Home အမြင်သဘောထား ၂၀၂ဝ အလွန် အစိုးရသစ်နှင့် ငြိမ်းချမ်း‌ရေးလားရာကို ‌တွေးဆကြည့်ကြခြင်း

၂၀၂ဝ အလွန် အစိုးရသစ်နှင့် ငြိမ်းချမ်း‌ရေးလားရာကို ‌တွေးဆကြည့်ကြခြင်း

2286

ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်

လတ်တ‌လောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ်(NCA) လက်မှတ်‌ရေးထိုးထားတဲ့ KNU -ကရင်အမျိုးသားအစည်းအရုံးနှင့် တပ်မ‌တော်အကြား ဖာပွန်ခရိုင် မဲ‌ဝေ‌ဒေသမှာ ထိ‌တွေ့မှု တိုက်ပွဲ‌တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က‌နေ ၂၀၂ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲမတိုင်ခင်အထိ တိုက်ပွဲများပြင်း ထန်ခဲ့‌သော်လည်း ရုတ်တရက်ဆိုသလို တပ်မ‌တော်နှင့် ရက္ခိုင့်တပ်‌တော်အကြား တိုက်ပွဲများ ရပ်တန့်သွားခဲ့ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများပင် ဖြစ်‌ပေါ်လာခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာနယ်ပယ်အလိုက် ဦး‌ဆောင်သူ‌တွေရဲ့ ၂၀၂ဝ အလွန် ငြိမ်းချမ်း‌ရေး လားရာ ‌တွေးဆ‌မျှော်ရည်မှု‌တွေကို ဆက်သွယ်‌မေးမြန်းစုစည်း‌ဖော်ပြလိုက်ပါတယ်။

မန်း‌အောင်ပြည်စိုး (ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)-ဥက္ကဋ္ဌ)
အခုက ၂၀၂ဝအပြီးမှာ မတ်လ ‌လောက်မှာ အစိုးရသစ်တက်လာမယ်။ ဒီအစိုးရသစ်မှာလည်း ‌ရွေး‌ကောက်ပွဲမှာ အနိုင်ရတဲ့ NLD ပါတီက အရင်အစိုးရလူ‌တွေပဲ ဖြစ်ဖို့များတယ်။ ဖြစ်ဖို့များတဲ့အတွက် တစ်ခု နည်းနည်း‌လေး ‌မျှော်လင့်မိကြည့်တာက တိုင်းရင်းသား နိုင်ငံ‌ရေး ပါတီများကို အမျိုးသားညီညွတ်‌ရေး အစိုးရဖွဲ့‌စေတဲ့ ‌နေရာမှာ ပူး‌ပေါင်းပါဝင်ဖို့ ကမ်းလှမ်းတဲ့‌နေရာမှာ တစ်ဖက်ကလည်း ဒီဖက်လက်နက်ကိုင် အဖွဲ့အစည်း‌တွေရဲ့ သ‌ဘော ဆန္ဒ‌တွေကို‌ကော နည်းနည်း‌လေး ‌မေးမြန်းကြည့်မလားဆိုတဲ့သ‌ဘော‌ပေါ့။ ကျ‌နော်တို့ တိုင်းရင်းသားနိုင်ငံ‌ရေး ပါတီများကလည်း သ‌ဘောထား‌တွေ‌ပေးမယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း သ‌ဘော ထား‌တွေ‌ပေးမယ်။ ဒီကိစ္စ‌တွေကို ‌ဆွေး‌နွေးသွားနိုင်မယ်ဆိုရင်‌တော့ တစ်စုံတစ်ခု‌သော ငြိမ်းချမ်း‌ရေး အလားအ လာ‌ကောင်းများ ‌တွေ့ရမလားဆိုတဲ့ ‌မျှော်လင့်ချက်က‌လေး‌တော့ နည်းနည်း‌လေး မြင်ကြည့်ချင်တယ်။ ဒါ‌ပေမဲ့ ကျ‌နော် တစ်ဦးတည်းအ‌နေနဲ့‌တော့ သိပ်များများကြီး မ‌မျှော်လင့်ရဲဘူး။

ငြိမ်းချမ်း‌ရေးကို တကယ်တမ်းလိုလားတယ်၊ မြင်ချင်ကြတယ်ဆိုရင်‌တော့ တစ်‌ယောက်နည်းနည်းစီ‌တော့ ‌လျှော့ကြဖို့‌တော့ လိုတယ်။ ‌နောက်ပြီး ကိုယ်ပါဝင်သ‌ဘောတူ လက်မှတ်‌ရေးထိုးထားတဲ့ ကတိကဝတ်‌တွေ NCA မှာ ပါတဲ့ အ‌ကြောင်းအရာ‌တွေကိုလည်း အတတ်နိုင်ဆုံး အတိအကျ‌လေး လိုက်နာဖို့လိုတယ်။ အဲ့လို လိုက်နာ မှုမရှိဘဲ ကိုယ်ထင်ရာ ကိုယ်ဖြစ်ချင်ရာကိုပဲ ‌စောင်း‌ပေးပြီး ‌ဆောင်ရွက်မယ်ဆိုရင်‌တော့ ‌ရှေ့ဆက် ငြိမ်းချမ်း ‌ရေးက အလားအလာမ‌ကောင်းဘူး။ KNU ရဲ့ ဦးစီးဦး‌ဆောင်မှု ‌အောက်မှာရှိတဲ့ KNLA အ‌နေနဲ့ ဘက်က‌ရော ဘယ်‌လောက်ထိ သည်းခံ‌စောင့်ထိန်းနိုင်မလဲ၊ ဒီဘက် အစိုးရ စစ်တပ်ဘက်က‌ကော ဘယ်‌လောက်ထိ ‌လျှော့ ‌ပေါ့‌ပေးနိုင်မလဲ၊ ကိုယ်က အင်အားကြီးပါတယ်ဆိုပြီး နင်းကန်အနိုင်ယူပြီး‌တော့ တိုက်မယ် ခိုက်မယ်ဆို တိုင်း အနိုင်ရချင်မှ ရမယ်။ အနိုင်မရဘူးဆိုရင်‌တော့ ‌ရှေ့ဆက် သမိုင်းတစ်‌လျှောက်မှာ ဖြစ်ပျက်လာတဲ့ အ‌မွေ ဆိုးကြီးဖြစ်တဲ့ ပြည်တွင်းဆူပူ‌သောင်းကျန်းမှုက ဆက်လက်ပြီး‌တေ့ာ သွား‌နေအုံးမှာဖြစ်တယ်။ ကျ‌နော်တို့ တိုင်းရင်းသားပါတီ‌တွေ‌ကော အစိုးရ တပ်မ‌တော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်တဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ ညှိနှိုင်း‌ဆောင်ရွက်မှုကို လုပ်‌ပေးကြဖို့ လိုတဲ့အ‌ကြောင်းကို‌တော့ ‌ပြောလိုပါတယ်။

မန်း‌ကျော်ငြိမ်း (ကရင်အမျိုးသားပါတီ (KNP)- အ‌ထွေ‌ထွေအတွင်း‌ရေးမှူး)
ကျ‌နော်တို့ တိုင်းရင်းသား‌တွေ နဲ့ပတ်သက်လို့ အခုလက်ရှိ လုပ်‌နေတဲ့ ငြိမ်းချမ်း‌ရေး ခရီစဉ်ကလည်း ပြီးခဲ့တဲ့ ၅ နှစ်သက်တမ်းကို ပြန်ကြည့်ရင် ဘာမှ မယ်မယ်ရရ တိုးတက် မှုမရှိဘူး။ အဲ့ဒါကို သူတို့ပြန်သုံးသပ်ပြီး‌တော့မှ သွားမှဖြစ်မယ်လို့ ကျ‌နော်ထင်တယ်။ အစိုးရသစ်အ‌နေနဲ့က တပ်နဲ့ ဆက်ဆံ‌ရေးကို ဘယ်လို ဆက် သွားကြမလဲ။ တစ်‌ယောက်နဲ့ တစ်‌ယောက် တင်းတင်းမာမာ ဖြစ်ပြီး တစ်‌ယောက်က ဒီလိုလုပ်ရင် တစ်‌ယောက်က ဒီလိုပြန်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးကလည်း ‌ရေရှည်ဆက်သွားလို့ ဘယ်ရမလဲ။ တပ်နဲ့ ဆက်ဆံ‌ရေးကိစ္စကို စဉ်းစားသင့်သလို တိုင်းရင်းသား အ‌ရေးကိစ္စကိုလည်း စဉ်းစားသင့်တယ်လို့ ကျ‌နော်‌တော့ မြင်တယ်။ ဘာဖြစ်လဲဆို‌တော့ ကျ‌နော်တို့ တိုင်းရင်းသား‌တွေ ‌ရွေး‌ကောက်ပွဲဝင် ကျ‌နော်တို့ အခွင့်အ‌ရေးကို ‌တောင်းဆိုမယ်ဆိုရင်‌တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

အဲ့‌တော့ တိုင်းရင်းသား အ‌ရေးကိစ္စက အ‌ရေးကြီးတဲ့ အတွက် အခုလက်ရှိသွား‌နေတဲ့ တိုင်းရင်းသား ကိစ္စ‌တွေမှာ လွှတ်‌တော်ထဲသွားဖို့ ‌ရောက်ဖို့ဆိုတာက အဆင်‌ပြေတဲ့ နည်းလမ်းမျိုး ‌ရွေး‌ကောက်ပွဲ စနစ်မျိုးမ လုပ်‌ပေးနိုင်ရင်‌တော့ ကျ‌နော်တို့ ဘယ်‌တော့မှ ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက် နိုင်မှာမဟုတ်ဘူး။ တိုင်းရင်းသား‌တွေဘက်ကလည်း ဘယ်‌တော့မှ နိုင်ငံ‌ရေးအရ ဝင်‌ပြောဆိုလို့မရရင်‌တော့ လက်ညိုးအားကိုးတဲ့ ‌ခေတ်ကိုပဲ ပြန်‌ရောက်သွားမယ်လို့ မြင်တယ်။ အဲ့‌တော့ အသစ်တက်လာမဲ့ အစိုးရအ‌နေနဲ့ က ပြည်တွင်းငြိမ်း ချမ်း‌ရေး ကိစ္စ‌တွေမှာ တိုင်းရင်းသားကိစ္စ‌တွေရယ် ‌နောက်‌တော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ‌အောက်က ရှိ‌နေတဲ့ တပ်နဲ့ဆက်ဆံ‌ရေးမှာလည်း သူအ‌ပြေလည်ဆုံးနဲ့ အ‌ကောင်းဆုံး ဖြစ်‌အောင် လုပ်‌ဆောင်ဖို့ လိုတယ်။

NCA မှာပါတဲ့ အချက်အလက်‌တွေကလည်း ‌သေချာညှိနှိုင်းမှုမရှိဘဲ လက်မှတ်ထိုးခဲ့ကြတာ‌တွေ ရှိတယ်။ လက်မှတ် ထိုးထားတာ ‌တောင်မှ အခုထိ ခိုင်ခိုင်မာမာမဖြစ်ဘဲ တိုက်ပွဲ‌တွေ ပြန်ဖြစ်တယ်ဆိုရင် ကျန်တဲ့ လက်မှတ်မထိုးရ‌သေးတဲ့ သူ‌တွေက ဘယ်လိုလုပ် ထိုး‌တော့မလဲ။ သူတို့အတွက် အရမ်းကို သံသယ ကြီး‌နေပြီးဆို‌တော့ ဒီ‌ရှေ့ဆက်သွားရမယ့် ငြိမ်းချမ်း‌ရေး ခရီးစဉ်က အားလုံးပါဝင်ဖို့ လက်မှတ်ထိုးဖို့ ကိစ္စက ‌တော်‌တော်‌လေး‌တော့ အခက်အခဲ ဖြစ်မယ်လို့ ထင်တယ်။

နန့်ခင်‌အေးဦး (ကရင်ပြည်သူ့ပါတီ(KPP)- တွဲဖက်အတွင်း‌ရေးမှူး)
အစိုးရသစ်အ‌နေနဲ့ ဘယ်လို‌တွေ ပြုပြင်‌ပြောင်းလဲထားမလဲ‌တော့ မသိဘူး။ ရုပ်လုံးမ‌ပေါ်လာ‌သေးဘူး‌လေ။ အရင်သက်တမ်း ၅ နှစ်တုန်းက‌တော့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေက မ‌အောင်မြင်ဘူး။ မ‌အောင်မြင်တဲ့ဟာကို အခု ဒီနည်းနည်း‌လေး‌ပြောင်းလဲလာတာတစ်ခုက‌တော့ ကျမတို့တိုင်းရင်းသားပါတီ‌တွေကို ဖိတ်‌ခေါ်တာ မျိုး‌တွေရှိတယ်။ ဖိတ်‌ခေါ်တယ်ဆိုတာ ပါတီက‌နေပဲဖိတ်‌ခေါ်ထားတာ‌ပေါ့‌နော်။ ဆိုလိုတာက ငြိမ်းချမ်း‌ရေး အတွက်ရယ် မဟုတ်ပါဘူး။ တိုင်းပြည်အနာဂတ်အတွက် ပူး‌ပေါင်းလုပ်‌ဆောင်ကြမယ်ဆိုတဲ့ သ‌ဘောမျိုး‌လေး ‌ပြောတာ‌ပေါ့။

တကယ်တမ်း ငြိမ်းချမ်း‌ရေးကို သူတို့ ‌အောင်‌အောင်မြင်မြင်ဖြစ်‌စေချင်တယ်။ ငြိမ်းချမ်း‌ရေး လမ်း‌ကြောင်းကို တကယ်တမ်းဖြစ်‌စေချင်တယ်ဆိုရင် ဒီလက်နက်ကိုင်အဖွဲ့အစည်း‌တွေက အဓိက ‌ပေါ့။ ပြီးရင် အစိုးရ‌ပေါ့။ Stakeholder ‌တွေလည်းပါတာ‌ပေါ့။ Stakeholder ‌တွေကလည်း ဒီငြိမ်းချမ်း‌ရေးကို တကယ်‌ကော လိုချင်သ လား၊ ဘယ်သူ့အကျိုးအတွက်ကိုလိုချင်သလဲ။ ကိုယ့်အဖွဲ့အစည်းအကျိုးလား၊ တကယ် ငြိမ်းချမ်း‌ရေးလိုချင်တဲ့ သူဟာ ကိုယ့်တိုင်းပြည်အကျိုးအတွက် တကယ်စဉ်းစားရမယ်မဟုတ်လား။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့အဖွဲ့ အစည်းအကျိုး‌ကျေးဇူးအတွက်ပဲ စဉ်းစား‌နေကြလို့ ငြိမ်းချမ်း‌ရေးက တန့်‌နေတယ်လို့ကျမတို့ ယူဆတယ်။ အဓိက ပြီးခဲ့တဲ့ ၅ နှစ်က ပြဿနာက ဒါပါပဲ။ သက်ဆိုင်ရာ Stakeholder ‌တွေက ကိုယ့်အဖွဲ့အစည်း ‌တွေအ တွက်ကို မရှုံးချင်ဘူး‌ပေါ့။ win-win ဆိုတာ ပါးစပ်ကသာ win-win ‌နေတာ။ တကယ်တမ်းကျ‌တော သူရှုံး၊ ငါနိုင် အဲဒီလိုစဉ်းစားကြလို့ အဲဒီလိုဖြစ်‌နေတာ။

ပြီး‌တော့အဖွဲ့အစည်း ‌တွေမှာ အခု ဖြစ်‌နေတဲ့အဓိကပြဿနာက ဘာလဲဆို‌တော့ ပွင့်ပွင့်လင်းလင်း‌ပြောရရင် စစ်တပ်နဲ့အစိုးရ တသားတည်းဖြစ်‌နေဖို့ လိုအပ်တယ်။ အဲဒီလိုတသားတည်းဖြစ်မှသာလျှင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း‌တွေနဲ့ ‌ပြောဆိုတဲ့ အခါမှာ သ‌ဘောတူညီချက်က ဘာဖြစ်ဖြစ် ညှိနှိုင်းလို့ရမယ်။ အခုဟာက ဟိုကတစ်မျိုး ဒီကတစ်မျိုး။ အဲဒီ‌တော့ ဒီငြိမ်းချမ်း‌ရေးကြီးက ဘယ်လိုလုပ်‌အောင်မြင်မလဲ။ ဟိုဘက် ပဲဖြစ်ဖြစ်၊ ဒီဘက်ပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်ပြီး မငြိမ်းချမ်းဘူးဆိုရင် အနာဂတ်လူငယ်‌တွေပဲ နှစ်ဖက် စလုံးထိခိုက်ကြရတာ။ ငြိမ်းချမ်း‌ရေးမှာ အဓိကကျတဲ့ Stakeholder သုံးဖက်စလုံးက ‌လျှော့ကြမှ၊ ကိုယ်နိုင် သူရှုံးစဉ်းစား‌နေကြရင်‌တော့ ဘယ်‌တော့မှရမှာ မဟုတ်ပါဘူး။ မိမိအဖွဲ့အစည်းအကျိုးအတွက်ပဲ ‌ရှေ့တန်း တင်စဉ်းစား လုပ်ကိုင်‌နေကြအုံးမယ်ဆိုရင်‌တော့ ဒီ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကြီးက ကြာ‌နေလိမ့်အုံးမယ်လို့ မြင်တယ်

နန်းမြသီတာ (Research Institute for Society and Ecology – RISE – ဒါရိုက်တာ)
ကျမက‌တော့ စိုးရိမ်တာက စစ်မျက်နှာက ကရင်ပြည်နယ်ဘက် လှည့်လာမှာကို စိုးရိမ်တာပဲ။ အခုက‌တော့ ရခိုင်ဘက် တပ်ဆုတ်‌နေတယ်ဆို‌တော့‌လေ။ အမြဲတမ်းပဲ တပ်မ‌တော်က ပွင့်ပွင့်လင်းလင်း‌ပြောရရင် အာဏာ ရ‌ရေးအတွက် စစ်မျက်နှာက တစ်‌နေရာမဟုတ် တစ်‌နေရာ ဖွင့်‌လေ့ရှိတာကိုး။ ကချင်ဘက်က ဆုတ်ပြီး ရခိုင် ဘက်ကို ချဲ့တယ်။ အခု ရခိုင်ဘက်ခြမ်းက ဆုတ်ရင် စစ်မျက်နှာက ဘယ်ဘက်ခြမ်းကို လှည့်လာမလဲ‌ပေါ့။ စိုးရိမ်ရဆုံးက‌တော့ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်မှာက KNU ကလည်း JMC အစည်းအ‌ဝေး‌တွေက‌နေ တရားဝင် သွားတာ‌တွေ မရှိ‌တော့ဘူး။ တကယ် နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှု ဘက်ခြမ်းကို ပြန်ကြည့်‌တော့မယ်ဆိုရင်လည်း သူတို့ရဲ့ အခန်းကဏ္ဍကို ‌လျော့‌လျော့လာတယ်။ UPDJC ဥက္ကဋ္ဌ တို့ PPST ဥက္ကဋ္ဌတို့ တဖြည်းဖြည်း ‌လျော့လာသလို JMC ဘက်ခြမ်းကလည်း ‌လျော့လာ‌တော့ နည်းနည်း‌လေး ဆက်ဆံ‌ရေးက အရင်ထက်စာရင် ‌ဝေးလာတယ်။ ဆက်ဆံ‌ရေး ‌ဝေးလာတာနဲ့အမျှ စစ်‌ရေးဘက်ခြမ်းမှာ နည်းနည်းတင်းမာလာတယ်။ ဒီတင်းမာလာတဲ့ အ‌ပေါ်မှာက စစ်မျက်နှာကို ကရင်ပြည်နယ် ဘက်အခြမ်းကို လှည့်လာမှာကို‌တော့ စိုးရိမ်တယ်။

‌နောက်ပြီး နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ အ‌နေနဲ့ ‌ပြောမယ်ဆိုရင်‌တော့ လက်ရှိအစိုးရရဲ့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲအ‌ပေါ်မှာ သူတို့ရဲ့ ချဉ်းကပ်မှုပုံစံနဲ့ သူတို့ရဲ့ မူဝါဒ ဗျူဟာအ‌ပေါ်မှာ‌တော့ မူတည်လိမ့်မယ်ထင်တယ်။ ဘာ‌ကြောင့်လဲဆို ‌တော့ ၂၀၁၆ ပထမဦးဆုံး ကျမတို့ ‌ခေါ်တာက အစိုးရရဲ့ welcoming ညီလာခံ‌ပေါ့။ ၂၁ရာစု ပင်လုံမှာ တင်သွင်း တဲ့ ဖတ်ကြားခဲ့တဲ့ စာတမ်းရယ်၊ NLD အစိုးရ‌ကော၊ လွှတ်‌တော်၊ ပါတီ အ‌နေနဲ့‌ကော တင်သွင်းဖတ်ကြားခဲ့တဲ့ စာတမ်း‌တွေကို ကြည့်မယ်ဆိုရင် NLD အစိုးရက စီးပွား‌ရေးနည်းအရ ချဉ်းကပ်မှုကို ‌တွေ့ရတယ်။

ဥပမာ- ယမ်း‌ငွေ့ ‌ဝေ‌နေတဲ့ ‌နေရာမှာ စက်ရုံ အလုပ်ရုံ‌တွေရဲ့ မီးခိုး‌တွေနဲ့ ‌ဝေ‌နေ‌စေရမယ်‌ပေါ့။ ဒါက NLD ဘက်ခြမ်းက ကိုယ်စားလှယ်‌တွေက သူတို့တင်ပြခဲ့တာ‌ပေါ့။ နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုကို ပဋိပက္ခ ဧရိယာ‌တွေမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံ‌စေခြင်းအားဖြင့် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်ကို တဖြည်းဖြည်း အသွင်‌ပြောင်းယူသွားမယ်‌ပေါ့။ အဓိက က‌တော့ သူတို့ နားလည်‌နေတာက ဗိုက်ဝရင်‌တော့ ငြိမ်းချမ်းသွားမယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးကို သူတို့ ‌ရွေးခဲ့တယ်။ တကယ်ပဲ တိုင်းရင်းသား‌တွေက ဗိုက်မဝလို့ ဆင်းရဲလွန်းလို့ တွန်းလှန် ‌တော်လှန်ခဲ့ကြတာလား၊ အဲ့ဒါကို သူတို့ ပြန်ကြည့်ဖို့လိုတယ်။ နိုင်ငံ‌ရေး ပြဿနာက ဘယ်မှာ အရင်းခံလဲ‌ပေါ့။ နိုင်ငံ‌ရေးလား၊ တိုင်းရင်းသား ကိစ္စလား၊ ဒီမိုက‌ရေစီ အ‌ရေးလား ဒါ‌တွေကို ပြန်ကြည့်ဖို့ လိုပြီး တကယ့် နိုင်ငံ‌ရေး ရဲ့ Root cause ကိုကြည့်ပြီး‌တော့မှ ဗျူဟာချတဲ့ဟာနဲ့ မူဝါဒ ‌ပေါ်လစီပိုင်း ပြန်ချနိုင်မယ်ဆိုရင်ဖြစ်‌တော့ အ‌ခြေအ‌နေ ‌ကောင်းမယ်။ ဒါမှမဟုတ်ဘူးဆိုရင်‌တော့ ‌ရှေ့ဆက်နိုင်ငံ‌ရေးက ဆက်သွား‌နေရအုံးမှာပဲ။ အဲ့‌တော့ အသစ်တက်မယ့် အစိုးရရဲ့ နိုင်ငံ‌ရေး မူဝါဒနဲ့ သွားမယ့် ဗျူဟာကျကျ ချဉ်းကပ်မှုအ‌ပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

‌စော‌ကျော်စွာ (ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်-KPSN)
အခု‌ရှေ့ဆက်သွားမယ့်ငြိမ်းချမ်း‌ရေးက‌တော့ စိန်‌ခေါ်မှု‌တွေအများကြီးရှိတယ်။ နှစ်ပိုင်းရှိတယ် ပထမတစ်ခုက ‌ရှေ့ဆက်သွားမ့ယ်ငြိမ်းချမ်း‌ရေးလမ်းစဉ်က ၂၀၀၈ဖွဲ့စည်းပုံ ဥပ‌ဒေ‌အောက်မှာ ဆက်သွားရမယ်။ အဲ့တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အများစုက လက်ခံလို့မရဘူး။ အဲဒါ‌ကြောင့်စိန်‌ခေါ်မှုအကြီးမားဆုံးတစ်ခုဖြစ်တယ်။ ‌နောက်တစ်ခုက‌ရွေး‌ကောက်ပွဲရလဒ်ကိုပြန်ကြည့်မယ်ဆိုရင် NLD အစိုးရက အနိုင်ရရှိတဲ့အတွက် သူတို့ပဲတာ ဝန်ဆက်ပြီး ယူရမယ်၊ ဒါ‌ပေမဲ့လည်း ကျ‌နော့်အမြင်မှာဆိုရင်သူတို့က ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ နည်းဗျူဟာ အတည်တကျ မရှိ‌သေးဘူး။ သူတို့က အလုပ်သမား(ဒီမိုကရက်တစ်)လမ်း‌ကြောင်းကိုသွားတယ်၊ အဲဒါ‌ကြောင့် ငြိမ်းချမ်း‌ရေး လမ်းစဉ်မှာ‌တော့ အားနည်း‌နေ‌သေးတယ်။

အခုငြိမ်းချမ်း‌ရေးဖြစ်စဉ်က ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ‌အောက်မှာသွား‌နေရတဲ့အတွက် တပ်မ‌တော်ဘက်က စစ်‌ရေးတင်းမာမှု‌တွေ လုပ်‌ဆောင်‌နေတယ်။ ပြီး‌တော့ KNLA တပ်မ‌တော်ဘက်က ငြိမ်းချမ်း‌ရေးမလိုလားလို့ တိုက်ပွဲ‌တွေ ဆက်လက်ဖြစ်‌နေရတယ်လိုဆိုပြီး သူတို့ဘက်ကို အပြစ်တင်ပုံချတယ်။ ဒီအ‌ပေါ်မှာ KNUနဲ့ KNLA နှစ်ဖွဲ့စလုံးအသံတစ်ခုထဲ ထွက်‌ပေါ်လာမှ အဆင်‌ပြေမယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင် ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်က ထုတ်ပြန်ချက်ထုတ်ပြန်တယ်။ KNU ဘက်က မသိဘူး၊ အဲ့ထုတ်ပြန်ချက်က စစ်ဘက်ဆိုင်ရာက ၆ လတစ်ခါအစည်း‌ဝေးမှာ သူတို့ဆုံးဖြက်ပြီး စာထုတ်လိုက်တာ။ ဒီဖြစ်စဉ်က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်က လုပ်တာ KNUနဲ့မဆိုင်ဘူးလို့ ‌ပြောချင်တာ။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်း‌ရေးလမ်းစဉ်က ပျက်သွားနိုင်တယ်။ KNU နဲ့ KNLA နှစ်ဖွဲ့ လုံးပြန်ပြီးညီညွတ်မယ်ဆိုရင် Power က ကြီးလာနိုင်တယ်၊ နှစ်ဖွဲ့ဩဇာအာဏာကြီးလာရင် တပ်မ‌တော် ဘက်ကလည်း ငြိမ်းချမ်း‌ရေးကို ဖျက်လို့မရ‌တော့ဘူး။ အဲ့လိုဆက်မသွားဘူးဆိုရင် ၂၀၂၁ ငြိမ်းချမ်း‌ရေးက စိုးရိမ်စရာရှိတယ်။ ‌ပြောချင်တာက နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်း‌ရေးကို စီပွား‌ရေးနဲ့လဲလှယ်လို့မရဘူး။ နိုင်ငံ‌ရေးလမ်း‌ကြောင်းနဲ့ပဲ ဆက်သွား‌စေချင်ပါတယ်”

‌နော်က‌ညော‌ဖော (ကရင်အမျိုးသမီးအစည်းအရုံး(KWO)-အတွင်း‌ရေးမှူး)
‌ရှေ့ဆက်မြန်မာပြည်ရဲ့ငြိမ်းချမ်း‌ရေးဟာ အခုလက်ရှိ ပြန်တက်မယ့် NLDအစိုးရအဖွဲ့က တိုင်းရင်းသား‌တွေ အ‌ပေါ် စစ်မှန်တဲ့သ‌ဘောထားရှိရင် ‌ရှေ့ဆက်ငြိမ်းချမ်း‌ရေးက အဆင်‌ပြေနိုင်တယ်။ ဒါ‌ပေမဲ့ NLDအစိုးရက အရင်အတိုင်း ဆက်ပြီးစစ်တပ်ပိုင်းဆိုင်ရာ‌တွေကို အုပ်ချုပ်‌ရေးအပိုင်းမှာတာဝန်‌ပေးအပ်‌နေအုံးမယ်ဆိုရင် အဆင်‌ပြေမှာ မဟုတ်ဘူး။ ဘာ‌ကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ NLD အစိုးရအဖွဲ့က ငြိမ်းချမ်း‌ရေးလမ်းစဉ်မှာ စစ် တပ်ကို လုပ်ပိုင်ခွင့်လွှဲ‌ပေးထားတဲ့အတွက် လိုအပ်သ‌လောက်ငြိမ်းချမ်း‌ရေး လမ်းစဉ်က ‌ရှေ့ဆက်သွားတာကို မ‌တွေ့ ရဘူး။ အဲတာ‌ကြောင့်ယခုလက်ရှိအချိန်မှာ NLD အစိုးရအတွက် အခွင့်အ‌ရေးပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့‌တွေ၊ နိုင်ငံ‌ရေးပါတီ‌တွေ၊ အရက်ဖက်အဖွဲ့အစည်း‌တွေအားလုံး နဲ့ ပူး‌ပေါင်း ‌ဆောင်ရွက်မယ်ဆိုရင် ‌ရှေ့ဆက် ငြိမ်းချမ်း‌ရေးလမ်းစဉ်အတွက် ‌ကောင်းမွန်လားမှာ‌သေချာပါတယ်။

စစ်တပ်ပိုင်းဆိုင်ရာမှာ ပြန်ကြည့်မယ်ဆိုရင်၊ လက်နက်ချတာတို့ (DDR/SSR) အဲ့တာ‌တွေကို သွား‌ပြောလို့ မရ‌တော့ဘူး။ KNLA အပိုင်းမှာလည်း သူတို့‌တွေ‌ပြောထားတာကြာပြီး ပြည်သူလူထု‌တွေ လုပ်ကိုင်စား‌သောက်ဖို့ အတွက် တပ်မ‌တော်ဘက်က ‌ရွှေ့‌ပြောင်း‌ပေးဖို့ ‌ပြောထားတာကြာပြီ။ ဒါ‌ပေမဲ့တပ်မ‌တော်ဘက်က လှုပ်ရှားမူ ‌တွေက အရင်ကထက်ပိုပြီး လှုပ်ရှာလားတာကို‌တွေ့ရတယ်။ တပ်မ‌တော်ဘက်က ဒီလိုလှုပ်ရှားမှု‌တွေ ဆက်ပြီး လုပ်‌ဆောင်‌နေအုံးမယ်ဆိုရင် တိုက်ပွဲ‌တွေဆက်ဖြစ်မယ်။ ပြည်သူလူထု‌တွေပဲ IDP ‌တွေဆက်လက်ဖြစ်‌နေအုံး မယ်။ ‌နောက်ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကလည်း ဒီအတိုင်းပဲ ဆက်သွား‌နေအုံးမယ်။ အရင်က တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တစ်ချို့နဲ့ NCA ထိုးတယ်၊ မထိုးတဲ့အဖွဲ့‌တွေကို စစ်‌ရေးတင်းမာမှု‌တွေဆက်လုပ်တယ်။ ဒီအတိုင်းပဲ ဆက်သွား‌နေအုံးမှာပဲ။ အဲ့ဒါ‌ကြောင့် အ‌ရေးကြီးဆုံးက ယခုလက်ရှိတက်မယ့် အစိုးရပဲဖြစ်တယ်။ စစ်တပ်ကို အားလုံးက တွန်းအား‌ပေးဖို့လိုတယ်။

ယခုလက်ရှိ ပြန်တက်မယ့်အစိုးရအဖွဲ့ကို‌တော့ အရပ်ဖက်အဖွဲ့အစည်း၊ ပြည်သူလူထု‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်တာ‌တွေ ပိုများလာ‌အောင်‌ပြောချင်ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်း‌တွေနဲ့ပူး ‌ပေါင်းလုပ်‌ဆောင်ပြီး စစ်တပ်ကို တွန်းအား‌ပေးတဲ့အပိုင်း ပိုပြီးလုပ်‌ဆောင်‌စေချင်တယ်။ ဒီလိုမလုပ်ပဲနဲ့ စစ်တပ်နဲ့ပဲ ပြန်ပြီးပူ‌ပေါင်း လုပ်‌ဆောင် မယ်ဆိုရင် ငြိမ်းချမ်း‌ရေးလမ်းစဉ်က‌ကောင်းမွန်တဲ့ရလဒ်ဖြစ်လာမှာ မဟုတ်ဘူး။ ငြိမ်းချမ်း‌ရေး လမ်းစဉ်‌ကောင်း မွန်လာဖို့အတွက်ဆိုရင် NLD ကိုယ်တိုင်က အုပ်ချုပ်မှုအပိုင်းကို ပြီးပြည့်စုံ‌အောင်တာဝန်ယူရမယ်။ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးကိုဖိတ်‌ခေါ်ရမယ်။ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့‌တွေပဲ မဟုတ်ဘဲနဲ့ အားလုံးပါ ဝင်လာနိုင်‌အောင်ဖိတ်‌ခေါ်ရမယ်။ အဲ့ဒါမှသာ ပြီးပြည့်စုံတဲ့ငြိမ်းချမ်း‌ရေးကို ဆက်သွားလို့ရမယ်။

တိုင်းရင်းသား‌တွေကလည်း နားလည်ရမှာက တပ်မ‌တော်က တိုင်းရင်းသား‌တွေကို ကွဲပြား‌အောင် လုပ်မယ်၊ ပြီးမှ သူတို့က အုပ်ချုပ်မှု‌တွေ လိုက်လုပ်မယ်။ ဒါကို ကိုယ်က နားလည်ရမယ်။ တိုင်းရင်းသား အားလုံး ပါဝင်လာနိုင်မှ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်လို့ရမယ်။ နယ်‌မြေတစ်ခုမှာစစ်ပွဲ‌တွေမရှိ‌ပေမဲ့ အခြား နယ်‌မြေတစ်ခုမှာ စစ်ပွဲ‌တွေရှိမယ်ဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကိုဘယ်လိုမှတည်‌ဆောက်လို့မရဘူး။ ဒါ‌တွေကို တိုင်းရင်းသား‌တွေက သင်ခန်းစာယူဖို့လိုအပ်ပါတယ်။ အတူတကွပူး‌ပေါင်းပါဝင်လုပ်‌ဆောင်ဖို့ လိုပါတယ်။