Home COVID-19 ကိုဗစ်လူနာ ‌တွေ့ရှိခဲ့သည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ကန့်သတ်ပိတ်ပင်မှုတချို့ ပြန်လည်‌လျှော့ချ‌ပေး

ကိုဗစ်လူနာ ‌တွေ့ရှိခဲ့သည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ကန့်သတ်ပိတ်ပင်မှုတချို့ ပြန်လည်‌လျှော့ချ‌ပေး

1409

ဒီဇင်ဘာ ၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

နိုဝင်ဘာ ၁၉ ရက်‌နေ့ က Covid-19 အတည်ပြုလူနာ တစ်ဦးကို ဓာတ်ခွဲ‌တွေ့ရှိခဲ့သည့် ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင်း ကန့်သတ်ပိတ်ပင်မှုတချို့ကို ပြန်လည်‌ဖြေ‌လျှော့လိုက်ပြီး ဖြစ် ‌ကြောင်း စခန်းတာဝန်ရှိသူများထံမှသိရသည်။

ကိုဗစ်အတည်ပြုလူနာ ‌တွေ့ရှိပြီး‌နောက် ၎င်းနှင့်ထိ‌တွေ့ခဲ့သူ (၁၆)ဦးအပါအဝင် မိသားစုဝင် ၄ ဦးနှင့် လူဦး‌ရေ စုစု‌ပေါင်း (၁၀၀) ‌ကျော်ကို ဆက်လက် ဓာတ်ခွဲစစ်‌ဆေးရာတွင် (Covid-19 negative) ရလဒ် ထွက်‌ပေါ်၍ ‌ရောဂါပိုးမ‌တွေ့ရှိ‌သော‌ကြောင့် စခန်းအတွင်း ဝင်ထွက်သွားလာမှုအချို့ကို ပြန်လည်ခွင့်ပြု‌ပေးခဲ့ခြင်းဖြစ် ‌ကြောင်း စခန်း ဥက္ကဋ္ဌ ‌စောထွန်းထွန်းက ‌ပြောသည်။

၎င်းက “အခု စခန်းထဲမှာ ဝင်ထွက်သွားလာတာ၊ ‌ဈေး‌တွေ ဘာ‌တွေ ပြန်ဖွင့်‌နေပြီး။ ရပ်ကွက် တစ်ခုနဲ့ တစ်ခု သွားလာလို့လည်းရပြီး။ ဒါ‌ပေမဲ့ Mask တပ်ပြီးသွားရမယ်။ မနက် (၅) နာရီက‌နေ ည‌နေ ၇ နာရီအထိပဲ သွားလို့ ရပြီး‌တော့ ညပိုင်းသွားလို့ မရဘူး။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ဘာသာ‌ရေးဆိုင်ရာ လူစုလူ‌ဝေးများနှင့် ခရစ္စမတ် ရာသီပွဲ‌တော်များကိုလည်း အကန့်အသတ်ဖြင့် ပြု လုပ်ခွင့် ‌ပေးသွားမည်ဖြစ်‌ကြောင်း နှင့် စခန်းပြင်ပလူများကို ဝင်ခွင့်‌ပေးသွားမည်မဟုတ်‌ကြောင်းလည်း ‌စောထွန်း ထွန်း က ဆက်‌ပြောသည်။

လက်ရှိ ပိုး‌တွေ့လူနာများနှင့် ထိ‌တွေ့ခဲ့သူများအပြင် စခန်းပြင်ပမှ ပြန်ဝင်လာသူများကို Quarantine ဆက် လက်ထားရှိ‌နေဆဲဖြစ်‌သော်လည်း စခန်းနှင့်သက်ဆိုင်သည့် ထိုင်းအာဏာပိုင်များမှ ၎င်းတို့နှင့် ‌တွေ့ဆုံ၍ အ‌ခြေ အ‌နေ‌မေးမြန်ကြည့်ရှုစစ်‌ဆေးပြီးလျှင် ‌နေအိမ်အသီးသီးသို့ ပြန်‌နေခွင့်ပြုသွားရန် စီစဉ်‌နေ‌ကြောင်းလည်း စခန်း တာဝန်ရှိသူများက ဆိုသည်။

အုန်းဖျန် ဒုက္ခသည်စခန်း၏ ရပ်ကွက်(၄)၊ အိမ်နံပါတ် (၈၅)တွင် ‌နေထိုင်‌နေသူ အသက် ၄၈ နှစ်အရွယ် ‌စော ကနဲ ဆိုသူ အမျိုးသားသည် အပြင်းဖျားပြီး နှာ‌စေး‌ချောင်းဆိုးမှုများ ဖြစ်ပွားခြင်း‌ကြောင့် စခန်းတွင်း ‌ဆေးခန်းသို့ သွား‌ရောက် ပြသရာ၌ ကျန်းမာ‌ရေး တာဝန်ရှိသူများမှ အာ‌ခေါင်တို့ဖတ် ရယူစစ်‌ဆေးရာတွင် ကိုဗစ် Positive ဖြစ်ပွား‌နေ‌ကြောင်း ‌တွေ့ရှိ၍ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်‌နေ့က စခန်းတစ်ခုလုံး ဝင်ထွက်သွားလာ မှုများနှင့် လူစုလူ‌ဝေးပြုလုပ်မှုများကို ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ထို့‌နောက် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်‌ဆေးရုံးကြီးမှ ကျန်းမာ‌ရေး တာဝန်ရှိသူများသည် ၎င်းဒုက္ခသည်စခန်းသို့ သွား‌ရောက်၍ လူနာနှင့် ထိ‌တွေ့ခဲ့သူ မိသားစုဝင် (၄)ဦး အပြင် ရပ်ကွက်တွင်း‌နေသူ (၁၆) ဦးနှင့် ‌နောက်ထပ် လူဦး‌ရေ (၁၃၂)ဦး၏ နှာ‌ခေါင်းတို့ဖတ်ရယူစစ်‌ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ‌ရောဂါလက္ခဏာ (negative) ရလဒ် ‌ပေါ်ထွက်ခဲ့‌ကြောင်း သိရသည်။

၎င်းကိုဗစ်အတည်ပြုလူနာသည် ဒုက္ခသည်စခန်းပြင်ပသို့ သွား‌ရောက်၍ အလုပ်လုပ်ကိုင်‌နေသူူ တစ်ဦး ဖြစ်ကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ရက်‌နေ့က စခန်းတွင်းသို့ ပြန်လည်ဝင်‌ရောက်လာခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောဆိုခဲ့သည်။