Home သတင်း ကရင်စာ‌ပေပြိုင်ပွဲ‌ရှေ့ဆက်‌ရေး သက်ဆိုင်ရာ ပံ့ပိုးမှုလိုအပ်‌နေ‌ကြောင်း စာ‌ပေတာဝန်ခံ‌ပြော

ကရင်စာ‌ပေပြိုင်ပွဲ‌ရှေ့ဆက်‌ရေး သက်ဆိုင်ရာ ပံ့ပိုးမှုလိုအပ်‌နေ‌ကြောင်း စာ‌ပေတာဝန်ခံ‌ပြော

2197

ဒီဇင်ဘာ ၁၄ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ ကရင်စာ‌ပေပြိုင်ပွဲများ ‌ရှေ့ဆက် ကျင်းပနိုင်‌ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ များ၏ ပံ့ပိုးမှုများ လိုအပ်‌နေ‌ကြောင်း ယ‌နေ့(ဒီဇင်ဘာ ၁၄ရက်)တွင် ကျင်းပခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင် ရာ သုံးကြိမ်‌မြောက် စာ‌ပေပြိုင်ပွဲဆုချီးမြှင့်ပွဲအပြီးတွင် ပြိုင်ပွဲ၏ စာ‌ပေတာဝန်ခံ ‌စော‌ယောင့်သာအဲဆန်က ‌ပြောသည်။

၎င်းက “စာ‌ပေပြိုင်ပွဲဆိုတာက လွယ်လွယ်နဲ့ဖြစ်တဲ့အရာ မဟုတ်ဘဲ ခက်ခက်ခဲခဲလုပ်ရတာပါ။ တတ်သိကျွမ်းကျင်တဲ့လူ ရှိရမယ်။ လုပ်နိုင်တဲ့စွမ်းရည် အဖက်ဖက်က ရှိရမယ်။ လုပ်ဖြစ်သွားတယ်ဆို အထူးသဖြင့် အစိုးရအဖွဲ့အစည်းက ပံ့ပိုး ‌ပေးဖို့လိုတာ‌ပေါ့။ စာ‌ပေပြိုင်တဲ့အချိန် အစားအ‌သောက်တို့ပဲဖြစ်‌စေ၊ ဆု‌ပေးတဲ့အချိန်ဖြစ်‌စေ စိန်‌ခေါ်မှုက ဘာလဲဆို ‌တော့ ‌ငွေ‌ကြေးပဲ‌ပေါ့‌နော်။ တို့အဖွဲ့က ‌ငွေမရှိတဲ့ခါကျ‌တော့‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုအသင်းမှ ဦး‌ဆောင်၍ ၂၀၁၉ခုနှစ်၊ ‌အောက်တိုဘာလတွင် ဝင်း‌ရော်‌ဒေသ၊ ခလယ်တံခွန်တိုင်(ဇီးဖြူကုန်း‌ကျောင်း)၊ ၂၀၂ဝခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် ကြိတ်‌ကျေးရွာ၊ ၂၀၂ဝခုနှစ် ဇူလိုင်လတွင် ဇီးဖြူကုန်း‌ကျောင်းတို့၌ ကရင်စာ‌ပေပြိုင်ပွဲကို ၃ကြိမ်တိုင်တိုင် ပြုလုပ်ပြီးစီးခဲ့ကြသည်။

ကရင်စာဖြင့် စာ‌ရေး၊ စာဖတ်သူများ တိုးတက်များပြားလာပြီး အမှား၊ အမှန် စဉ်းစား‌တွေး‌ခေါ် ချင့်ချိန်မှုစွမ်းရည်များ ရရှိ ဖြစ်ထွန်း‌စေရန် ရည်ရွယ်ကျင်းပ‌သော ယခုစာ‌ပေပြိုင်ပွဲတွင် ‌ဒေသခံ ရဟန်းသံဃာနှင့် ရွာသူရွာသားများ၏ ပံ့ပိုး‌ငွေ၊ အစားအ‌သောက်နှင့် လုပ်အားများဖြင့်သာ လည်ပတ်‌နေ‌ကြောင်း ‌စော‌ယောင့်သာအဲဆန်က ဆက်‌ပြောသည်။

အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ စာ‌ပေပြိုင်ပွဲ ကျင်းပရန် ကုန်ကျမှုများအတွက် မိမိတို့ဌာနသို့ တင်ပြအသိ ‌ပေး၊ အ‌ကြောင်းကြားခြင်းများ မ‌တွေ့ရှိရ‌ကြောင်း တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန၏ ကရင်ပြည်နယ် ညွန် ကြား‌ရေးမှူး ‌စော‌ကျော်မင်းထွဋ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ဆီကို တရားဝင်စာ‌တွေ တင်ပြအသိ‌ပေး အ‌ကြောင်းကြားတာ‌တော့ မရှိဘူး။ တင်ပြလာတယ်ဆိုရင် တိုင်းရင်းသားဝန်ကြီးကို ဆက်လက်တင်ပြပြီး‌တော့ ဘတ်ဂျက်‌တွေ ထည့်သွင်း‌ရေးဆွဲ‌ပေးလို့ရတာ‌ပေါ့။ (အဲလို တင်ပြလာရင်လည်း) ဆက်လက်ပူး‌ပေါင်း‌ဆောင်ရွက်သွားဖို့ ရှိတာ‌ပေါ့။”ဟု ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာနအ‌နေဖြင့် စာ‌ပေဖွံ့ဖြိုးတိုးတက်‌ရေးကိစ္စရပ်များတွင် စာသင် ‌ကျောင်းများ၌ တိုင်းရင်းစာသင်ဆရာများခန့်ထား‌ရေး၊ သင်ကြား‌ရေးအတွက် ပညာ‌ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်လုပ် ‌ဆောင်သလို ‌နွေရာသီ တိုင်းရင်းသားစာ‌ပေသင်တန်းများအတွက်လည်း လုပ်‌ဆောင်‌ပေး‌နေ‌ကြောင်း ‌စော‌ကျော်မင်း ထွဋ်က ဆက်‌ပြောသည်။

ယ‌နေ့ ပြုလုပ်ပြီးစီးခဲ့သည့် ကြာအင်းဆိပ်ကြီးမြို့နယ်လုံးဆိုင်ရာ သုံးကြိမ်‌မြောက် စာ‌ပေပြိုင်ပွဲဆုချီးမြှင့်ပွဲ အစီအစဉ် တစ်ရပ်ကို ဝင်း‌ရော်‌ဒေသ၊ ဒိုင်လွတ်-တမို‌ဝေါင်းဘုန်း‌တော်ကြီး‌ကျောင်း၌ ဒီဇင်ဘာ ၁၄ရက်‌နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြ ရာ ရဟန်းရှင်လူ ပံ့ပိုး‌ငွေကျပ် ၁၆သိန်း‌ကျော် ကုန်ကျ‌ကြောင်း ပွဲစီစဉ်သူများက ‌ပြောဆိုသည်။

ယခင် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကြာအင်းဆိပ်ကြီးမြို့နယ် ကရင်စာ‌ပေပြိုင်ပွဲများတွင် ၂၅ကျပ်သိန်း‌ကျော်စီ ကုန်ကျခဲ့ပြီး ပြိုင်ပွဲဝင်များကို က‌လေး၊ လူငယ်၊ လူကြီးဟူ၍ အသက်အရွယ်အလိုက် ခွဲခြားထားကာ ကရင် (ပိုးနှင့် စ‌ကော)ဘာသာဖြင့် ကဗျာ၊ ‌ဆောင်းပါး၊ စာစီစာကုံး၊ စကား‌ပြေ၊ ဘာသာပြန် စသည်တို့ကို အမျိုးအစားခွဲပြီး ယှဉ်ပြိုင် ‌စေခဲ့‌ကြောင်း စာ‌ပေပြိုင်ပွဲ ဖြစ်‌မြောက်‌ရေးတာဝန်ရှိသူများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အ‌နောက်ပိုင်း‌ဒေသဖြစ်သည့် ဝင်း‌ရော်-ဇမိ‌ဒေသ စာ\ယဉ်အသင်း၊ အ‌ရှေ့ပိုင်းရှိ ကျိုက်ဒုံ ‌ဒေသ စာ\ယဉ်အသင်းနှင့် ‌တောင်ပိုင်းရှိ ဘုရားသုံးဆူ‌ဒေသ စာ\ယဉ်အသင်း ၃ဖွဲ့ စု‌ပေါင်းကာ ကြာအင်းဆိပ်ကြီးမြို့ နယ် ကရင်စာ/ယဉ်အသင်းကို ၂၀၁၉ခုနှစ်၊ ‌အောက်တိုဘာ ၉ရက်‌နေ့က ဖွဲ့စည်းခဲ့ကြသည်။