Home သတင်း ဝန်ကြီးသစ်ကို တာဝန်လွှဲ‌ပြောင်း‌ပေးရန်စီစဉ်ထားဟု လက်ရှိ ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသ ဉ္ဇာမျိုး‌ပြော

ဝန်ကြီးသစ်ကို တာဝန်လွှဲ‌ပြောင်း‌ပေးရန်စီစဉ်ထားဟု လက်ရှိ ကရင်‌ရေးရာဝန်ကြီး ‌နော်ပန်းသ ဉ္ဇာမျိုး‌ပြော

2056

ဒီဇင်ဘာ ၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာ အနိုင်ရပြီး ဝန်ကြီးသစ်ကို စနစ်တကျ တာဝန်လွှဲ‌ပြောင်း‌ပေးရန် စီစဉ်ထား‌ကြောင်း လက်ရှိ ရန်ကုန်တိုင်း ‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ္ဇာမျိုးက ‌ပြောသည်။

သူမသည် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာ‌နေရာတွင် အနိုင်ရပြီး ၂၀၁၆ ခုနှစ် ဧပြီမှစ၍ တိုင်းအစိုးရအဖွဲ့တွင် တာဝန်ကိုထမ်း‌ဆောင်ခဲ့သူဖြစ်သည်။

ထိုသို့ တာဝန်စတင်ထမ်း‌ဆောင်စဉ် ယခင်ကရင်‌ရေးရာဝန်ကြီးက စနစ်တကျ တာဝန်လွှဲ‌ပြောင်း‌ပေးအပ်ခဲ့ခြင်း မရှိခဲ့သည်ကို ကြုံ‌တွေ့ခဲ့ရသဖြင့် သူမအ‌နေဖြင့် လာမည့်‌ရွေး‌ကောက်ခံဝန်ကြီးအား စနစ်တကျ တာဝန်လွှဲ‌ပြောင်း‌ပေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ၎င်းက‌ပြောသည်။

“ကျမတို့နိုင်ငံမှာက စနစ်တကျအာဏာလွှဲတယ်ဆိုတာက မရှိခဲ့ဖူး‌သေးဘူး။ ၂၀၁၅ တုန်းက အရပ်သား အစိုးရကို လွှဲတာ ပထမဦးဆုံး‌ပေါ့‌နော်။ အဲ့ထဲက တစ်ချိန်‌နောက်တစ်‌ယောက်ကို တာဝန်လွှဲလို့ရှိရင် စနစ်တကျ လွှဲဖို့ ကြိုးစားမယ်လို့ စတင်ဝန်ယူကတည်းက သတ်မှတ်ထားတယ်။ ဖိုင်‌တွေ ‌သေ‌သေချာချာ တွဲထားတယ်။ မှတ်တမ်း ‌တွေကိုလည်း ‌သေ‌သေချာချာ လုပ်ထားတယ်”ဟု ဝန်ကြီး ‌နော်ပန်းသဉ္ဇာမျိုး က‌ပြောသည်။

ထို့အပြင် အစိုးရသစ်တွင် တာဝန်ထမ်း‌ဆောင်မည့် ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးသစ် အ‌နေဖြင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု အပိုင်းတွင် ကရင်စာသင် ဆရာ၊ ဆရာမများ ‌နေ့စား လ‌ပေး ဝန်ထမ်း (TA) များတိုးမြှင့်နိုင်‌ရေးကိစ္စ၊ ကရင်-ဗမာ-အဂင်္လိပ် ပူးတွဲ အဘိဓါန်ကို ဖြည့်စွက်ဆက်ထုတ်နိုင်‌ရေးနှင့် ကရင်အမျိုးသားသမိုင်းစာအုပ်ကို ပြန်လည်း ဖြည့် စွက်ခြင်းများရှိလာက ဖြည့်စွက်ကာ ဆက်လက်ထုတ်လုပ်နိုင်‌ရေး စသည့်ကိစ္စရပ်များကို လုပ်‌ဆောင်သွားရန် အကြံပြုလိုသည်ဟု ဝန်ကြီးက ‌ပြောသည်။

လက်ရှိ ရန်ကုန်တိုင်း ကရင်‌ရေးရာဝန်ကြီးအ‌နေဖြင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့တွင် ကရင်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးတာဝန်အပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌ရေးကိုလည်း တာဝန်ယူထားပြီး ရန်ကုန် တိုင်း‌ဒေသကြီးအစိုးရ ပြန်ကြား‌ရေးဌာနကိုလည်း ‌လေးနှစ်ခန့် ပူးတွဲတာဝန်ယူခဲ့သူ ဖြစ်သည်။

ဝန်ကြီး ‌နော်ပန်းသဉ္ဇာမျိုးသည် ယခုနှစ်‌ရွေး‌ကောက်ပွဲတွင် ပြန်လည်ဝင်ပြိုင်ခြင်းမပြုဘဲ ကရင့်‌ရေးရာဝန်ကြီး တာဝန်မှ အနားယူရန် ဆုံးဖြတ်ထားပြီး အကယ်၍ ပါတီအ‌နေဖြင့် နိုင်ငံ့တာဝန်များ‌ပေးအပ်လာပါက မိမိနှင့်သင့်‌တော်မ‌တော်စဉ်းစာကာ တာဝန်ယူ၊မယူ ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ၎င်းက ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာကို ၂၀၁ဝ ပြည့်နှစ်‌ရွေး ‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီမှ ဦး‌စောထွန်း‌အောင်မြင့်က အနိုင်ရတာဝန် ထမ်း ‌ဆောင်ခဲ့ပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်မှ ‌နော်ပန်းသဉ္ဇာမျိုးက အနိုင်ရကာ လက်ရှိ အချိန်ထိ တာဝန်ထမ်း‌ဆောင်‌နေဆဲဖြစ်သည်။ နိုဝင်ဘာ ၈ရက်‌နေ့က ပြုလုပ်ပြီးစီးခဲ့သည့် ၂၀၂ဝ ပြည့်နှစ်‌ရွေး‌ကောက်ပွဲတွင် NLD မှ ‌နော်စူစဲန်နာလှလှစိုးက အနိုင်ရရှိကာ လာမည့် အစိုးရသစ်တွင် တာဝန်ထမ်း ‌ဆောင်ရမည်ဖြစ်သည်။

‌နော်စူစဲန်နာလှလှစိုးက ၎င်းလက်ထက်တွင် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု၊ ကရင်တိုင်းရင်းသားများ၏ တန်းတူအခွင့်အ‌ရေးကိစ္စနှင့် အထူးသဖြင့် လူမှုဘဝဖွံ့ဖြိုး‌ရေးများကို လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌ပြောကြားခဲ့သည်။