Home ရွေးကောက်ပွဲသတင်း ထိုင်း‌ရောက် မြန်မာအလုပ်သမားများ မဲ‌ပေးရန် အခက်အခဲများစွာကြုံခဲ့ဟု အစီရင်ခံစာတစ်ခုတွင် ‌ဖော်ပြ

ထိုင်း‌ရောက် မြန်မာအလုပ်သမားများ မဲ‌ပေးရန် အခက်အခဲများစွာကြုံခဲ့ဟု အစီရင်ခံစာတစ်ခုတွင် ‌ဖော်ပြ

1883

ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌စောထွန်းလင်း

ထိုင်းနိုင်ငံသို့ ‌ရောက်ရှိ‌နေသည့် မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် မဲ‌ပေးလို စိတ်မြင့်မား‌သော်လည်း မဲ‌ပေးရန် အခက်အခဲများစွာကြုံ‌တွေ့ခဲ့ရ‌ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည့် ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြေင်းလုပ်သားများ၏ ‌ရွေး‌ကောက်ပွဲအ‌ပေါ်သ‌ဘောထားအမြင် ဆန်းစစ်‌လေ့လာမှု အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာကို ထိုင်းအ‌ခြေစိုက် ပညာ‌ရေးနှင့်ဖွံ့ဖြိုးတိုးတက်‌ရေး ‌ဖောင်‌ဒေးရှင်း (FED) နှင့် ‌ရွေး‌ကောက်ပွဲ ဆိုင်ရာပြည်သူ့လှုပ်ရှား‌ရေးအဖွဲ့ (PACE) အဖွဲ့တို့က ‌ရွေး‌ကောက်ပွဲမတိုင်မီ ၂၀၂ဝ ပြည့်နှစ်၊ ‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်မှ မတ် ၁၅ ရက်အတွင်း ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများရှိရာ ‌ဒေသငါးခုတွင် အလုပ်သမား‌ပေါင်း ၁,၅၅၆ ဦး တို့ကို ‌တွေ့ဆုံ‌မေးမြန်းပြီး‌နောက် ယခုလို အစီရင်ခံစာထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်တမ်း‌ကောက်ယူရာတွင် ထိုင်း‌ရောက် မြန်မာလုပ်သား ငါးပုံ‌လေးပုံခန့်သည် ‌ရွေး‌ကောက်ပွဲကျင်းပမည်ကိုသိရှိပြီး မဲ‌ပေးလိုစိတ်အလွန်မြင့်မား‌ကြောင်း၊ မဲ‌ပေးလိုသူများအ‌နေဖြင့် မိမိ‌ရောက်ရှိရာ‌နေရာများတွင်သာ မဲ‌ပေးလို သည်ကို‌တွေ့ရ‌သော်လည်း လက်ရှိ ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာ‌ကောင်စစ်ဝန် ရုံးတို့တွင်သာ မဲ‌ပေးနိုင်ပြီး မဲသွား‌ပေးရာတွင်အများစုမှာ အဆင်မ‌ပြေဟု ‌ဖြေကြားခဲ့သည်ဟု အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

“‌နောင်‌ရွေး‌ကောက်ပွဲ‌တွေမှာ ဘန်‌ကောက်နဲ့ ချင်းမိုင်မြို့မှာ ‌နေထိုင်ခြင်းမရှိတဲ့ မြန်မာအလုပ်သမားများ မဲ‌ပေးနိုင်ဖို့ အခြားဖြစ်နိုင်တဲ့ နည်းလမ်း‌တွေကို စဉ်းစား‌ဆွေး‌နွေး ကြရမယ်”ဟု အစီရင်ခံစာ ပြုစုသူများ ‌ပြောသည်။

မြန်မာအလုပ်သမားများကို ‌ရွေးချယ်စစ်တမ်း‌ကောက်ယူရာတွင် မဲ‌ပေးချင်သူ ၇၃ ရာခိုင် နှုန်းရှိသည်ကို‌တွေ့ရ‌ကြောင်း၊ ကျန်မဲမ‌ပေးလိုသူများ၏ အဓိက အ‌ကြောင်းအရင်းမှာ လုပ်ငန်းခွင်တွင် ခွင့်မရ၍ဖြစ်သည်ဟု ‌ပြောဆိုသူ ၆ဝ ရာခိုင်နှုန်းရှိ‌ကြောင်း၊ ထို့အပြင် မဲသွား‌ပေးမည့်သူ ၅၁ ရာခိုင်နှုန်းမှာ မိမိ‌ရောက်ရှိရာ ‌ဒေသတွင်သာမဲ‌ပေးလို‌ကြောင်း၊ သံရုံးတွင် ကြိုတင်မဲသွား‌ပေးမည်ဟု ‌ဖြေဆိုသူမှာ ၂၂ ရာခိုင်နှုန်းရှိပြီး ‌နေရပ်ပြန်မဲ‌ပေးမည်ဟု ‌ဖြေဆိုသူ မှာ ၁၉ ရာခိုင်နှုန်းရှိ‌ကြောင်း အစီရင်ခံစာတွင်‌ဖော်ပြထားသည်။

အလုပ်သမားများ အ‌နေဖြင့် နိုင်ငံ‌ရေးပါတီများကို သိရှိမှုအပိုင်းတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီကို သိသူ ၈၇ ရာခိုင်နှုန်းရှိပြီး၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီကို သိသူ ၇၆ ရာခိုင်နှုန်းရှိကာ ကျန်သူများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ပြည်သူ့ ‌ရှေ့‌ဆောင်ပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့ပါတီ၊ မွန်ညီညွတ်‌ရေးပါတီ စသည်ဖြင့် ‌ဖြေဆိုသူများရှိ‌ကြောင်း သိရသည်။

ထိုသို့ အစီရင်ခံစာ ပြုစုရာတွင် သတင်းအချက်အလက်ရရှိမှုအကန့်အသတ်နှင့် နည်းစနစ်အကန့်အသတ်များ‌ကြောင့် ယခု‌တွေ့ရှိချက်များသည် ထိုင်းရှိမြန်မာ အလုပ်သမားအားလုံးကို ကိုယ်စားပြုနိုင်ခြင်းမရှိ‌သော်လည်း မဲ‌ပေးခွင့် အတားအဆီးများနှင့် ပတ်သက်၍ အ‌ထောက်အကူပြုမည်ဟု ယုံကြည်‌ကြေင်း အစီရင်ခံစာကို ဦး‌ဆောင် ပြုစုခဲ့သည် ထိုင်းအ‌ခြေစိုက် ပညာ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး ‌ဖောင်‌ဒေးရှင်း (FED) နှင့် ‌ရွေး‌ကောက်ပွဲ ဆိုင်ရာ ပြည်သူ့လှုပ်ရှား‌ရေးအဖွဲ့ (PACE) အဖွဲ့တို့က ‌ပြောသည်။

ထိုင်းအစိုးရ၏ စာရင်းများအရ ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားစုစု‌ပေါင်း ၁,၈၈၅,၈၇၂ ဦးရှိပြီး ယင်းတို့ထဲတွင် MOU ဖြင့် တရားဝင်လာ‌ရောက်သူ စုစု‌ပေါင်း ၇၁၂,၇၃၇ ဦးရှိ‌ကြောင်း ထိုင်းအစိုးရ၏ နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲအုပ်ချုပ်မှုရုံး၏ စာရင်းများတွင် ‌ဖော်ပြထားသည်။