Home ရွေးကောက်ပွဲသတင်း ‌ရွေး‌ကောက်ပွဲရလဒ်အ‌ပေါ် ဧရာဝတီ KPP ကိုယ်စားလှယ်‌လောင်းများ ပြန်လည်သုံးသပ်

‌ရွေး‌ကောက်ပွဲရလဒ်အ‌ပေါ် ဧရာဝတီ KPP ကိုယ်စားလှယ်‌လောင်းများ ပြန်လည်သုံးသပ်

2228

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ‌ရွေး‌ကောက်ပွဲဝင်ပြိုင်ခဲ့သည့် ကရင်ပြည်သူ့ပါတီ ကိုယ်စား လှယ်များ၏ ‌ရွေး‌ကောက်ပွဲရလဒ်နှင့် အ‌တွေ့အကြုံများကို ပြန်လည်သုံးသပ်သည့် အစည်းအ‌ဝေးကို ကျင်းပပြုလုပ်ခဲ့သည်ဟု ဧရာဝတီတိုင်း‌ဒေသကြီး ကရင်ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ မန်းသန်း‌ဌေး‌အောင်က ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေးကို ဒီဇင်ဘာ ၁၉ ရက်ကကျင်းပပြုခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအ‌ဝေး၌ KPP ၏ ‌ရွေး‌ကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းများ ‌ရွေးချယ်မှုအ‌ခြေအ‌နေ၊ ကိုယ်စားလှယ်‌လောင်းများ ‌ရွေး‌ကောက်ပွဲအကြိုကာလ စည်းရုံး‌ရေးဆင်းသည့်အခါ ကြုံ‌တွေ့ခဲ့ရသည့် အ‌ခြေအ‌နေနှင့် ‌ရွေး‌ကောက်ပွဲကာလ ပြည်သူများ မဲ‌ပေးခဲ့မှုအ‌ခြေအ ‌နေများကို အဓိကထား‌ဆွေး‌နွေးခဲ့သည်ဟု အစည်းအ‌ဝေး တက်‌ရောက်ခဲ့သည့် ကိုယ်စားလှယ်‌လောင်းများထံမှ သိရသည်။

“အရင်ကထက်မဲပိုရလာတဲ့ သ‌ဘော‌တော့ရှိတယ်၊ ‌နောက် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲက ကရင်ပြည်သူ့ပါတီကို ကရင်ပြည်သူ‌တွေ ၂၀၁၅ ထက်ပိုပြီး‌တော့ သိလာတယ်၊ ပိုပြီး‌တော့ ဝန်းရံလာတဲ့ သ‌ဘော‌တော့ရှိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ မြို့နယ်‌တော်‌တော်များများမှာ လူငယ်‌တွေက ပါတီကို ဝန်းရံ‌ပေးတယ်၊ ပါဝင်‌ပေးတာ‌တွေ့ ရတယ်” ဟု မန်းသန်း‌ဌေး ‌အောင်က ‌ပြောသည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ အ‌နေဖြင့် တနိုင်ငံလုံးကိုယ်စားလှယ် ၇၄ ဦးဝင်ပြိုင်ခဲ့ရာ ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း အမျိုးသားလွှတ်‌တော် တစ်ဦး၊ ပြည်သူ့လွှတ် ‌တော်တွင် ၁ဝ ဦး၊ တိုင်း‌ဒေသကြီးလွှတ်‌တော်တွင် ၁၉ ‌နေရာနှင့် ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာ ကိုယ်စားလှယ် တစ်ဦး စုစု‌ပေါင်း ကိုယ်စားလှယ် ၃၁ ဦး ဝင်ပြိုင်ခဲ့သည်။

သို့‌သော် ကိုယ်စားလှယ် ၃၁ ဦးဝင်ပြိုင်ခဲ့ရာတွင် တစ်ဦးမျှအနိုင်ရရှိခဲ့ခြင်းမရှိ‌သော်လည်း ဝင်ပြိုင်သည့် မဲဆန္ဒနယ်အများစုတွင် ကရင်ပြည်သူ့ပါတီက NLD ပါတီ၊ ပြည်‌ထောင်စုကြံ့ ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီတို့ပြီးလျှင် တတိယမဲ အများဆုံးရရှိခဲ့သည်။

“ပန်းတ‌နော်မှာ မဲဆွယ်ကာလ ကြုံ‌တွေ့ခဲ့ရတာ‌တွေက‌တော့ တခြားတိုင်းရင်းသား ‌တွေလို ပါပဲ။ KPP က အစိုးရ မဖွဲ့နိုင်ဘူး၊ ဖွဲ့စည်းပုံပြင်ဖို့ အင်အားမရှိဘူး။ ‌နောက်စစ်တပ်နဲ့ နီးစပ်တဲ့ ပါတီ ကြံ့ခိုင်‌ရေးနဲ့ မဟာမိတ်လို့ ‌ပြောဆို တိုက်ခိုက်တာ‌တွေလည်း ကြုံခဲ့ရတယ်။ ပြန်ကြည့် လိုက်‌တော့ နိုင်ခဲ့တဲ့ရွာ‌တွေက ကရင်အမျိုးသား‌ရေး အားသန်တဲ့ရွာ‌တွေမှာ အနိုင်ရခဲ့တာ၊ ဘိုက‌လေးအ‌ရေးအခင်းမှာ ခံခဲ့ရဖူးသူ‌တွေရှိတဲ့ရွာ‌တွေမှာ နိုင်ခဲ့တာ‌တွေ့ရတယ်” ဟု ပန်းတ‌နော်တိုင်းလွှတ်‌တော် အမှတ် (၂) တွင် ဝင်ပြိုင်ခဲ့သူ စရဲသူရိန်ဟန်က ‌ပြောသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲ ရလဒ်အ‌ပေါ် ပြန်သုံးသပ်ခြင်း အစည်းအ‌ဝေးတွင် ကိုဗစ်ကာလ အတွင်း ကိုယ်စားလှယ် ‌လောင်းများ မဲဆွယ်အခက်ကြုံခဲ့ရမှု ကိုဗစ် ပံ့ပိုးမှုများကလည်း အာ ဏာရ ပါတီအ‌ပေါ် အသာရ‌စေမှုစသည့်အချက်များရှိသလို ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ‌အောက်‌ခြေရပ်‌ကျေးထိ စည်းရုံး‌ရေးဆင်းကာ ပါတီတည်‌ဆောက်မှုအပိုင်း မလုပ်‌ဆောင် နိုင်ခြင်း၊ ပါတီကို ကရင်ပြည်သူများ အားထားရနိုင်သည့် အ‌ခြေအ‌နေမျိုးထိ မတည်‌ဆောက်နိုင် ‌သေးခြင်း ကိုယ်စားလှယ်များ ‌ငွေ‌ကြေးအင်အားနည်းခြင်း စသည့်အချက်များကိုလည်း ကိုယ်စားလှယ်များက ‌ပြောဆို‌ဆွေး‌နွေးခဲ့ကြသည်။

ဧရာဝတီ KPP ၏ ဒီဇင်ဘာ ၁၉ ရက်တွင် ‌ရွေး‌ကောက်ပွဲအ‌ပေါ် ပြန်သုံးသပ်ခြင်း အစည်း အ‌ဝေးကို အွန်းလိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့် နှစ်ဆန်းပိုင်းတွင် ‌ရှေ့လုပ်ငန်း စဉ်မျာချမှတ်မည့် ကိစ္စရပ်များပါဝင်သည့် အစည်းအ‌ဝေးကို လူဦး‌ရေအကန့်အသတ်ဖြင့် ‌တွေ့ဆုံနိုင်‌ရေးစီစဉ်‌နေသည်ဟု ပါတီတာဝန်ရှိသူများထံမှ သိရသည်။