Home သတင်း ‌ရေမည်းပြဿနာ ‌ဖြေရှင်း‌ပေး‌ရေး နိုင်ငံ‌တော်အတိုင်ပင်ခံနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ထံ Goldman ဆုရှင် အိတ်ဖွင့်‌ပေးစာ ‌ပေးပို့‌တောင်းဆို

‌ရေမည်းပြဿနာ ‌ဖြေရှင်း‌ပေး‌ရေး နိုင်ငံ‌တော်အတိုင်ပင်ခံနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ထံ Goldman ဆုရှင် အိတ်ဖွင့်‌ပေးစာ ‌ပေးပို့‌တောင်းဆို

2885

ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ ဖားအံမြို့တစ်ဖက်ကမ်းရှိ မြိုင်က‌လေး ‌ဒေသတွင်ဖြစ်‌ပေါ်‌နေ‌သော ‌သောက်သုံး‌ရေ အရည်အ ‌သွေးကျဆင်းပြီး ‌ရေမည်း‌နေသည့်ပြဿနာကို ‌ဖြေရှင်း‌ပေးရန် မကြာ‌သေးမီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ‌ရေးဆိုင်ရာ Goldman ဆုရရှိခဲ့သူ ‌စော‌ပေါလ်စိန်ထွားက ယမန်‌နေ့ (ဒီဇင်ဘာလ ၁၀) ရက်စွဲဖြင့် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်ထံသို့ အိတ်ဖွင့် ‌ပေးစာ‌ပေးပို့‌တောင်းဆိုလိုက်သည်။

လူ့အခွင့်အ‌ရေးအရ အ‌ရေးပါသည့် လူသားတို့၏ အသက်ရှင်သန်‌ရေး‌ပေါ်တွင် တိုက်ရိုက်ဆက်နွှယ်‌နေသည့် အဆိုပါ ‌ရေအရည်အ‌သွေးကျဆင်းမှု ပြဿနာကို အလျင်အမြန်ကုစားနိုင်ရန် ယမန်‌နေ့က ကျ‌ရောက်သည့် နိုင်ငံတကာ လူ့အခွင့်အ‌ရေး‌နေ့ကို ရည်စူး၍ ‌ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ၂၀၂ဝ ခုနှစ် Goldman ဆုရှင် ‌စော‌ပေါလ်စိန်ထွားက ‌ပြောသည်။

၎င်းက “သန့်ရှင်းတဲ့ ‌သောက်သုံး‌ရေးရရှိဖို့ဆိုတာ ကျ‌နော်တို့ လူသား‌တွေရဲ့ အခွင့်အ‌ရေးတစ်ခုပဲ။ ဒီကိစ္စ အ ‌ပေါ်မှာ ပြည်‌ထောင်စု ဖြစ်‌စေ၊ ပြည်နယ်ဖြစ်‌စေ အ‌ရေးကြီးပြီး အမြန်ဆုံး အ‌ကောင်အထည်‌ဖော်‌ဖြေရှင်းရမယ့် ကိစ္စရပ်အ‌နေနဲ့ တိုက်တွန်းလိုပြီး‌တော့ ပြန်လည်သုံးသပ်‌ဝေဖန်ပြီး အ‌ခြေခံကျတဲ့ အရပ်ဖက်အဖွဲ့အစည်း ‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်ပြီး ဒီ‌ရေမည်းရတဲ့ အဓိက ပြဿနာ‌တွေကို အတူတကွပူး‌ပေါင်း‌ဖြေရှင်းဖို့ လူသား‌တွေ‌ကော သက်ရှိသတ္တဝါအားလုံးအတွက် လိုအပ်တဲ့ သန့်ရှင်း‌ရေကိုရဖို့ လုပ်‌ဆောင်‌ပေးဖို့ တိုက်တွန်း‌တောင်း ဆိုချင် တာပါ။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အိတ်ဖွင့်‌ပေးစာတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ‌အောက်တိုဘာလမှ စတင်ကာ ဖားအံမြို့နယ်၊ မြိုင်က‌လေး ‌ကျေးရွာအုပ်စုအနီးအနားရှိ ‌ကျေးရွာ‌ပေါင်း (၁၇)ရွာ‌ကျော်တွင် ‌ရေအရည်အ‌သွေး ‌ပြောင်းလဲခြင်းများ၊ ငါးများ ‌သေဆုံးခြင်းနှင့် ‌ဒေသခံ ရွာသားများ၏ အ‌ရေပြားဆိုင်ရာ ကျန်းမာ‌ရေး ထိခိုက်မှုများ ဖြစ်‌ပေါ်ခြင်းသည် ကရင် ပြည်နယ်အတွင်း ဖြစ်‌ပေါ်လျက်ရှိသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်‌ခေါ်မှုအဖြစ် သိရှိထား‌ကြောင်း ‌ဖော်ပြ ထားသည်။

ထိုသို့ ဖြစ်‌ပေါ်‌နေသည့် ပြဿနာများကို ‌ဖြေရှင်းရာတွင် ပါဝင်သည့် လူမှုအဖွဲ့အစည်းများမှာ ဟန့်တားခြင်း ခံရ ‌ကြောင်း နှင့် ထိုသို့ လုပ်‌ဆောင်မှုများသည် အစိုးရနှင့်လူမှုအဖွဲ့အစည်းကြားပူး‌ပေါင်း‌ဆောင်ရွက်မှုကို များစွာ ထိခိုက်‌စေပြီး ပြဿနာကို ထိ‌ရောက်စွာ မ‌ဖြေရှင်းနိုင်ဘဲ ပိုမိုကြာရှည်‌စေသည့်အပြင် ပြည်‌ထောင်စုနှင့် ပြည်နယ်အစိုးရအတွက် ‌ရေရှည်‌ငွေ‌ကြေးကုန်ကျမှုများနှင့် မလိုလားအပ်‌သော ဖိအားများ ဖြစ်‌ပေါ်လာ ‌စေ‌ကြောင်း ‌ထောက်ပြထားသည်။

ထို့အပြင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို များစွာထိခိုက်ဆုံးရှုံး‌စေပြီး တန်ဖိုးမဖြတ်နိုင်သည့် ‌ရေချိုနှင့် ဇီဝမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုများကို ဖြစ်‌ပေါ်လာနိုင်‌ကြောင်းကိုလည်း အဆိုပါ အိတ်ဖွင့်‌ပေးစာ၌ ဆိုထားသည်။

“ ဒီ ကိစ္စက‌နေ လူရှစ်‌ထောင်၊ တစ်‌သောင်းထက်ပိုပြီး ‌နောက်‌မွေးဖွားလာမယ့် မျိုးဆက်အထိ ဒီ‌ရေဆိုး ‌ရေညစ်‌တွေက‌နေ များစွာထိခိုက်လာမှာဖြစ်တယ်။ ‌နောက်ပြီး ‌ရေ‌အောက်စနစ်တစ်ခုလုံး ပျက်စီးသွားရင် အဲ့မှာ ရှိတဲ့ အသက်‌မွေးဝမ်း‌ကျောင်း စိုက်ပျိုးထွန်ယက်မှု‌တွေအားလုံးကို ထိခိုက်လာနိုင်တယ်။ ဒီစိုက်ပျိုး ထွန်ယက် တယ်ဆိုတာကလည်း ကျ‌နော်တို့ ကရင်လူမျိုး‌တွေရဲ့ အဓိကကျတဲ့ အသက်‌မွေးဝမ်း‌ကျောင်းဖြစ်တဲ့အတွက် ပျက်စီးသွားခဲ့ရင် ‌ရေတိုအတွင်း ပြန်လည်ပြုပြင်နိုင်မှာမဟုတ်ဘူး” ဟု ‌စော‌ပေါလ်စိန်ထွားက ဆက်‌ပြောသည်။

သို့‌သော် ပြည်နယ် အစိုးရ၏ ဒီဇင်ဘာလ ၄ရက်‌နေ့တွင် ‌မြေ၊ ‌ရေ ၊‌လေ အရည်အ‌သွေး နှင့် ၎င်းတို့၏ ဓါတ် ပစ္စည်းအရည်အ‌သွေးဆိုင်ရာ တိုင်းတာ‌စောင့်ကြည့်ခြင်း လုပ်ငန်းစဉ် ‌ဆောင်ရွက်‌နေသည့်အ‌ပေါ် အသိအမှတ်ပြု ကြိုဆိုလိုက်ပြီး ပြည်နယ်အစိုးရအ‌နေဖြင့် ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပူး‌ပေါင်း လုပ်‌ဆောင် သင့်သည့်အပြင် ဖြစ်စဉ်တစ်ခုလုံးအ‌နေဖြင့်လည်း ပွင့်လင်းမြင်သာမှု ရှိသင့်‌ကြောင်းလည်း ‌ထောက်ပြထား သည်။

၎င်းအပြင် လက်ရှိ ပြဿနာရပ်များအ‌ပေါ် ထိ‌ရောက်သည့် ပူး‌ပေါင်းတုန့်ပြန်‌ဆောင်ရွက်မှုများအတွက် ၎င်းတို့ လူမှုအဖွဲ့အစည်းများအ‌နေဖြင့် ပူး‌ပေါင်းပါဝင်ခွင့်ရလို‌ကြောင်းနှင့် ပြည်နယ်အစိုးရမှ ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည့် သဘာဝပတ်ဝန်းကျင်‌ရေး တက်ကြွလှုပ်ရှားသူ ‌စောသာဘိုးအ‌ပေါ် စွဲဆိုထားမှုများကိုပါ ပယ်ဖျက်‌ပေးရန် ‌စော‌ပေါလ်စိန်ထွား၏ အိတ်ဖွင့်‌ပေးစာ၌ တိုက်တွန်း‌ပြောဆိုထားသည်။

သံလွင်မြစ်အ‌နောက်ဖက်ကမ်း မြိုင်က‌လေး‌ဒေသရှိ ‌ကျေးရွာအချို့တွင် ၂၀၁၉ ခုနှစ်၊ ‌အောက်တိုဘာလတွင် ‌ရေအ‌ရောင် စတင်‌ပြောင်းလဲလာကာ ‌ကျေးရွာ ၂၇ ရွာရှိ ‌ရေတွင်း ၉၃၃ တွင်းကို စစ်တမ်း‌ကောက်ယူထားပြီး ၅၁၇ တွင်းမှာ ‌ရေအ‌ရောင် ‌ပြောင်းလဲလာ‌သော‌ကြောင့် အဆိုပါ ‌ရေအ‌ရောင်‌ပြောင်းလဲသည့် ‌ရေတွင်း ၅ဝ ရာခိုင်နှုန်း‌ကျော်ခန့်ကို ဆက်လက် အသုံးမပြု‌တော့သလို အချို့‌ဒေသခံများသည် ‌ရွေးချယ်စရာမရှိသည့်အတွက် ၂၅၂ တွင်းကို ဆက်လက် အသုံးပြု‌နေရသည်ဟု အရပ်ဖက်အဖွဲ့၏ ‌လေ့လာဆန်းစစ်ချက် အစီရင်ခံစာများတွင် ‌ဖော်ပြထားသည်။

သို့‌သော် အဆိုပါ ‌ရေမည်းလာသည့်ကိစ္စသည် မြိုင်က‌လေး ဘိလပ်‌မြေ စက်ရုံးမှ ‌ကျောက်မီး‌သွေး သို‌လှောင် ထားရှိမှု‌ကြောင့် ဖြစ်‌ပေါ်ရခြင်းဖြစ်‌ကြောင်း အရပ်ဖက်အဖွဲ့အစည်းများမှ ထုတ်‌ဖော်‌ပြောဆို‌သော်လည်း ပြည်နယ် အစိုးရမှ မိုးရာသီ မုတ်သုန်ဆုတ်ခွာမှု အချိန်‌စောသဖြင့် ‌ရေနည်သွားပြီး အရွက်ဖတ်ပုပ်များနှင့် အနည်အမှုန်များ ပါဝင်‌နေမှု‌ကြောင့် သဘာဝဖြစ်စဉ်အတိုင်းသာ ဖြစ်နိုင်‌ကြောင်း ပြန်လည်‌ပြောဆိုထားသည်။

‌စော‌ပေါလ်စိန်ထွားသည် ကရင်ပြည်နယ်၊ ဖာပွန်‌ဒေသတွင် ဖွဲ့စည်းတည်‌ထောင်ထား‌သော ၂၀၂ဝခုနှစ်အတွက် အီ‌ကွေတာ ဆုရရှိထားသည့် သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်၏ ‌ကော်မတီ ဥက္ကဋ္ဌ တစ်ဦးဖြစ်သလို ပြီးခဲ့သည့် နိုဝင်ဘာလ ၃ဝ ရက်‌နေ့က‌ပေးအပ်ခဲ့သည့် ယခုနှစ် Goldman သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဆုကိုလည်း အ‌ရှေ့‌တောင် အာရှ‌ဒေသအတွက် ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။