Home သတင်း ကရင်ပြည်နယ်တွင် ‌ရွေး‌ကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်‌လောင်းထက်ဝက်‌ကျော် အာမခံ‌ငွေပြန်ရမည်

ကရင်ပြည်နယ်တွင် ‌ရွေး‌ကောက်ပွဲဝင်ပြိုင်သည့် ကိုယ်စားလှယ်‌လောင်းထက်ဝက်‌ကျော် အာမခံ‌ငွေပြန်ရမည်

1642

ဒီဇင်ဘာ ၁၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်အတွင်း ‌ရွေး‌ကောက်ပွဲဝင်ပြိုင်ခဲ့သည့် တစ်သီးပုဂ္ဂလအပါအဝင် ပါတီအသီးသီးမှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ထက်ဝက်‌ကျော်သည် သတ်မှတ် ထား‌သော ခိုင်လုံမဲရရှိသည့်အတွက် ‌ရွေး‌ကောက်ပွဲအာမခံ‌ငွေ ကျပ်သုံးသိန်း ပြန်လည်ရရှိ သွားမည်ဖြစ်‌ကြောင်း ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

“သတ်မှတ်ချက်က‌တော့ ခိုင်လုံမဲရဲ့ ရှစ်ပုံတစ်ပုံ‌ပေါ့၊ ‌ကျော်ရင် အာမခံ‌ငွေ ကျပ်သုံး သိန်းပြန်ရမယ်။ ပြန်ရမယ့် ကိုယ်စားလှယ်‌တွေများတယ်။ ၁၀ဝ ‌ကျော်‌လောက်ရှိတယ်” ဟု ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်က ‌ပြောသည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ မဲရလဒ်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယင်းရလဒ်မျာကို စု‌ဆောင်းတွက်ချက်မှုများအရ ပြီးခဲ့သည့်‌ရွေး ‌ကောက်ပွဲတွင် ကရင်ပြည်နယ်၊ မြို့နယ် ခုနစ် မြို့နယ်၏ ပြည်သူ့ လွှတ်‌တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် စုစု‌ပေါင်း ကိုယ်စားလှယ်‌လောင်း ၃၄ ဦးဝင်ပြိုင်ခဲ့ရာ ၂၂ ဦးက ခိုင်လုံမဲ ရှစ်ပုံတစ်ပုံ၊ ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၅ (၁၂.၅) ရာခိုင်နှုန်း‌ကျော် ရရှိခဲ့သည်။

အလားတူ အမျိုးသား လွှတ်‌တော်မဲဆန္ဒနယ် ၁၂ ‌နေရာအတွက် ကိုယ်စားလှယ်‌လောင်း ၆၁ ဦးဝင်ပြိုင်ခဲ့ရာ ကိုယ်စားလှယ် ၃၅ ဦးသည် ခိုင်လုံမဲ ၁၂ ဒသမ ၅ (၁၂.၅) ရာခိုင်နှုန်း‌ကျော် ရရှိခဲ့သည်။

ပြည်နယ်လွှတ်‌တော် မဲဆန္ဒနယ် ၁၄ ‌နေရာတွင်မူ ကိုယ်စားလှယ်‌လောင်း ၈ဝ ဦးဝင်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်‌လောင်း ၄ဝ ဦးက ခိုင်လုံမဲ ၁၂ ဒသမ ၅ (၁၂.၅) ရာခိုင်နှုန်း‌ကျော် ရရှိခဲ့သည်။

အလားတူ ဗမာ၊ မွန်၊ ပအိုဝ်းတိုင်းရင်းသား‌ရေးရာ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ် ၂၄ ဦး ဝင်ပြိုင်ခဲ့ကာ ကိုယ်စားလှယ် ခုနစ်ဦးသည် ခိုင်လုံမဲ ၁၂ ဒသမ ၅ (၁၂.၅) ရခိုင်နှုန်း‌ကျော်ရရှိခဲ့သည့်အတွက် ကိုယ်စားလှယ်‌လောင်း စုစု‌ပေါင်း ၁၉၉ ဦးတွင် ၁၀၄ ဦးတို့သည် ခိုင်လုံမဲရရှိကာ ‌ရွေး‌ကောက်ပွဲ အာမခံ‌ငွေ ကျပ်သုံးသိန်း ပြန်ရမည်ဖြစ်သည်။

“ ကိုယ်တို့ ပါတီက ကိုယ်စားလှယ်အများစု ‌ရွေး‌ကောက်ပွဲမှာ သတ်မှတ်ထားတဲ့ ခိုင်လုံမဲ ၁၂.၅ ရာခိုင်နှုန်း‌ကျော် မဲရတဲ့အတွက် အာမခံ‌ငွေပြန်ရမယ့်သ‌ဘောရှိတယ်။ အခုထိ‌တော့ ပြန်ထုတ်ဖို့ ‌ကော်မရှင်က အ‌ကြောင်းမကြား ‌သေးဘူး” ဟု ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ လှိုင်းဘွဲ့မြို့နယ်၊ ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ တွင်ဝင်ပြိုင်ခဲ့သူ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ယခုလို ခိုင်လုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်း‌ကျော် ရရှိသည့်ကိုယ်စားလှယ်‌လောင်း စုစု‌ပေါင်း ၁၀၄ ဦးတွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ကရင် ပြည်သူ့ပါတီနှင့် မွန်ညီညွတ်‌ရေးပါတီမှ ကိုယ်စားလှယ်‌လောင်းများ အများစု ဖြစ်‌ကြောင်းသိရသည်။

ပြည်နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်‌လောင်း၂၃ ဦးရှိပြီး ယင်းတို့ထဲတွင် ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး ပြည်နယ်လွှတ်‌တော် ‌ကော့ကရိတ် -၂ တွင် ဝင်ပြိုင်ရန် အမည် စာရင်းတင် သွင်းခဲ့‌သော်လည်း ကန့်ကွက်ခံရသည့်အတွက် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်‌လောင်းအဖြစ်သာ ဝင်ပြိုင်ခဲ့သူ ‌စော‌လောရှည်တစ်ဦးတည်းသာ ခိုင်လုံမဲ ၁၂ ဒသမ ၅ ရာခိုင်နှုန်း‌ကျော်ရရှိသည့်အတွက် ‌ရွေး‌ကောက်ပွဲ အာမခံ‌ငွေ ပြန်ရမည်ဖြစ်ကာ ကျန်တစ်သီးပုဂ္ဂလများမှာမူ သတ်မှတ်ခိုင်လုံမဲ မရရှိသည့်အတွက် ‌ရွေး‌ကောက်ပွဲအာမခံ‌ငွေ ဆုံးရှုံးမည် ဖြစ်‌ကြောင်းသိရသည်။