Home သတင်း ကရင်စာ‌ပေ ပိုမိုတိုးတက်ရန် အဓိကထား ‌ဆောင်ရွက်မည်ဟု ပဲခူးကရင်ဝန်ကြီး‌ပြော

ကရင်စာ‌ပေ ပိုမိုတိုးတက်ရန် အဓိကထား ‌ဆောင်ရွက်မည်ဟု ပဲခူးကရင်ဝန်ကြီး‌ပြော

1618

ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုကို ယခု ၅ နှစ်ထက် ပိုမိုတိုးတက်ရန် လာမည့်သက်တမ်းတွင် အဓိကထား ‌ဆောင်ရွက်သွားမည်ဟု ပဲခူးတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေး က ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ပြုလုပ်ပြီးစီးခဲ့သည့် ‌ရွေး‌ကောက်ပွဲ၌ ပဲခူးတိုင်းကရင်‌ရေးရာအတွက် ‌နော် ပွယ်‌စေးသည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ကိုယ်စားပြုကာ ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲအများဆုံး ဖြင့် ဒုတိယအကြိမ် ထပ်မံအနိုင်ရခဲ့သည့် ဝန်ကြီးလည်းဖြစ်သည်။

“နံပတ် ၁ က စာ‌ပေနဲ့ ယဉ်‌ကျေးမှုကို ဒီ ၅ နှစ်ထက်ပိုပြီး တိုးတက်‌အောင်၊ စည်းလုံးညီညွတ်‌အောင်၊ သု‌တေသနလုပ်ပြီး‌တော့ လိုအပ်တဲ့ဟာကို ဖြည့်စွက်ပြီး အ‌ကောင်းဆုံးလုပ်‌ဆောင်သွားမယ်။ စာ‌ပေ ယဉ်‌ကျေးမှုအဖွဲ့‌တွေနဲ့‌ရော အားလုံးနဲ့ ပူး‌ပေါင်းပြီးလုပ်‌ဆောင်သွားမယ်‌ပေါ့‌နော်။ ”ဟု ဝန်ကြီး ‌နော်ပွယ် ‌စေးက ယမန်‌နေ့(ဒီဇင်ဘာ ၁ ရက်)တွင် ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားတို့၏ လိုအပ်ချက်အ‌ပေါ်တင်ပြလာသည့်ကိစ္စရပ်များ၊ ကရင်လူငယ်ဖွံ့ဖြိုး‌ရေး၊ လမ်း၊ တံတားစသည့် ‌ဒေသဖွံ့ဖြိုး‌ရေးများကိုလည်း ယခုထက်မက ‌ဆောင်ရွက်နိုင်ရန် ကြိုးစားသွားပါ မည်ဟုလည်း ဝန်ကြီး ‌နော်ပွယ်‌စေးက ဆက်‌ပြောသည်။

ဝန်ကြီး‌နော်ပွယ်‌စေးအ‌နေဖြင့် သူတတ်နိုင်သည့်ဖက်က လုပ်‌ဆောင်‌ပေးခဲ့သည့်အတွက် ‌ကျေးဇူးတင်ပါ ‌ကြောင်းနှင့် လာမည့်သက်တမ်းတွင် ကရင့်လူ‌နေမှုဘဝမြင့်မားလာ‌အောင် ပိုမိုလုပ်‌ဆောင်‌ပေး‌စေလို ‌ကြောင်း ပဲခူးတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဘဏ္ဍာ‌ရေးမှူး ‌စော‌ကျော်‌အောင်က ယခုလို‌ပြောသည်။

၎င်းက “ကရင်လူ‌နေမှုဘဝမြင့်မားလာဖို့ ပညာ‌ရေးနဲ့ အလုပ်အကိုင်ရရှိ‌ရေး၊ စိုက်ပျိုး‌ရေး ‌မွေးမြူ‌ရေး ကဏ္ဍ‌တွေ၊ ‌ချေး‌ငွေရရှိ‌ရေး‌တွေအတွက် (ဝန်ကြီးအ‌နေနဲ့)လုပ်‌ပေး‌စေချင်ပါတယ်။ အခု ကိုဗစ်ကာလ မှာ ‌ကျောင်းပိတ်ထား‌ပေမယ့် ကရင်စာ ‌နေ့စားသင်တဲ့ ဆရာ‌တွေ ဒုက္ခမ‌ရောက်‌အောင် ဆိုတဲ့ဟာမျိုး ‌ပေါ့။ ‌နောက်ပြီး ပဲခူးကရင်စာ၊ ယဉ်‌ကော်မတီနဲ့ လူငယ်‌ရေးရာအဖွဲ့‌တွေကို ကြပ်ကြပ်မတ်မတ် ဖွဲ့စည်း ‌စေချင်တယ်။” ဟု‌ပြောသည်။

ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီးတာဝန်ယူခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂ဝ ခုနှစ်အ‌တောအတွင်း ကရင်‌ရေးရာကိစ္စရပ်များအပြင် အခြားတိုင်းရင်းသားများဒုက္ခ‌ရောက်‌နေသည်ကို အကူအညီ‌တောင်း စရာမလိုဘဲ သိရှိသည်နှင့်တစ်ပြိုင်နက် သွား‌ရောက်ကူညီ‌ပေးခဲ့‌ကြောင်းလည်း ဝန်ကြီး‌နော်ပွယ်‌စေးက ‌ပြောခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဒိုက်ဦးမြို့နယ်မှ ကျပ်တစ်‌သောင်းတန် ‌ငွေစက္ကူအတု ကိုင်‌ဆောင်မှုဖြင့် တရားရင်ဆိုင်ခဲ့ရသူ ‌နော်‌သောသွဲ့ထူး၏အမှု ကွင်းလုံးကျွတ်လွတ်‌မြောက်ရန်အပြင် အခြား‌ဒေသဖွံ့ ဖြိုး‌ရေး လုပ်ငန်းများကိုလည်း ဝန်ကြီး‌နော်ပွယ်‌စေးမှ ဦး‌ဆောင်ကူညီလုပ်‌ဆောင်‌ပေးခဲ့သည့်အတွက် ယခုလို ထပ်မံ‌ရွေး‌ကောက်ခံရခြင်းဖြစ်သည်ဟု သုံးသပ်‌ပြောဆိုမှုများရှိသည်။

ကရင်ပြည်နယ်ပြင်ပ မွန်ပြည်နယ်၊ တနသင်္ာရီ၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့တွင် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ၅ ဦးရှိပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲနှင့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ နှစ်ကြိမ် ဆက်တိုက် အ‌ရွေးခံရသည့် ကရင်ဝန်ကြီးအားလုံးသည် NLD ပါတီဝင်များ ဖြစ်သည်။