Home သတင်း တပ်မ‌တော်၏ တိုက်ခိုက်မှုများအ‌ပေါ် နိုင်ငံတကာမှအ‌ရေး‌ပေါ် တုန့်ပြန်‌ဆောင်ရွက်ရန် KPSN တိုက်တွန်း

တပ်မ‌တော်၏ တိုက်ခိုက်မှုများအ‌ပေါ် နိုင်ငံတကာမှအ‌ရေး‌ပေါ် တုန့်ပြန်‌ဆောင်ရွက်ရန် KPSN တိုက်တွန်း

2837

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ ဖာပွန်‌ဒေသနှင့် ပဲခူးတိုင်း ‌ညောင်‌လေးပင်‌ဒေသတို့တွင် လတ်တ‌လောဖြစ်ပွား‌နေသည့် တပ်မ ‌တော်၏လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကို နိုင်ငံတကာမှအ‌ရေး‌ပေါ်တုန့်ပြန်‌ဆောင်ရွက်မှုများပြုလုပ်ရန် ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်-KPSN က ယ‌နေ့ (ဇန်နဝါရီ ၁၈ ရက်) ‌ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

တပ်မ‌တော်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု‌ကြောင့် ‌ဒေသခံ‌ကျေးရွာသားများ ထိခိုက်‌သေဆုံးမှုများ ဖြစ်‌ပေါ်‌နေ သလို ‌ဒေသခံ‌ထောင်နှင့်ချီ၍ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရမှုများမှာ နိုင်ငံတကာ ဥပ‌ဒေကိုချိုး ‌ဖောက်ရာ‌ရောက်ပြီး နိုင်ငံတကာမှ ပါဝင်ဖိအား‌ပေးရန်လိုအပ်‌ကြောင်း KPSN က ဆိုသည်။

ကွန်ရက်၏ ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “အခု စစ်တပ်ရဲ့ တိုက်ခိုက်မှု‌တွေက အရပ်သား‌တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာပဲ။ ‌ဒေသခံ‌တွေ‌နေတဲ့ ရပ်ရွာထဲ‌တွေမှာ လုပ်ကိုင်စား‌သောက်‌နေရာ‌တွေမှာ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်တာက နိုင်ငံတကာ ဥပ‌ဒေကို ချိုး‌ဖောက်‌နေတာပဲ။ အခုစစ်‌ပြေး‌ရှောင်‌တွေကို အကူအညီ‌ပေးဖို့ စစ်တပ် ဘက်က ပိတ်ဆို့တားမြစ်တာကလည်း နိုင်ငံတကာ ဥပ‌ဒေ ချိုး‌ဖောက်မှုတစ်ရပ်ပဲ။ အဲ့အတွက် အထူးသဖြင့် UN လုံခြုံ‌ရေး‌ကောင်စီနဲ့ နိုင်ငံတကာအ‌နေနဲ့ မြန်မာအစိုးရ နဲ့စစ်တပ်ကို ဖိအား‌ပေး‌ပြောဆိုဖို့လိုတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

တပ်မ‌တော်၏လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ‌ကြောင့် ‌ဒေသခံ ‌ကျေးရွာသူကြီးတစ်ဦး ထိခိုက်‌သေဆုံးပြီး၊ (၁၁)နှစ်အရွယ် က‌လေးငယ်တစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ‌ဒေသခံ (၃,၇၀၀)‌ကျော် ‌နေရပ်စွန့် ခွာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည့်အ‌ပေါ် အပြင်းအထန်ရှုတ်ချ‌ကြောင်း KPSN ၏ ထုတ်ပြန်ချက်၌ ဆိုထား သည်။

‌ကျေးရွာသူကြီး ထိခိုက်‌သေဆုံးသွားသည့်ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့က တပ်မ‌တော် အ‌ရှေ့ ‌တောင်တိုင်း စစ်ဌာနချုပ်၏ အမှတ်(၈) စစ်ဆင်‌ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ)၏ လက်‌အောက်ခံ ‌ခြေမြန် တပ်ရင်း (ခမရ-၄၀၄) တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် KNU တပ်မဟာ(၅) နယ်‌မြေ ဒွယ် လိုးမြို့နယ်၊ မဲချို‌ကျေးရွာအုပ်စုတွင် ‌တောင်ယာလုပ်ငန်းသွား‌ရောက်လုပ်ကိုင်‌နေသူ အသက်(၃၅) နှစ်အရွယ် ‌စောသာဆဲမှာ လက်နက်ကြီး ထိမှန်‌သေဆုံးခဲ့မှုကို ဆိုလိုခြင်းဖြစ်သည်။

အလားတူ အသက် (၁၁) နှစ်အရွယ် က‌လေးငယ်တစ်ဦးထိခိုက်မှုဖြစ်စဉ်မှာလည်း တပ်မ‌တော်ဘက်က ထုတ်ပြန်ချက်တွင် KNLA ဘက်မှ လက်‌ဖြောင့်‌သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်းဆိုထားပြီး KNLA၏ ကနဦး ထုတ်ပြန်ချက်အရ တပ်မ‌တော်၏ လက်နက်ကြီး မဆင်မခြင်ပစ်ခတ်မှု‌ကြောင့် ထိခိုက်ခြင်းဖြစ်သည်ဟု ဆိုသည် ဖြစ်စဉ်ကို ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင် ထုတ်ပြန်ချက်ပါ ‌ဖော်ပြချက်အရ ‌ဒေသခံ‌ကျေးရွာသားများ မိမိ‌နေရပ် ပြန်နိုင်‌ရေးအတွက် တပ်မ‌တော် အ‌နေဖြင့် တပ်များကို ပြန်လည်ရုပ်သိမ်း‌ပေးပြီး တိုက်ခိုက်မှုများကို ရပ်တန့်ရန် ‌တောင်းဆိုထားပြီး မြန်မာ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ကူညီပံ့ပိုး‌ပေး‌နေသည့် ငြိမ်းချမ်း‌ရေး ပူး‌ပေါင်း ရံပုံ‌ငွေအဖွဲ့ အပါအဝင် နိုင်ငံတကာ အလှူရှင်များအ‌နေဖြင့်လည်း အပစ်ရပ်သ‌ဘောတူညီချက်စာချုပ်အ‌ပေါ်‌ဖျောက်ဖျက်‌နေမှုများ ရပ်တန့်သည် အထိကူညီ‌ထောက်ပံ့မှုများကို ဆိုင်းငံ့ထားသင့်‌ကြောင်းလည်း KPSN က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅)နယ်‌မြေ၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်‌ဝေ(မဲဝိုင်)‌ဒေသတွင် တပ်မ‌တော်နှင့် KNLA တို့အကြား ပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီး ‌ထောင်နဲ့ချီသည့် ‌ဒေသခံများထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်။

အလားတူ KNU တပ်မဟာ (၃)နယ်‌မြေ၊ ‌ညောင်‌လေးပင်ခရိုင်နှင့် တပ်မဟာ(၁)နယ်‌မြေ၊ သထုံခရိုင်တို့တွင် လည်းအလားတူ ပစ်ခတ်မှုများ ဖြစ်ပွား‌နေပြီး ‌ထောင်နှင့်ချီသည့် ‌ဒေသခံများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြ ရကာ စာသင်‌ကျောင်းများကိုလည်း ယာယီပိတ်ထားကြရ‌ကြောင်း ‌ဒေသခံများက ဆိုသည်။

KPSN ကို KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရတို့ကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး ‌ဖော် ‌ဆောင်မှုလုပ်ငန်းစဉ်ကို အ‌ထောက်အကူပြုရန်ရည်ရွယ်ပြီး ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်‌ထောင်ခဲ့ရာ လက်ရှိ မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသရှိ ကရင်လူထု အ‌ခြေပြုအဖွဲ့အစည်း‌ပေါင်း ၂၉ ဖွဲ့ပါဝင်သည်။