Home ဆောင်းပါး ကျယ်ပြန့်တဲ့ အ‌မြော်အမြင်၊ ‌ပျော့‌ပျောင်း‌သော ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေနဲ့ ‌ဆောင်ရွက်ကြပါ

ကျယ်ပြန့်တဲ့ အ‌မြော်အမြင်၊ ‌ပျော့‌ပျောင်း‌သော ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေနဲ့ ‌ဆောင်ရွက်ကြပါ

2146

ကျယ်ပြန့်တဲ့ အ‌မြော်အမြင်၊ ‌ပျော့‌ပျောင်း‌သော ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေနဲ့ ‌ဆောင်ရွက်ကြပါ

‌မောင်‌ကျော်စွာ

(၂၀၂၁ ဇန်နဝါရီ ၁ဝရက်)

ဘာ‌ကြောင့် ဒီ‌ခေါင်းစဉ်‌ပေးရတာပါလဲ။
ငြိမ်းချမ်း‌သော၊ ညီညွတ်‌သော၊ ဒီမိုက‌ရေစီရှိ‌သော၊ တန်းတူ‌သော၊ စစ်မှန်‌သော ပြည်‌ထောင်စု တိုင်းပြည်တစ်ခု ကို လိုလားကြသူ‌တွေထဲမှာ ကျ‌နော်တို့ ကရင်သတင်းစဉ်(KIC)လည်း ပါဝင်ပါတယ်။ ဒါ့အပြင် (KIC) ဝိုင်း‌တော်သား ပင်တိုင်‌ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ကျ‌နော့်အ‌နေနဲ့ ၂၀၂၁ခုနှစ်အတွက် ပထမဆုံးတိုက်တွန်းလိုတဲ့ ပန်ကြားချက်လည်း ဖြစ်‌နေလို့ ဒီလို ‌ခေါင်းစဉ်‌ပေးလိုက်ရတာပါပဲ။

ပန်ကြားရတဲ့ အရင်းခံအ‌ကြောင်းရင်းက‌တော့ စစ်မှန်တဲ့ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ပြည်‌ထောင်စုကို တည်‌ဆောက် တဲ့‌နေရာမှာ ကျယ်ပြန့်တဲ့အမြင်၊ ‌ပျော့‌ပျောင်းတဲ့ညှိနှိုင်း‌ဆွေး‌နွေးမှု‌တွေ မရှိမဖြစ်လိုအပ်တယ် ဆိုတဲ့အချက်ဖြစ်ပြီး လတ် တ‌လော အ‌ကြောင်းအချက်က‌တော့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နဲ့ မွန်ညီညွတ်‌ရေးပါတီ(MUP) ‌တွေ့ဆုံ‌ရေး အထစ်အ‌ငေါ့ ဖြစ်သွားရတဲ့ကိစ္စပါပဲ။ အရင်းစစ်အမြစ်‌မြေက ဆိုတဲ့စကားလို အခုလို ဖြစ်သွားရတဲ့ အထစ်အ‌ငေါ့ကိစ္စကို သူ့‌ကြောင့် ငါ့‌ကြောင့်လို့ အပြန်အလှန် လက်ညှိုးထိုးကြတာထက် အ‌ကြောင်းရင်းနဲ့ အကျိုးဆက်ကို နှစ်ပါတီစလုံးက ရှာ‌ဖွေနိုင်ကြဖို့သာ လိုအပ်ပါတယ်။

ကန်ထဲက ‌ရေဟာ မိမိ‌ကြောင့်ဖြစ်‌စေ၊ အခြားသူ‌ကြောင့်ဖြစ်‌စေ သို့တည်းမဟုတ် အ‌ကြောင်းတစ်စုံတစ်ရာ ‌ကြောင့်ဖြစ်‌စေ အနည်ထသွားတဲ့အခါ၊ ‌နောက်ကျိသွားတဲ့အခါ ‌ရေသန့်သန့်၊ ‌ရေကြည်ကြည် ရရှိလိုတယ်ဆိုရင်‌တော့ အချိန်တစ်ခု‌တော့ ‌ခေတ္တခဏ ‌စောင့်ဆိုင်းကြရမှာ‌ပေါ့ မဟုတ်ဘူးလား။ အခုလည်း ဒီသ‌ဘောပါပဲ။ ပြန်ပြီးကြိုးစားရမှာ ‌ပေါ့။ ဖြစ်ရပ်က‌နေ အ‌ကြောင်းနဲ့ အကျိုးဆက်သင်ခန်းစာကို နှစ်ဖက်စလုံးက သ‌ဘောထားမှန်ကန်စွာနဲ့ ရယူပြီး ‌နောက် ထပ် ဆက်ကာ ကြိုးစားကြရမှာပါ။

စစ်မှန်တဲ့ ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ တန်းတူ‌ရေးကို တကယ်တမ်းလိုလားသူ‌တွေ (လူပုဂ္ဂိုလ်‌တွေ/နိုင်ငံ‌ရေးပါတီ အဖွဲ့အစည်း‌တွေ) အကြားမှာ အစည်း‌ပြေ ‌သွေးကွဲ ‌ဝေးကွာသွားကြတာမျိုးကို အလျဉ်း မလိုလားပါဘူး။
စစ်မှန်တဲ့ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ တန်းတူ‌ရေးကို တကယ်တမ်းလိုလားတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပါတီအဖွဲ့အ စည်းတစ်ခုထဲအတွင်း၊ လူပုဂ္ဂိုလ်တစ်ဦးနဲ့တစ်ဦးအကြား၊ ပါတီအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုအကြား မတူညီတာ၊ ကွဲပြား တာဟာ သဘာဝကျစွာပဲ တည်ရှိမြဲ တည်ရှိ‌နေမှာသာ ဖြစ်ပါတယ်။

အဓိကကျတဲ့အချက်က တည်ရှိဖြစ်‌ပေါ်‌နေတဲ့ ပြဿနာကို ဘယ်လိုသ‌ဘောထား၊ ဘယ်လိုအမြင်၊ ဘယ်လိုရည် ရွယ်ချက်နဲ့ ကိုင်တွယ်‌ဖြေရှင်းကြမလဲဆိုတာက အ‌ရေးကြီးပါတယ်။ ထားရှိတဲ့ သ‌ဘောထား၊ အမြင်၊ ရည်ရွယ်ချက်နဲ့ ကိုင်တွယ်‌ဖြေရှင်းပုံနည်းလမ်း မတူညီရင် ရရှိလာမယ့် ရလဒ်ဟာလည်း မတူညီနိုင်ပါဘူး။ မညီညွတ်လိုတဲ့ သ‌ဘောထား အမြင်နဲ့ အစချီ‌ဖြေရှင်းမယ်ဆိုရင်‌တော့ အစည်း‌ပြေ‌သွေးကွဲမှုဆိုတဲ့ ရလဒ်ဘူတာကိုပဲ မလွဲမ‌သွေ ဆိုက်‌ရောက်သွားမှာ ပါ။ ညီညွတ်‌ရေးနဲ့ အစချီတယ်၊ တဆင့်မြင့်တဲ့ ‌သွေးစည်းညီညွတ်‌ရေးကို ‌မျှော်မှန်း‌ဆောင်ရွက်တယ်ဆိုရင် နှစ်ဖက်အ ကြားက သံသယလည်း ကင်းစင်ပြီး တဆင့်မြင့်တဲ့ သင့်မြတ်ချစ်ကြည် ‌သွေးစည်းမှုကို မုချရမှာပါပဲ။

ဒီ‌တော့ ကျ‌နော်တို့ဟာ မိတ်‌ဆွေများအဝန်းအဝိုင်းက ပြဿနာ‌တွေကို ကိုင်တွယ်‌ဖြေရှင်းကြရာမှာ ‘ညီညွတ် ‌ရေးက‌နေ အစချီ – ကြီးတဲ့အမှု ငယ်‌စေ – သံသယလည်းကင်း‌စေ – တဆင့်မြင့်တဲ့ ညီညွတ်‌ရေးလည်း ရ‌စေ’ ဆိုတဲ့ သ‌ဘောထားအမြင်နဲ့ ရင်ဆိုင်ကြုံ‌တွေ့လာရတဲ့ ကိစ္စတိုင်း ဖြစ်ရပ်တိုင်းကို ‌ဖြေရှင်းကြသင့်တယ် မဟုတ်ပါလား။

လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ လူမျိုးတစ်မျိုးထဲအတွင်းမှာ သို့တည်းမဟုတ် ဘာသာတစ်ခုနဲ့တစ်ခုအကြားမှာ ‌သွေးခွဲ ရန် တိုက်‌ပေးတယ်ဆိုတဲ့ အလုပ်ဟာ ‌ဖောက်ပြန်တဲ့အုပ်စိုးသူ‌တွေရဲ့ အရိုးစွဲ‌နေတဲ့ လုပ်မြဲတိုင်းလုပ်ရပ်‌တွေပဲ ဖြစ်ပါ တယ်။ သူတို့ မလုပ်ရဲတာ ဘာမှမရှိပါဘူး။ ရမယ်ဆိုရင် ‘ဘနဖူး သိုက်တူးမဲ့သူ‌တွေ’ပါ။ အဲဒီလို ‌ဖောက်ပြန်‌ရေးသမား ‌တွေက နှပ်‌ကြောင်း‌ပေးတဲ့၊ တီး‌ပေးတဲ့ စည်းချက်၊ ဆိုင်းချက်ထဲမှာ ကပြ၊ အသုံး‌တော်ခံရတဲ့ ဘဝမျိုး ကျ‌ရောက်သွား‌စေ မယ့်အဖြစ်မျိုးကို မ‌ရောက်ရှိ‌စေဖို့ အားလုံးမှာ နိုးကြားတဲ့သတိ အမြဲမပြတ်ရှိ‌နေကြဖို့ လိုအပ်ပါတယ်။

ဤမှ ‌နောင်အဖို့ အ‌လေးအနက် သတိပြု‌စေချင်တဲ့ “မဖြစ်နိုင်ပါ ၄ချက်” ရှိပါတယ်။
၁။ ပြည်တွင်းစစ်ကို သ‌ဘောထားအမှန်၊ နည်းလမ်းအမှန်နဲ့ မရပ်စဲနိုင်သမျှ စစ်မှန်တဲ့ ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ ပြည်‌ထောင်စုကို တည်‌ဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

၂။ စစ်အုပ်စုကို မဖယ်ရှား၊ မရှင်းလင်းနိုင်သမျှ၊ စစ်အုပ်စုက တပ်မ‌တော်ကို ခါးပိုက်‌ဆောင်တပ်သဖွယ် လုပ် ထားတာကို မဖယ်ရှား၊ မရှင်းလင်းနိုင်သမျှ စစ်မှန်တဲ့ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ပြည်‌ထောင်စုကို တည်‌ဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

၃။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေနဲ့ အခြားတည်ဆဲဥပ‌ဒေ‌တွေကို အ‌ပေါ်ယံ‌လောက်သာ ပြင်ဆင်ရုံမျှနဲ့လည်း စစ်မှန်တဲ့ ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ပြည်‌ထောင်စုကို တည်‌ဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

၄။ ဘယ်ပါတီပဲဖြစ်ဖြစ် ‌ရွေး‌ကောက်ပွဲမှာ ‌သောင်ပြိုကမ်းပြိုပဲနိုင်နိုင် – မိုးပြိုသလိုပဲနိုင်နိုင်၊ အဲဒီလိုနိုင်ကာမျှနဲ့ လည်း စစ်မှန်တဲ့ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ပြည်‌ထောင်စုကို တည်‌ဆောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။

ဒါ‌ကြောင့် အထူးသဖြင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာ လှုပ်ရှား‌နေကြတဲ့ နိုင်ငံ‌ရေးပါတီ‌တွေအ‌နေနဲ့ စစ်မှန် တဲ့ ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့ပြည်‌ထောင်စုကို ဦးတည်‌လျှောက်လှမ်းကြရာမှာ မိတ်‌ဆွေအဝန်းအဝိုင်းဆိုတဲ့ ‌ဘောင်ကို ကျယ်နိုင်သမျှ ကျယ်‌အောင် ချဲ့နိုင်သမျှ ချဲ့ကြ‌စေချင်ပါတယ်။

တန်းတူ‌ရေးနဲ့ ‌သွေးစည်းညီညွတ်‌ရေးကို ကြည့်မြင်တဲ့အခါမှာလည်း တစ်တိုင်းတစ်ပြည်လုံးရှု‌ထောင့် – လူမျိုး ‌ပေါင်းစုံပြည်သူများ ရှု‌ထောင့်က‌နေ ရပ်တည်ကြည့်မြင်ကြဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ လူမျိုးစုတစ်စု – ပြည်နယ်တစ် ခုရဲ့အ‌ရေး ဆိုတဲ့ ‌ထောင့်ကျဉ်းရှု‌ထောင့်က‌နေ ကြည့်မြင်‌နေလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ၃၆ဝ ဒီဂရီ ရှု‌ထောင့်က‌နေ တစ်ခွင်တစ်ပြင်လုံးကို ကြည့်ကြရမှာပါ။ တန်းတူ‌ရေးကသပ်သပ် – ‌သွေးစည်းညီညွတ်‌ရေးက သီးခြားစီ မဖြစ်နိုင်ပါဘူး။ ဆိုလိုချင်တာက ဘယ်ရှု‌ထောင့်က‌နေပဲကြည့်ကြည့် တန်းတူမှုကို အစဉ်တစိုက် ဦးတည်တဲ့ ‌သွေးစည်းညီညွတ်‌ရေးဖြစ် ပြီး – ‌သွေးစည်းညီညွတ်‌ရေးကို အစဉ်သဖြင့် ကာကွယ်ထိန်းသိမ်း‌စောင့်‌ရှောက်နိုင်တဲ့ တန်းတူ‌ရေးဖြစ်ဖို့ မလွဲမ‌သွေ လိုအပ်လှပါတယ်။

ဒါဟာ တစ်စိတ်တစ်ပိုင်းနဲ့ တစ်ခုလုံးရဲ့ အပြန်အလှန်‌ပေါင်းစည်းမှုဖြစ်ပါတယ်။ သစ်ပင်တစ်ပင်ချင်းနဲ့ သစ်‌တောကြီးတစ်ခုလုံးရဲ့ အပြန်အလှန် ‌ပေါင်းစည်းမှုမျိုးဖြစ်တယ်။ တစ်ပင်ချင်းသစ်ပင်‌တွေ မပါဝင်၊ မ‌ပေါင်းစည်းဘဲ သစ်‌တောကြီး မဖြစ်နိုင်သလို သစ်‌တောကြီးဆိုတာကိုလည်း တစ်ပင်ချင်းသစ်ပင်‌တွေ မပါဝင် မဖွဲ့စည်းဘဲနဲ့ ဘယ်လိုမှ ‌ခေါ်လို့မရနိုင်ပါဘူး။ ဒါ‌ကြောင့် ဘယ်နယ်ပယ်မှာမဆို ကျား/မ၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံ‌ရေးအယူအဆ ကွဲပြားမှုကို အ‌ကြောင်းပြုပြီး အခွင့်အလမ်းနဲ့ အဆင့်အတန်းညီမျှမှုကို ထိပါး‌နှောက်ယှက်ခြင်း၊ ကန့်သတ်စွက်ဖက်ခြင်း၊ တားမြစ်ချုပ်ချယ်ပိတ်ပင်ခြင်း စတဲ့ ဖိနှိပ်မှု‌တွေကို ဘယ်သူကမှ မပြုလုပ်နိုင်‌စေဖို့ ဖြစ်ပါတယ်။

ဒါ‌ကြောင့် တစ်ခုလုံးကိစ္စကို လျစ်လျူရှုပြီး ကချင်ကိစ္စ ကချင်လုပ်၊ ကယားကိစ္စ ကယားလုပ်၊ ကရင်ကိစ္စ ကရင် လုပ်၊ ချင်းကိစ္စ ချင်းလုပ်၊ မွန်ကိစ္စ မွန်လုပ်၊ ရခိုင်ကိစ္စ ရခိုင်လုပ်၊ ရှမ်းကိစ္စ ရှမ်းလုပ် ဆိုပြီး စသဖြင့် တသီးတခြား အကွဲ ကွဲ အပြားပြား လုပ်‌နေကြမယ်ဆိုရင် ‌ဖောက်ပြန်‌ရေးသမား‌တွေရဲ့ အကြိုက်ပဲ ဖြစ်မြဲ ဖြစ်‌နေပါလိမ့်မယ်။

နိဂုံးချုပ်ရ‌သော် စစ်မှန်တဲ့ဒီမိုက‌ရေစီနဲ့ စစ်မှန်တဲ့တန်းတူ‌ရေးကို တည့်မတ်တည်ကြည်စွာ ဦးတည်‌လျှောက် လှမ်း‌နေကြတဲ့ မိတ်‌ဆွေများအကြားမှာ မိမိအတွင်းပိုင်း‌ကြောင့်ဖြစ်‌စေ၊ အပြင်အပ ပ‌ယောဂ‌ကြောင့်ဖြစ်‌စေ အ‌ကြောင်း ကြီးငယ်ဖြစ်ရပ်‌တွေ၊ ပြဿနာ‌တွေ ‌ပေါ်‌ပေါက်လာတဲ့အခါမှာ ကျယ်ပြန့်တဲ့အ‌မြော်အမြင်၊ ‌ပျော့‌ပျောင်း‌သော ညှိနှိုင်း ‌ဆွေး‌နွေးမှု‌တွေနဲ့ အ‌ဖြေမှန် – ရလဒ်‌ကောင်း ရှာ‌ဖွေရရှိနိုင်ကြပါ‌စေလို့ တိုက်တွန်းလိုက်ပါရ‌စေ။