Home သတင်း “ကရင်အမျိုးသား‌ရေးလက္ခဏာ မ‌ပျောက်‌အောင် ထိန်းသိမ်း‌တော်လှန်ရမည်”‌ခေါင်းစဉ်ဖြင့် စာ‌ပေပြိုင်ပွဲပြုလုပ်

“ကရင်အမျိုးသား‌ရေးလက္ခဏာ မ‌ပျောက်‌အောင် ထိန်းသိမ်း‌တော်လှန်ရမည်”‌ခေါင်းစဉ်ဖြင့် စာ‌ပေပြိုင်ပွဲပြုလုပ်

1858

ဇန်နဝါရီ ၂၁ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် နှစ်စဉ်ကျင်းပမြဲ ရိုးရာ‌ကောက်သစ်စားပွဲအကြို အထိမ်းအမှတ်အ‌နေဖြင့် ‌ဖော့ ‌ကော်‌ကေ စာယဉ်မှ ဇန်နဝါရီ ၂ဝ ရက်‌နေ့တွင် “ကရင်အမျိုးသား‌ရေးလက္ခဏာ မ‌ပျောက်‌အောင် ထိန်းသိမ်း‌တော်လှန်ရမည် ” ဟူ‌သော ‌ခေါင်းစဉ်ဖြင့် ‌ကောက်သစ်အထိမ်းအမှတ် စာ‌ပေပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသွားသည်။

ဝင်း‌ရော်‌ဒေသ ဒိုင်လွှတ်+တမို‌ဝေါင်းရပ်မှ ဇန်နဝါရီလ ၂၇ ရက်‌နေ့တွင် ကျ‌ရောက်‌တော့မည့် ၃၁ ကြိမ်‌မြောက် ကရင်တိုင်းရင်း သားတို့၏ ရိုးရာ‌ကောက်သစ်စားပွဲတွင် နှစ်စဉ် ကရင်စာ‌ပေပြိုင်ပွဲ ကျင်းပ‌လေ့ရှိပြီး တို့‌ကျေးရွာ ‌ကောက်သစ်စားပွဲ၊ တို့ဌာ‌မြေ တို့ကာကွယ်ရမည်၊ အမျိုးသား‌ရေးလက္ခဏာ မ‌ပျောက်‌အောင် ထိန်းသိမ်း‌တော်လှန်ရမည်ဖြင့် ‌ပေးထားသည့် ကဗျာ၊ ‌ဆောင်းပါး ‌ခေါင်းစဉ် များကို ကရင်စာဖြင့် ‌ရေးသားယှဉ်ပြိုင်ကြသည်ဟု စာပြိုင်ပွဲတာဝန်ရှိသူမှ ‌ပြောသည်။

‌ဖော့‌ကော်‌ကေစာယဉ်အဖွဲ့ ဦး‌ဆောင်သူ ‌စော‌ယောင့်သာအဲဆန်က“ ရိုးရာ‌ကောက်သစ်စားပွဲ အကြိုအ‌နေနဲ့ ဒီကဗျာ‌ဆောင်းပါး ‌ခေါင်းစဉ်‌တွေကို ပြိုင်ပွဲပြုလုပ်‌ပေးတာပါ။ ဒီ‌ခေါင်းစဉ်‌တွေအ‌ပေါ်မှာ လူငယ်‌တွေသမိုင်း‌ကြောင်း ပို‌လေ့လာဖြစ်မယ်၊ စဉ်းစား‌တွေး ‌ခေါ်မှု‌တွေရှိလာမယ်။ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှုအ‌ရောင်ဆိုးခံရမှု‌တွေဖြစ်လာရင် သိရှိကာကွယ်နိုင်ဖို့ စာ‌ပေက‌နေ မီး‌မောင်း ထိုးပြချင်တာပါ”ဟု ဇန်နဝါရီ ၂ဝ ရက်‌နေ့ ‌ကေအိုင်စီသို့‌ပြောသည်။

ကဗျာ၊ ‌ဆောင်းပါး‌ခေါင်းစဉ်များကို လိုက်ထူ့လီ (လိက်ထူ့လီ)ပိုးကရင်စာ‌ပေဖြင့် ‌ရေးသားယှဉ်ပြိုင်ကြပြီး ‌ကျေးရွာ ၈ ရွာမှ လူငယ် ၊ လူလတ်အတန်းလိုက်ခွဲထားကာ ‌ပေးထားသည့် ‌ခေါင်းစဉ်အသီးသီးဖြင့် လူငယ် ၁၉၉ ဦး လာ‌ရောက်ယှဉ်ပြိုင် ‌ဖြေဆိုကြ သည်ဟု စာ‌ပေပြိုင်ပွဲကျင်းပ‌ရေး ဦး‌ဆောင်သူများထံမှ သိရသည်။

စာ‌ပေပြိုင်ပွဲ လာ‌ရောက်‌ဖြေဆိုသူ ‌စောအဲအဲက “ ကရင်အမျိုးသား‌ရေးလက္ခဏာ မ‌ပျောက်‌အောင် ထိန်းသိမ်း‌တော်လှန်ရမည် နဲ့ တို့ဌာ‌မြေ တို့ကာကွယ်ရမည် ‌ခေါင်းစဉ် ၂ ခု လာ‌ရောက်‌ရေးသားယှဉ်ပြိုင်တာပါ။ ကရင့်သမိုင်း‌တွေ ယဉ်‌ကျေးမှုစာ‌ပေသမိုင်း‌တွေ ကြို‌လေ့လာထားရတယ်‌ပေါ့‌နော်။ ဆုတစ်ဆု‌တော့ မှန်းထားတယ်။ သမိုင်းအ‌ကြောင်းအရာ‌တွေ ဓ‌လေ့ထုံးတမ်း အ‌မွေအနှစ်‌တွေ အများကြီး သိလာရတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ရိုးရာ‌ကောက်သစ်အထိမ်းအမှတ် ကရင်စာ‌ပေပြိုင်ပွဲကို ‌ခေါင်းစဉ်အလိုက် ဆု ၄ဝ ‌ကျော် လျာထားကာ ဇန်နဝါရီ ၂၇ ရက်‌နေ့ ‌ကောက်သစ်စားပွဲ‌တော်‌နေ့တွင် ဆုရသူများကို ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး ရိုးရာပွဲ‌တော်ကို ကိုဗစ်လမ်းညွှန်ချက်နှင့်အညီသာ အကျဉ်းချုံးကျင်းပသွားမည်ဟု ဦး‌ဆောင်သူများက ‌ပြောသည်။