Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ်မဲစာရင်းများကို တပ်မ‌တော်က စိစစ်ထုတ်ပြန်‌နေသည့်အ‌ပေါ် မှတ်ချက်မ‌ပေးလိုဟု ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်‌ပြော

ကရင်ပြည်နယ်မဲစာရင်းများကို တပ်မ‌တော်က စိစစ်ထုတ်ပြန်‌နေသည့်အ‌ပေါ် မှတ်ချက်မ‌ပေးလိုဟု ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်‌ပြော

1629

ဇန်နဝါရီ ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ‌စောထွန်းလင်း

ပြီးခဲ့သည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်၍ ကရင်ပြည်နယ် မဲစာရင်းများကို တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့က စိစစ်ထုတ်ပြန်ထားသည့်အ‌ပေါ် မည်သို့မျှ မှတ်ချက်မ‌ပေးလို‌ကြောင်း ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အဲ့ဒါနဲ့ပတ်သက်လို့ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ‌ကြေငြာချက်‌တွေလည်း ထွက်ထားတာ ရှိတာပဲ‌လေ။ ကျ‌နော်တို့ ပြည်နယ်‌ကော်ခွဲ၊ ခရိုင်တို့ မြို့နယ်‌ကော်ခွဲတို့က‌တော့ ဘာမှ‌ပြောစရာမရှိပါဘူး”ဟု ယ‌နေ့ ဇန်နဝါရီ ၂၁ ရက်တွင် ‌ပြောသည်။

တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့၏ ဇန်နဝါရီ ၂ဝ ရက်ထုတ်ပြန်ချက်တွင် ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်၏ မြို့နယ်တွင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ထုတ်ပြန်ချက်အရ ဆန္ဒမဲ‌ပေးခွင့်ရှိသူ စုစု‌ပေါင်း ၁,၂၃၆,၈၃၈ ဦးရှိပြီး စိစစ်ရာ မဲ‌ပေးခွင့်ရှိသူစာရင်းမှာ ၁,၁၉၂,၃၄ဝ ဦးရှိပြီး မဲမသာမာမှုပြုနိုင်သည့် ထပ်‌နေသည့်မဲစာရင်း ၁၃,၂၄၇ ဦးရှိ‌ကြောင်း ‌ဖော်ပြထားသည်။

ယခုလိုထုတ်ပြန်မှုအ‌ပေါ် ပြည်နယ်အတွင်းရှိ မဲ‌ပေးခဲ့သည့် မဲဆန္ဒရှင်များက ဖြစ်စဉ်အမှန်ကို ခိုင်လုံ‌သောအ‌ထောက်အထားများဖြင့် သိရှိခွင့်ရရှိ‌ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများမှ ပွင့်လင်းမြင်သာစွာ ရှင်းလင်း‌ပေးရန် ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုက ရက်တစ်ပါတီက (ယ‌နေ့)ဇန်နဝါရီ ၂၁ ရက်တွင် ‌ကြေငြာချက်ထုတ် ‌တောင်းဆိုထားသည်။

“အခုက တပ်မ‌တော်ကလည်း ဖြစ်နိုင်‌ခြေကို သူ‌ပြောတယ်။ ဒါ‌တွေကို ရှင်းပြ၊ ထုတ်ပြ‌ပေါ့။ အမှုဖြစ်လာရင်‌တော့ သူတို့ ချိတ်ပိတ်ထားတဲ့ မဲစာရင်း‌တွေ ချပြရင်‌တော့ ဒါအ‌ကောင်းဆုံး ‌ပေါ့”ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ (၁) ‌စောမြတ်ထွဋ်ဝင်း (ခ) ကိုဆွိက ‌ပြောသည်။

ပြီးခဲသည့် ၂၀၂ဝ ပါတီစုံ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်တွင် မဲ‌ပေးမှုရာခိုင်နှုန်းမှာ ၅၃.၅ဝ ရာခိုင်နှုန်းသာရှိ‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ထားသည်။