဧရာဝတီတိုင်း‌ဒေသကြီး လွှတ်‌တော်မဲဆန္ဒနယ် ၅၂ ‌နေရာနှင့် ကရင်၊ မွန် တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နေရာများ အားလုံးကို အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်က ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည်။