Home ဆောင်းပါး အနာဂတ်နိုင်ငံ‌ရေးကို ဘယ်လို‌လျှောက်လှမ်းကြမလဲ

အနာဂတ်နိုင်ငံ‌ရေးကို ဘယ်လို‌လျှောက်လှမ်းကြမလဲ

3258

အနာဂတ်နိုင်ငံ‌ရေးကို ဘယ်လို‌လျှောက်လှမ်းကြမလဲ

S. မင်းခိုက်သူ

‘၂၀၂ဝ ပြည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများ ရရှိလိုက်သည့် အမြတ်များစွာထဲက ကရင်ပါတီများ ၏ နှိုး‌ဆော်လှုပ်ရှား‌ပေးမှု‌ကြောင့် ကရင်ပြည်သူ လူထုသည် မိမိတို့လူမျိုးပါတီ အနိုင်ရရှိ‌ရေး အတွက် စည်းလုံးလာကြသည်။ နိုင်ငံ‌ရေးအသိ၊ အမျိုးသား‌ရေးအသိ နိုးကြားလှုပ်ရှားလာကြသည်။ သို့‌သော် မိမိတို့အမျိုးသား နိုင်ငံ‌ရေးတွင် နိုးကြားရ မှန်းမသိ၊ မိမိကိုယ်ကို မအားကိုးလို‌သော ကရင် အများစုက ကျန်‌သေးသည်ကို ‌တွေ့ရ‌လေသည်။’
=========================================================================

၂၀၂ဝ ပြည့်၊ နိုဝင်ဘာ ၈ ရက်‌နေ့တွင် မြန်မာ နိုင်ငံ၏ နိုင်ငံ‌ရေး အ‌ပြောင်းအလဲကို အ‌ဖြေ‌ပေး သည့် ပါတီစုံအ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲကြီးကို တတိယအကြိမ်အဖြစ် ကျင်းပလို့ ပြီးစီးသွားပါပြီ။ ‌ရွေး‌ကောက်ပွဲ ရလဒ်ကို ပြန်လည် ‌လေ့လာကြည့်ရာ တွင် အများဆုံးမဲရရှိပြီး အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိ‌သော ပါတီမှာ အဲန်အယ်ဒီပါတီကြီးပင် ဖြစ်သည်။ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးတွင် ဝင် ‌ရောက်ယှဉ်ပြိုင်ခဲ့‌သော အခြားပါတီများနှင့် ပါတီ ငယ်များမှာ (အနည်းငယ်သာ အနိုင်ရပြီး) အား လုံးနီးပါး ရှုံးနိမ့်သွားကြသည်ကို အားလုံးအသိပင် ဖြစ်သည်။

ထိုအထဲတွင် ပြည်နယ်‌ဒေသများ၌ တိုင်းရင်း သားပါတီများမှာ အနည်းငယ်စီ အနိုင်ရရှိသွား ကြသည်ကိုလည်း အားလုံးအသိပင်ဖြစ်သည်။ ယင်းအထဲတွင် ‌ကေပီပီပါတီသည် ၂၀၁၅ ခုကလို သံ‌တောင်မြို့နယ်တွင် ပြည်နယ်‌ဒေသအတွက် တစ်‌နေရာရရှိခဲ့သည်။ ကျန်‌သော ကရင်ပါတီများ မှာ တိုင်း ‌ဒေသကြီးနှင့် ပြည်နယ်‌ဒေသများ၌ တစ် ‌နေရာမှ အနိုင်မရရှိဘဲ အားလုံးရှုံးနိမ့်သွားကြသည်။အခြားတိုင်းရင်းသား ပါတီများ အသင့်အတင့် အနိုင်ရရှိပြီး ကရင်ပါတီမှာ အမျိုးသားလွှတ်‌တော် နှင့် ပြည်သူ့လွှတ်‌တော်တို့တွင် တစ်‌နေရာမှ အနိုင် မရရှိသဖြင့် ကရင်ပြည်သူများနှင့်အတူ များစွာ ဝမ်းနည်းမိပါသည်။

အဘယ့်‌ကြောင့် ကရင်ပါတီများ ရှုံးနိမ့်ရခြင်း ကိုလည်း ကရင်နိုင်ငံ‌ရေး‌လောကနှင့် ကရင်ပြည်သူ များ‌လောကတွင် အမျိုးမျိုး‌ဝေဖန် ‌ပြောဆိုကြသည် ကိုလည်း အားလုံးကြားသိကြပြီးဟု ဆိုချင်ပါ သည်။ စင်စစ် မည်သည့်တိုင်းရင်းသားမဆို နိုင်ငံ ‌ရေးလုပ်‌ဆောင်ရာတွင် နှစ်မျိုးသာရှိပါသည်။

၁။ တခြားပါတီများနှင့် ပူး‌ပေါင်းအားကိုးလျက် နိုင်ငံ‌ရေးကို လုပ်‌ဆောင်ခြင်း။
၂။ မိမိလူမျိုးတို့နှင့်သာ စုဖွဲ့ပြီးရပ်တည်လျက် နိုင်ငံ‌ရေးကို လုပ်‌ဆောင်ခြင်း တို့ပင် ဖြစ် သည်။

ယင်းသို့ နှစ်မျိုးကွဲပြား ရသည်မှာခံယူချက် ‌တွေး‌ခေါ်ချက်များ မတူညီ‌သော‌ကြောင့်ပင်ဖြစ် သည်။ နံပါတ်တစ် နိုင်ငံ‌ရေးကို လုပ်‌ဆောင်ရာတွင် အင်အားကြီး‌သော ပါတီကြီးများနှင့်‌သော်လည်း ‌ကောင်း မိမိတို့ နှစ်သက်‌သော နိုင်ငံ‌ရေးမူဝါဒရှိ နိုင်ငံ‌ရေးပါတီများနှင့် ‌သော်လည်း‌ကောင်း လုပ် ကြ‌လေ့ရှိသည်ကို ‌တွေ့ရပါသည်။ ပါတီကြီးများနှင့် နိုင်ငံ‌ရေး ပူး‌ပေါင်းလုပ်‌ဆောင်ခြင်းသည် ပင်ပန်းမှု နည်း‌ပေလိမ့်မည်။ လက်ရှိအ‌ခြေအ‌နေအရ မိမိ၏အရည်အချင်းများကို သိပ်ပြီးမထုတ်သုံးရဘဲ ပါတီကြီးများ၏ အရှိန်အဝါဖြင့် ‌အောင်မြင်မှုများကို လွယ်ကူစွာရရှိနိုင်‌ကြောင်း ‌တွေ့မြင်ကြရပါလိမ့် မည်။ သို့‌သော် ယင်းအခွင့်အ‌ရေးမျိုးသည် ရာ သက်ပန် ရရှိမည်မဟုတ်‌ပေ။

တိုင်းရင်းသားများ၏ နိုင်ငံ‌ရေး‌ရေချိန် မြင့်လာ သည့်အခါ အရည်အချင်းပြည့်ဝ‌သော နိုင်ငံ‌ရေး သမားသာလျှင် ‌နေရာရရှိပါလိမ့်မည်။ အရည်အ ချင်း ရှိ‌သောနိုင်ငံ‌ရေးသမား(အမတ်)များကိုသာ ‌ရွေးချယ်ကြပါလိမ့်မည်။ ယင်းပါတီကြီးများတွင် မိမိလူမျိုးအတွက် လွတ်လပ်စွာ လုပ်‌ဆောင်နိုင်မှု မှာလည်း အားနည်း‌ပေလိမ့်မည်။ အ‌ကြောင်းမှာ ပါတီကြီးများ၏ မူဝါဒ‌အောက်တွင် ပိတ်မိပြီး မိမိ လူမျိုးအတွက် ဆန္ဒရှိသည့်အတိုင်း လုပ်‌ဆောင်လို့ မရနိုင်‌ပေ။ နိုင်ငံ‌ရေးလုပ်သူတိုင်း ပို၍သိ‌ပေလိမ့် မည်။ မိမိ‌ပြောလိုသည်ကိုပင် လွတ်လပ်စွာဖြင့် ‌ပြောဆိုလို့ မရသည်ကိုလည်း ‌တွေ့ရသည်။ အ‌ပြောအဆိုမှားသည်နှင့် ထုတ်ပယ်ခံရသည့် သာဓက ရှိပါသည်။

နံပါတ်နှစ် နိုင်ငံ‌ရေးကို လုပ်‌ဆောင်ရာတွင် မိမိတို့‌ခြေ‌ထောက်‌ပေါ် ရပ်တည်ပြီး မိမိကိုကိုယ် အားကိုးလျက် လုပ်‌ဆောင်ရ‌သော‌ကြောင့် လွန်စွာ ခက်ခဲ‌ပေလိမ့်မည်။ အဖက်ဖက်က မိမိလူမျိုးကို ပြန်လည်စည်းရုံး စုစည်းရသလို ‌ငွေ‌ကြေးများကို လည်း များစွာထုတ်သုံးရသည်။ ယင်းသို့လုပ် ‌ဆောင်ရာတွင် လွယ်လွယ်ကူကူဖြင့် ‌အောင်မြင်လိမ့် မည်မဟုတ်‌ပေ။ အ‌တော်ကို စွမ်း‌ဆောင်ကြိုးစား လုပ်နိုင်မှ ‌အောင်မြင်နိုင်ပါသည်။ ထို့‌ကြောင့် ယင်းနိုင်ငံ‌ရေးလုပ်‌ဆောင်မှု နံပါတ်နှစ်ကို လုပ် ‌ဆောင်ကြ‌သော ကရင်များသည် မူလပင်ကိုယ် မျိုးချစ်စိတ်‌ကြောင့်ဟုပဲ ဆိုဆို၊ မိမိလူမျိုးအကျိုးကို ပြည့်ဝစွာ လုပ်‌ဆောင်နိုင်ခြင်း မရှိသည့်တိုင်‌အောင် မိမိလူမျိုးအတွက် ရသင့်ရထိုက်‌သော အခွင့်အ‌ရေး များကို အများနည်းတူ ရရှိဖို့ရန် လုပ်‌ဆောင်‌နေ ကြသည်မှာ ထင်ရှားစွာ‌တွေ့ရ‌လေသည်။

စင်စစ် ကရင်အပါအဝင် တိုင်းရင်းသားပါတီ များ ‌ပေါ်‌ပေါက်လာရသည်မှာ အခြား‌သောပါတီ ကြီးများကို အားကိုးလို့မရခြင်း၊ ပါတီကြီးများ၏တိုင်းရင်းသားအ‌ပေါ် ‌ဆောင်ရွက်မှုများကို စိတ် တိုင်းမကျခြင်း၊ တိုင်းရင်းသားများ အခွင့်အ‌ရေး ပြည့်ဝစွာ မရရှိခြင်း၊ ဆုံးရှုံးခြင်းတို့‌ကြောင့် တိုင်း ရင်းသားများသည် မိမိတို့‌ခြေ‌ထောက်‌ပေါ် ရပ် တည်ပြီး မိမိကိုယ်ကိုအားကိုးရန် ‌ပေါ်‌ပေါက်လာ ရခြင်း ဖြစ်သည်ဟု နားလည်မိပါသည်။

သို့တွက်‌ကြောင့် ကရင်တိုင်းရင်းသား ပါတီ များသည်လည်း မိမိတို့လူမျိုးအတွက် ‌ပေါ်‌ပေါက် လာ‌သော ပါတီများဖြစ်ခြင်း‌ကြောင့် ကရင်ပြည်သူ များ၏ ‌လေးစားမှု၊ ချစ်ခင်မှုများကို ရယူနိုင်ရန် လိုအပ်သလို အင်အားကိုလည်း မဖြစ်မ‌နေ ရယူ ရမည်သာ ဖြစ်သည်။ ကရင်ပြည်သူများ နှစ်သက် လိုလာ‌သော နိုင်ငံ‌ရေး မူဝါဒများကို ချမှတ်ပြီး လုပ်‌ဆောင်ရမည်ဖြစ်သည်။ ကရင်ပြည်သူများ၏ အင်အားသည်သာ အဓိကလိုအပ်ချက်ပင် ဖြစ် သည်။ ကရင်ပြည်သူများ မလိုလား‌သော ပါတီ ကွဲပြားမှုကိုလည်း ‌ပေါင်းစည်းနိုင်ရန် ပြန်လည် သုံးသပ်ရမည်ဖြစ်သည်။ ကရင်ပါတီများ ရှုံးနိမ့် ရမှုကို တင်ပြ‌ပြောဆိုမှုများစွာအနက် ယ‌နေ့ ကရင် ပြည်သူ အများစု၏ ‌ပြောဆို‌ဆွေး‌နွေးမှုထဲတွင် ကရင်ပါတီကွဲပြားမှုကို အများဆုံး‌ပြောဆို ‌ထောက် ပြလာကြသည်ကို ‌တွေ့ရ‌လေသည်။

တစ်ခုတည်း‌သော ကရင်ပါတီဖြစ်ရန်ကို လိုလားနှစ်သက်ကြသည်။ တစ်ပါတီတည်း တည်ရှိ‌နေပါလျှင် လူငယ်များက ဝိုင်းရံရသည်မှာ ပိုမိုအဆင်‌ပြေ‌စေပါသည်။ ပါတီများလျှင် ဘယ် ဟာ ဝိုင်းရံရမည်ကိုပင် ဖြစ်ကုန်ကြပြီး ကရင် ပြည်သူများကလည်း ဘယ်ပါတီကို မဲထည့်ရမည် ကိုပင် ‌ဝေခွဲမရဖြစ်ကုန်သည်။ ပါတီ‌ပေါင်းစည်းမှု သည် လွန်စွာခက်ခဲလျက်ရှိသည်ကိုလည်း သိရှိ ရပါသည်။ သို့‌သော် ကရင်ပြည်သူများ၏ လိုလား ချက်ကို မဖြည့်ဆည်းနိုင်ပါလျှင် အနာဂတ်အတွက် အလားအလာ‌ကောင်းမည် မဟုတ်‌ပေ။ မိမိတို့ မူဝါဒကို အ‌သေ မဆုတ်ကိုင်ထားကြဘဲ မြန်မာ့ နိုင်ငံ‌ရေး ‌ရေချိန်မြင့်လာသည်နှင့် မိမိတို့မူဝါဒကို လည်း တဖြည်းဖြည်းချင်း တိုးမြှင့်သွားလျှင် မဖြစ်နိုင်ဘူး‌လော။ အဖက်ဖက်က စဉ်းစားပြီး လုပ်‌ဆောင်‌စေချင်ပါသည်။ သို့တွက်‌ကြောင့် နံပါတ်တစ်အ‌နေဖြင့် ပါတီ‌ပေါင်းစည်း‌ရေး (တစ် ပါတီတည်း)ကို ထားရှိနိုင်ရန် ဦးစွာကြိုးစား အား ထုတ်‌စေချင်ပါသည်။

မိမိတို့ပါတီဝင်များနှင့် ကရင်ပြည်သူများသည် ကျစ်ကျစ်လစ်လစ် ‌ပေါင်းစည်းဖွဲ့စည်းထားနိုင်မှ သာလျှင် ပါတီကြီးများကို ယှဉ်နိုင်ပါလိမ့်မည်။ ယခု ၂၀၂ဝ ပြည့်၊ နိုဝင်ဘာ ၈ ရက်‌နေ့က ကျင်းပ ပြီးစီးသွား‌သော ‌ရွေး‌ကောက်ပွဲကို ‌လေ့လာသုံးသပ် ‌သောအားဖြင့် တစ်ဖက်ပါတီကြီး၏ လူပုဂ္ဂိုလ် အရှိန်အဝါ (သို့မဟုတ်) ပုဂ္ဂိုလ်စွဲမှုသည် လွန်စွာ အင်အားကြီးမားလှသည်ကို ခန့်မှန်းသိကြ‌ပေလိမ့် မည်။ ပါတီကြီးကို ယှဉ်ပြိုင်နိုင်ရန်မှာ တိုင်းရင်း သားပါတီအားလုံးသည် စုပြီးယှဉ်ပြိုင်ဖို့ရန်ပင် မဆိုထားနှင့်ဦး။ များစွာ‌သော မြန်မာပါတီတို့သည် လည်း အားလုံးစု‌ပေါင်းပြီး ယှဉ်ပြိုင်လျှင်‌တောင် အသင့်အတင့်သာ နိုင်‌ခြေရှိနိုင်လိမ့်မည်ဟု ခန့် မှန်းနိုင်ပါသည်။ အ‌ကြောင်းမှာ ပြည်သူလူထုများ သည် နှစ်‌ပေါင်းများစွာ အ‌ကြောက်တရားကြီးက လွှမ်းမိုးခံခဲ့ကြသလို တစ်ဖက်ပါတီများ၏ အမျိုး မျိုး‌သော စည်းလုံးလှုံ့‌ဆော်မှု မှိုင်းများကို မိထား ကြခြင်း‌ကြောင့်လည်း‌ကောင်း၊ ကရင်ပြည်သူများ က အသိပညာနည်းပါးမှုနှင့် စည်းလုံးနိုင်မှုများ အားနည်းခြင်းဖြင့်လည်း‌ကောင်း ပါတီကြီးကိုသာ ပုံ‌အောပြီး မဲ‌ပေးလိုက်ကြသည်ကိုလည်း အားလုံး အသိပင် ဖြစ်သည်။ ကရင်အပါအဝင် တိုင်းရင်း သားပါတီများနှင့် မြန်မာ့ပါတီများရှိ ပါတီဝင်အချို့ သည် လွှတ်‌တော်အမတ် အရည်အချင်းထက်ပင် ‌ကျော်လွန်ပြည့်ဝ‌သော ပညာတတ်များစွာ ရှိပါ သည်။ သို့‌သော် ပါတီကြီး၏ လူပုဂ္ဂိုလ်အရှိန်အဝါ ကိုပင် မတိုးနိုင်ခဲ့‌ပေ။

သို့တွက်‌ကြောင့် ပါတီကြီးများနှင့် ယှဉ်ပြိုင်နိုင် ရန်မှာ ကရင်ပါတီကို စနစ်တကျ ပြန်လည်ဖွဲ့စည်း ရပါမည်။ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးမှ စတင်ပြီး မြို့နယ်၊ ရပ်ကွက်/‌ကျေးရွာ စ‌သော‌အောက်‌ခြေ အဆင့်ထိ စနစ်တကျကျစ်လစ်စွာ ပြန်လည်ဖွဲ့စည်း ပြီး ပါတီဝင်များနှင့်အတူ ပြည်သူများကို များစွာ စည်းလုံးထားနိုင်ရပါမည်။ အမာခံပါတီဝင် အင် အား မရှိပါလျှင် ‌အောင်မြင်ရန် မလွယ်‌ပေ။ ‌တောင့်တင်းခိုင်မာ‌သော ပါတီဝင်အင်အား ရှိထား ရပါမည်။ ကရင်ပါတီများအားလုံး စု‌ပေါင်းပြီး ကရင်ပြည်သူလူထု နှင့်အတူ အင်အားကြီးမား ‌အောင် ထူ‌ထောင်ရပါမည်။ ကရင်ပြည်သူများသည် တခဲနက်နိုင်ငံ‌ရေးတွင် စိတ်ဝင်စားမှုရှိရန် စည်းလုံး လှုံ့‌ဆော်‌ပေးနိုင်ရမည်။ နိုင်ငံ‌ရေးသင်တန်းများ ကိုလည်း ဖွင့်လှစ်ပြီး အမျိုးသား‌ရေး စိတ်ဓာတ်‌တွေ ကို ပြန်လည်အသက်သွင်းနိုင်ရပါမည်။

၂၀၂ဝ ပြည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများ ရရှိလိုက်သည့် အမြတ်များစွာထဲက ကရင်ပါတီများ ၏ နှိုး‌ဆော်လှုပ်ရှား‌ပေးမှု‌ကြောင့် ကရင်ပြည်သူ လူထုသည် မိမိတို့လူမျိုးပါတီ အနိုင်ရရှိ‌ရေး အတွက် စည်းလုံးလာကြသည်။ နိုင်ငံ‌ရေးအသိ၊ အမျိုးသား‌ရေးအသိ နိုးကြားလှုပ်ရှားလာကြသည်။ သို့‌သော် မိမိတို့အမျိုးသား နိုင်ငံ‌ရေးတွင် နိုးကြားရ မှန်းမသိ၊ မိမိကိုယ်ကို မအားကိုးလို‌သော ကရင် အများစုက ကျန်‌သေးသည်ကို ‌တွေ့ရ‌လေသည်။ ယင်းကရင်များ အကုန်ပါလာလျှင် ကရင်များ ‌မျှော်မှန်း‌သော နိုင်ငံ‌ရေးသို့ တဖြည်းဖြည်း တက် လှမ်း‌ရောက်ရှိနိုင်ပါလိမ့်မည်။

ကျွန်‌တော်တို့ ပန်းတ‌နော်မြို့နယ် အ‌ခြေအ‌နေ ကို အနည်းငယ်တင်ပြချင်ပါသည်။ ပန်းတ‌နော်မြို့ နယ်တွင် ကရင်လူဦး‌ရေသည် မြန်မာလူဦး‌ရေထက် များလှပါသည်။ ကရင်လူဦး‌ရေမှာ ၁၃၇ç၁၃၇ ရှိ ပြီး မြန်မာနှင့်အခြား လူဦး‌ရေမှာ ၁၃၂ç၅၃၉ ရှိပါ သည်။ ကရင်လူဦး‌ရေ ပိုများ‌သော်လည်း ကရင် ပါတီက အ‌ရွေးခံ‌သော အမတ်များသည် ရှုံးနိမ့်ခဲ့ရ ‌လေသည်။ စင်စစ် ကရင်လူဦး‌ရေသုံးပုံတွင် နှစ်ပုံ ‌လောက် ကရင်အမတ်များကို မဲထည့်လိုက်ပါလျှင် ကရင်အမတ်များမှာ အသာ‌လေး အနိုင်ရရှိနိုင်ပါ သည်။ ယခု‌တော့ ကရင်ဦး‌ရေ နှစ်ပုံ‌လောက်သည် ကရင်ပါတီ အမတ်များကို မဲမထည့်ကြခြင်း‌ကြောင့် ကရင်အမတ်များ ရှုံးနိမ့်ရခြင်း ဖြစ်သွားသည်။ စင်စစ် မြန်မာဦး‌ရေသည် ကရင်အမတ်များကို မဲထည့်‌ပေးမည်မဟုတ်‌သော်လည်း ကရင်ဦး‌ရေ (သို့မဟုတ်) ကရင်ပြည်သူများသည် မြန်မာအမတ် များကို မဲထည့်‌ပေးမည်မှာ ‌သေချာသည်။ ယင်း အ‌ကြောင်းအရာများကိုလည်း ကရင်ပြည်သူများ သည် သိရှိမှုအားနည်း‌ပေလိမ့်မည်။

အမှန်တကယ် မည်သည့်‌ဒေသမဆို အခြား လူဦး‌ရေထက် ကရင်ဦး‌ရေများ‌သော ‌ဒေသသည် ကရင်ပါတီများ နိုင်ကို နိုင်ရပါမည်။ သို့တွက်‌ကြောင့် အဖက်ဖက်က အသိပညာ ‌ပေးမှုသည် များစွာလိုအပ်‌ကြောင်း ‌ဖော်ပြ‌နေပါ သည်။

ကရင်ပြည်သူလူထုများကို သာမန်နားလည် ‌အောင် စည်းလုံးလို့မရ‌ပေ။ ထဲထဲဝင်ဝင် အသိ ပညာ‌ပေး စည်းရုံးနိုင်မှသာလျှင် ‌အောင်မြင်မှုကို ရရှိမည်ဖြစ်သည်။ ပန်းဖလက်များ‌ဝေခြင်း၊ သင် တန်း‌ပေးခြင်း၊ လိုအပ်သည်များကို ကူညီ‌ပေးခြင်း လူငယ်များပါဝင်လာ‌အောင် စည်းလုံး‌ပေးခြင်း စ‌သော အမျိုးသား‌ရေးစိတ်ဓာတ်‌တွေ ပြန်လည် နိုးကြားလာ‌အောင် ကြိုးပမ်း‌ဆောင်ရွက် နိုင်မှသာ လျှင် ၂၀၂၅ ခု ‌ရွေး‌ကောက်ပွဲတွင် အ‌ခြေအ‌နေ ‌ကောင်းလာနိုင်ပါသည်။

S. မင်းခိုက်သူ (P.T.N)