Home သတင်း ကရင့်‌တော်လှန်‌ရေး‌နေ့ကို ‌နေရာ‌ပြောင်း၍ မကျင်းပနိုင်‌ကြောင်း KNLA တပ်မဟာ ၅ ထုတ်ပြန်

ကရင့်‌တော်လှန်‌ရေး‌နေ့ကို ‌နေရာ‌ပြောင်း၍ မကျင်းပနိုင်‌ကြောင်း KNLA တပ်မဟာ ၅ ထုတ်ပြန်

3180
Photo: Mutraw Information

ဇန်နဝါရီ ၂၅ရက်၊ ၂၀၂၁ခုနှစ်။ နန်း‌ဝေဖြိုးဇာ

KNU တပ်မဟာ ၅ ဖာပွန်မြို့နယ် ကွမ်းပင်ဝ‌ကျေးရွာအုပ်စု ထီး‌လော်‌သေထ ‌ကျေးရွာ၌ ၇၂နှစ်‌မြောက် ကရင့်‌တော်လှန် ‌ရေး‌နေ့ ကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ ‌နေရာ‌ပြောင်း‌ရွေ့ ကျင်းပမည်မဟုတ်‌ကြောင်း KNLA တပ်မဟာ ၅ ဘက်မှ ယ‌နေ့ ဇန်နဝါရီလ ၂၅ရက်‌နေ့တွင် အ‌ကြောင်းပြန်ထားသည်ဟု သိရသည်။

အဆိုပါ‌ကျေးရွာ၌ ကရင့်‌တော်လှန်‌ရေး‌နေ့ ကျင်းပမည့် ကိစ္စနှင့်ပတ်သက်၍ ကျင်းပခွင့်မပြုဘဲ KNLA တပ်မဟာ၅ ဌာန ချုပ်၊ ‌ဒေးပူနို့တွင်သာ ကျင်းပရန် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်မှ မှ ဇန်နဝါရီလ ၂၂ရက်‌နေ့တွင် ဖားအံမြို့ရှိ KNU တပ်မဟာများ ဆက်ဆံ‌ရေးရုံးမှတစ်ဆင့် စာပို့ အ‌ကြောင်းကြားခြင်းရှိသည့်အ‌ပေါ် KNLA တပ်မဟာ ၅ဘက်က ပြန်လည် အ‌ကြောင်းပြန်ခြင်းလည်းဖြစ်သည်။

၇၂နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့ ကျင်းပမည့် ထီး‌လော်‌သေထ‌ကျေးရွာတွင် KNU တပ်မဟာ ၅ အုပ်ချုပ်‌ရေးနယ် ‌မြေ ထီးသဘလူထ‌ကျေးရွာတွင်တည်ရှိပြီး မြန်မာအစိုးရဘက်မှ အပြည့်အစုံ အုပ်ချုပ်သည့် ‌ဒေသမဟုတ်သလို KNU အုပ်ချုပ်သည့် နယ်‌မြေတွင်သာ ကျင်းပခြင်းဖြစ်သည့်အတွက် တပ်မ‌တော်ဘက်မှ ‌စောဒက တက်၍မရ‌ကြောင်း KNLA တပ်မဟာ ၅ဘက်က ‌ပြောဆိုသည်။

KNLA တပ်မဟာ ၅ ‌ပြော‌ရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းမန်းက “တပ်မ‌တော်ဘက် ‌နေရာတကာ ကန့်ကွက်တာက သိပ်ပြီး ‌ပြောစရာမရှိဘူး။ ရိုး‌တောင်ရိုး‌နေပြီးလို့ ထင်ပါတယ်။ အဲ‌လောက်ပဲ မှတ်ချက်‌ပေးချင်တယ်။ အဓိကက နိုင်ငံ‌ရေးပြဿ နာကို နိုင်ငံ‌ရေးနည်းနဲ့ နိုင်ငံ‌ရေးဆန္ဒရှိဖို့ဘဲလိုအပ်တယ်။ အင်အားသုံးပြီး လိုက်ကန့်ကွက်မယ်၊ ‌ဆောင်ရွက်မယ် ဆိုရင် ‌တော့ ကျ‌နော်တို့ရဲ့နိုင်ငံ‌ရေးပြသနာ ၊ ပြည်တွင်းစစ်ပြသနာက ဘယ်‌တော့မှပြီးမှာမဟုတ်ဘူး။ ဒါကို သူတို့ဘက်က နားလည်သ‌ဘော‌ပေါက်ဖို့လိုလိမ့်မယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယခု ‌တော်လှန်‌ရေး‌နေ့ ကျင်းပသည့်‌နေရာသည် မိမိတို့ အုပ်ချုပ်သည့် ‌ဒေသ‌ကျေးရွာအတွင်းသာ ဖြစ်သည့်အတွက် မြန်မာအစိုးရအတွက်‌သော်လည်း‌ကောင်း၊ တပ်မ‌တော်တပ်ဖွဲ့ဝင်များအတွက်‌သော်လည်း‌ကောင်း တစုံတရာ အ‌နှောင့် အယှက် ဖြစ်‌ပေါ်‌စေနိုင်သည့် အ‌ခြေအ‌နေမရှိသည့်အတွက်‌ကြောင့် ထီး‌လော်‌သေထ ‌ကျေးရွာ၌သာ ကျင်းပမည်ဖြစ် သည့်အပြင် ကိုဗစ်ကာလဖြစ်သည့်အတွက် ‌တော်လှန်‌ရေး‌နေ့ကျင်းပသည့်‌နေရာတွင် ‌ဒေသခံမှလွှဲ၍ ပြင်ပလူများကို လာ‌ရောက်ခွင့်ပြုမည် မဟုတ်‌ကြောင်းလည်း တပ်မဟာ ၅၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ၎င်းမှာ နယ်‌မြေအုပ်ချုပ်မှု တိကျသတ်မှတ်ထားခြင်းမရှိသည့်အတွက် ဖြစ်လာသည့် သနာဟုယူဆ‌ကြောင်း တိုင်းရင်းသားနိုင်ငံ‌ရေး ‌လေ့လာသုံးသပ်သူ နိုင်ဗညားမွန်က ယခုလို မှတ်ချက်ပြု‌ပြောသည်။

၎င်းက “ကျ‌နော်သုံးသပ်မိတာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ နယ်‌မြေတိတိကျကျသတ်မှတ်ထားတာ မရှိတဲ့အ‌ပေါ်မှာ‌တော့ KNU ဘက်က ကြည့်ရင် KNU နယ်‌မြေလို့ ‌ပြောသလို တပ်မ‌တော်ဘက်ကကြည့်ရင် တစ်နိုင်ငံလုံးက သူတို့ရဲ့ အချုပ်အခြာ အာဏာပိုင်နယ်‌မြေနဲ့ ပုံစံနဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မတူတဲ့အခါမှာ ဒီကိစ္စမျိုးမှာ ကျ‌နော်ထင်တယ် ပြီးခဲ့တဲ့မွန်မှာလည်း ဖြစ်တာရှိတယ်။ ဒါက အပစ်ခတ်ရပ်ထားတဲ့အဖွဲ့မှာ စိုးရိမ်ရတဲ့ အချက်တစ်ချက်လို့ ကျ‌နော်က သုံးသပ်မိတယ်”ဟု နိုင်ဗညားမွန်က ‌ကေအိုင်စီသို့‌ပြောသည်။

ထီး‌လော်‌သေထ‌ကျေးရွာတွင် ၇၂နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကျင်းပရန်အတွက် အစီအစဉ်များ စတင်‌ဆောင်ရွက်‌နေပြီးဖြစ်သည့်အပြင် ‌ပျော်ပွဲရွှင်ပွဲအတွက် အားကစားပွဲ‌တော်များလည်း စတင်‌ဆောင်ရွက်‌နေပြီးဖြစ် ကာ ကရင်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို ယခင်နှစ်များနည်းတူ စစ်‌ရေးပြ အစီအစဉ်များဖြင့် ပြုလုပ်‌ဆောင်ရွက် သွားမည်ဖြစ်သည်ဟု သိရသည်။