Home ကဗျာ လူသားဝါဒ (ကဗြာ)

လူသားဝါဒ (ကဗြာ)

2434

လူသားဝါဒ

အရိပ်တစ်ခု‌အောက်မှာ
အရိပ်ခိုတာများရင် . . .
ရှင်သန်ဖို့ ‌မေ့‌နေကြတယ် ။

မိခင်သံဇဉ်ကျူးလို့
အစွန်း‌ရောက် သမုတ်ခံရတာ
ဝမ်းနည်းစရာ‌တော့ မဟုတ်‌လောက်ဘူး . . . ။

ဗီဇရဲ့ ဇာတ်ကိုက
ပရိယာယ် မကြွယ်ဝ‌တော့
အနာဂတ်ကို ဘဝနဲ့လဲကာ လဲပါ‌စေ. . . ။

လူသားဝါဒဆိုပြီး
မုသားစကား‌တွေ ‌မွေးစားထားသ‌ရွေ့
အခိုးအ‌ငွေ့က မှုန်မှိုင်း‌နေဦးမယ် ။

အသက်တစ်‌ချောင်းချင်း တူတာ‌တောင်
ဖာပွန်က‌ညောမူး အသက်က
ဘာမှမဟုတ်သလို . . .
အနီမှ တန်ဖိုးရှိသလို . . .
လူသားဝါဒဆိုရင်
လူ့အသက်တစ်‌ချောင်းက တူတူပဲ . . . ။

အမျိုးသား သစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်