Home သတင်း မူးယစ်‌ဆေးဝါး ကွင်းဆက်တရားခံထံမှ လက်နက်နှင့် WY မူးယစ်‌ဆေးပြားများ ဖမ်းဆီးရမိ

မူးယစ်‌ဆေးဝါး ကွင်းဆက်တရားခံထံမှ လက်နက်နှင့် WY မူးယစ်‌ဆေးပြားများ ဖမ်းဆီးရမိ

4978
Photo: မွဝတီမွို့မရဲစခနျး

ဒီဇင်ဘာ ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ပြည်သာယာ ၄ လမ်းရှိ မင်းကိုကိုထွန်း (ခ) မင်းမင်း ဆိုသူ၏ ‌နေအိမ်အား မူးယစ်‌ဆေးဝါး သတင်းအရ ရဲတပ်ဖွဲ့ဝင်များမှ ဝင်‌ရောက်ရှာ‌ဖွေစဉ် WY မူးယစ်‌ဆေး (၁,၈၀၀) ပြား ‌တွေ့ရှိပြီး ဆက်လက်စစ် ‌ဆေးရာ ကွင်းဆက်တရာခံ ခန့်မင်းသူ(ခ)ဖိုးဒါး ဆိုသူထံမှ WY ‌ဆေးပြား (၁,၃၀၆) ပြား နှင့်အတူ ၉ မမ ပစ္စတို (၁)လက်နှင့် ကျည်ဆံများ ထပ်မံဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

မူးယစ်တပ်စု (၃၂) ရဲအုပ် ‌ဇော်‌ဇော်ဝင်း ဦးစီး‌သော ပူး‌ပေါင်းအဖွဲ့သည် ယမန်‌နေ့ (ဒီဇင်ဘာလ ၂ ရက်)နံနက် ၁ဝ နာရီ ၁၅ အချိန်ခန့်က သတင်းအရ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ပြည်သာယာ ၄ လမ်းရှိ မင်းကိုကိုထွန်း (ခ) မင်းမင်းဆိုသူ၏ ‌နေအိမ်အား ဝင်‌ရောက်ရှာ‌ဖွေစဉ် ယခုလို WY စိတ်ကြွ‌ဆေးပြားများကို ကနဦး ဖမ်းဆီး ရမိ ခဲ့ခြင်းဖြစ်သည်။

ထို့‌နောက် မင်းကိုကိုထွန်း (ခ)မင်းမင်းအား ဆက်လက်စစ်‌ဆေးရာ ၎င်း‌ဆေးပြားများမှာ မြဝတီမြို့ အမှတ် ၄ ရပ်ကွက်‌နေ ခန့်မင်းသူ (ခ)ဖိုးဒါးဆိုသူမှ လာ‌ရောက်‌ရောင်းချခဲ့‌ကြောင်းသိရ၍ ၎င်း၏ ဖုန်းဖြင့် ခန့်မင်းသူ (ခ) ဖိုးဒါးအား မူးယစ်‌ဆေး ဝယ်ယူလို‌ကြောင်း ဆက်သွယ်ရာ ည‌နေ ၄ နာရီ‌ကျော် အချိန်ခန့်တွင် ခန့်မင်းသူ (ခ)ဖိုးဒါး နှင့် အ‌ဖော်အဖြစ်လိုက်ပါလာသူ ‌စောချစ်ထူး (ခ)‌စောကူ‌ချောတို့နှစ်ဦး‌ရောက်ရှိလာပြီး ၎င်းတို့အား ရှာ‌ဖွေရာ ခန်းမင်းသူ (ခ)ဖိုဒါး ထံမှ WY စိတ်ကြွ‌ဆေးပြား (၁,၃၂၀) ပြားနှင့် ၉ မမ ပစ္စတို ၁ လက် နှင့်အတူ ကျည်ဆံ ၅ ‌တောင့်အား ဆက်လက်ဖမ်းဆီးရမိခဲ့‌ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

ထိုသို့ မူးယစ်‌ဆေးဝါးများကို လက်ဝယ်ထားရှိ‌ရောင်းချသူ အသက်(၃၇)နှစ်အရွယ် မင်းကိုကိုထွန်း(ခ)မင်းမင်း အား မြဝတီမြို့မရဲစခန်း၏ မူးယစ်(ပ) ၁၇၁/၂၀၂ဝ မူးယစ်‌ဆေးဝါး ဥပ‌ဒေပုဒ်မ ၁၉(က)/ ၂၁ ဖြင့်လည်း‌ကောင်း၊ (၂၉)နှစ်အရွယ် ခန့်မင်းသူ (ခ)ဖိုးဒါး နှင့် အ‌ဖော်လိုက်ပါလာသူ ‌စောချစ်ထူး(ခ)‌စောကူ‌ချော (၄၁)နှစ် တို့ ၂ ဦး အား မူးယစ်(ပ)၁၇၂ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂ (ခ)/၂၁တို့ဖြင့် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။