Home ရွေးကောက်ပွဲသတင်း ကရင်‌ကျေးရွာများ အစိုးရနှင့်ဆက်သွယ်နိုင်‌ရေး လက်ကျန်သက်တမ်းအတွင်း ‌ဖော်‌ဆောင် သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီး‌ပြော

ကရင်‌ကျေးရွာများ အစိုးရနှင့်ဆက်သွယ်နိုင်‌ရေး လက်ကျန်သက်တမ်းအတွင်း ‌ဖော်‌ဆောင် သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာ ဝန်ကြီး‌ပြော

2486

ဒီဇင်ဘာ ၁၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်မှ ကရင်‌ကျေးရွာများ အစိုးရနှင့်ဆက်သွယ်နိုင်‌ရေး လက်ကျန်သက်တမ်းအတွင်း ‌ဖော်‌ဆောင်သွားမည်ဟု မွန်ပြည်နယ်၊ ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က ‌ပြောသည်။

“အခုလက်ကျန်သက်တမ်းအတွင်းမှာ ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာ‌တွေနဲ့ အဆက်အသွယ်ရမရှိ ဖြစ်‌နေတဲ့ ကိုယ့်ကရင်ရွာ‌တွေကို အစိုးရနဲ့ချိတ်ဆက် နိုင်‌အောင် လမ်း‌ကြောင်း ‌ဖော်‌ဆောင်သွားမယ်။ ကျိုက်မ‌ရော မြို့နယ်ထဲမှာ အဲ့လိုရွာ‌တွေရှိတယ်။ တချို့က ‌ရော‌နှော‌နေထိုင်တာပါ။ တခြားမြို့‌တွေမှာလည်း ရှိတယ်။ အဲ့လိုရွာ‌တွေကို ဆက်သွယ်‌ရေးလမ်း‌ကြောင်း သတ်သတ်မှတ်မှတ်ရှိ‌အောင် ‌ဖော်‌ဆောင်သွားမယ်” ဟု ၎င်းက ‌ပြောသည်။

ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်သည် ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီမှ ဝင်‌ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၆ ဧပြီတွင် မွန်ပြည်နယ် အစိုးရ အဖွဲ့၊ ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး အဖြစ်စတင်တာဝန် ထမ်း‌ဆောင်ခဲ့သည်။

ဝန်ကြီးသည် ပြီးခဲ့သည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင့်‌ရေးရာရာဝန်ကြီး‌နေရာအတွက် ပြန်အ‌ရွေးမခံခဲ့သလို သူ့၏‌နေရာတွင် ‌ဒေါက်တာ‌စောသာစိန်က ဝင်အ‌ရွေးခံခဲ့ပြီး အနိုင်ရရှိခဲ့သည်။

သူ့၏ ငါးနှစ်တာ ဝန်ကြီးတာဝန်ထမ်း‌ဆောင်စဉ် အစိုးရအဖွဲ့ ပုံမှန်လုပ်ငန်းစဉ်ဖြစ်သည့် ဖွံ့ဖြိုး‌ရေးကိစ္စရပ်များကို လုပ်‌ဆောင်ခဲ့သလို မွန်ပြည်နယ်အတွင်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးကဏ္ဍတွင် နှစ်အလိုက် ပြည်နယ်အစိုးရ ရံပုံ‌ငွေ ထဲမှ ဘတ်ဂျက်ရရှိ ‌အောင်‌ဆောင်ရွက်‌ပေးခဲ့သည်။

အလားတူ မွန်ပြည်နယ်အတွင်း ကရင့်အာဇာနည်‌နေ့ အခမ်းအနားများကျင်းပမှုအ‌ပေါ် တက်‌ရောက်အား‌ပေးခဲ့သည်ကို ‌တွေ့ရသည်။

ထို့ပြင် ကရင်အမျိုးသားသမိုင်းနှင့် ကရင်-ဗမာ-အဂင်္လိပ် ပူးတွဲ အဘိဓါန် ပြုစု‌ရေးနှင့် ကရင်သင်ရိုးညွှန်းတမ်း ပြုစု‌ရေး ကိစ္စရပ်များကိုလည်း အခြား‌သော ကရင်‌ရေးရာဝန်ကြီးများနှင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီတို့နှင့် ချိတ်ဆက်လုပ်‌ဆောင်ခဲ့‌ကြောင်း သိရသည်။

ထို့အပြင် ဝန်ကြီးအ‌နေဖြင့် ၎င်း၏ လက်ကျန်သက်တမ်းအတွင်း ဇန်နဝါရီ ၁၃ ရက်တွင် ကျ‌ရောက်မည့် ကရင်မျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို အကျဉ်းချုပ်ကျင်းပနိုင်ရန် မွန်ပြည်နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီဝင်များနှင့် ညှိနှိုင်း‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

“အရင်နှစ်‌တွေလို‌တော့ ပွဲ‌တော်ကြီး‌တွေ မကျင်းပနိုင်ဘူး၊ နှစ်သစ်ကူး‌နေ့မှာ အကျဉ်းချုပ်‌ပေါ့။ နှစ်သစ်ကူး အလံတင်မယ်၊ သံဃာ‌တွေကို ဆွမ်းကပ်တာ‌တွေလုပ်မယ်။ ဒီအတွက် ဝန်ကြီးအ ‌နေနဲ့ တစ်မြို့နယ်ကို ဘတ်ဂျက် ၁ဝ သိန်း၊ စုစု‌ပေါင်း ၁ဝ မြို့နယ်အတွက် ဘတ်ဂျက် သိန်း ၁၀ဝ သူ့လက်ထက်မှာ ချ‌ပေးမယ်လို့ သိရတယ်” ဟု ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီဝင် ‌စောဆန်းဝင်းက ‌ပြောသည်။