Home ရွေးကောက်ပွဲသတင်း NLD ၏ ပြည်‌ထောင်စုအ‌ရေး စာ‌ပေးပို့မှု သတိထားကာကြိုဆိုပါ‌ကြောင်း ကရင်ပါတီများ‌ပြော

NLD ၏ ပြည်‌ထောင်စုအ‌ရေး စာ‌ပေးပို့မှု သတိထားကာကြိုဆိုပါ‌ကြောင်း ကရင်ပါတီများ‌ပြော

4253

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)မှ “‌နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ‌ရှေ့ရှုရမည့် ပြည်‌ထောင်စုအ‌ရေးကိစ္စ”နှင့် ပတ်သက်၍ တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများသို့ စာ‌ပေးပို့ခြင်းကို သတိကြီးစွာထားကာ ကြိုဆိုပါ‌ကြောင်း ကရင်ပါတီ များက ‌ပြောကြားလိုက်သည်။

ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ရာတွင် တိုင်းရင်းသားများအားလုံးပါဝင်ရမည်ဖြစ်‌သော‌ကြောင့် NLD ၏ ယခုစာ ထုတ်ပြန်ခြင်းအ‌ပေါ် အပြုသ‌ဘောဖြင့် ဝမ်း‌မြောက်ဝမ်းသာကြိုဆိုပါ‌ကြောင်း ကရင်အမျိုးသားပါတီ-KNP တွဲဘက် အတွင်း‌ရေးမှူး မန်းမင်းရဲ‌ထွေးက ‌ပြောသည်။

“ကျ‌နော်တို့တိုင်းရင်းသားအဖွဲ့‌တွေအ‌နေနဲ့ ‌ဝေဖန်သုံးသပ် သတိကြီးစွာထားပြီး‌တော့ သူတို့နဲ့ ဆက်ဆံသွားမယ်။ အားလုံးသည် ရိုးသား ဖြူစင်ဖို့လိုတယ်။ တဖက်ဖက်က‌နေ ချုပ်ကိုင်မှုမရှိရဘူး။ ပွင့်လင်းမြင်သာမှုရှိရမယ်။ ‌စေတ နာအရင်းခံရှိရမယ်။ လုပ်ငန်းစဉ်က‌တော့ တဆင့်ချင်း‌တော့ သွားရမှာ‌ပေါ့‌လေ။”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ထို့အပြင် ပြည်‌ထောင်စုအ‌ရေးသည် အားလုံးမှ ဝိုင်းဝန်း‌ဖြေရှင်းရမည်ဆို‌သော အနက်အဓိပ္ပါယ်ရှိကာ ‌လေးနက်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းများ ဖြစ်လာမည်ဆိုပါက တိုင်းပြည်အနာဂတ်အတွက်ပါ ‌ကောင်းမွန်လာမည်ဖြစ်‌ကြောင်းလည်း မန်းမင်းရဲ‌ထွေးမှ ဆက်‌ပြောသည်။

NLD မှ နိုဝင်ဘာ ၁၂ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့်စာအရ ‌နောင်အနာဂတ်၌ ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စု ‌ပေါ်ထွန်း‌ရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည့် NLD ၏ရည်မှန်းချက်များသည် တိုင်ရင်းသားပါတီများ ၏ ရည်မှန်းချက်နှင့်တူညီကြသည်ဟု ‌ဖော်ပြပါရှိသည်။

ထို့‌ကြောင့် အဖွဲ့ချုပ်(NLD) အ‌နေဖြင့် ‌နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အ‌လေးထား ‌ဆောင်ရွက်သွားမည့်အပြင် အဖွဲ့ချုပ်က ‌ဖော်‌ဆောင်မည့် ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စုအ‌ရေးကို တက်တက် ကြွကြွ ပူး‌ပေါင်းပါဝင်ကြလိမ့်မည်ဟု ‌မျှော်လင့်ပါ‌ကြောင်း ဆက်လက်‌ဖော်ပြထားသည်။

၂၀၂ဝ ‌ရွေး‌ကောက်ပွဲမတိုင်မီ NLD မှ တိုင်းရင်းသားပါတီများနှင့် ပူး‌ပေါင်းရန် အစီအစဉ်မရှိ‌ကြောင်း ပါတီ တာဝန်ရှိသူက ‌ပြောကြားခဲ့‌သော်လည်း လက်ရှိ အနိုင်ရသည့် အချိန်တွင် တိုင်းရင်းသားပါတီများ ပူး‌ပေါင်းပါဝင်ရန် စာထုတ်ပြန်ခြင်းအ ‌ပေါ်တွင် သတိကြီးစွာထားတာ ကြိုဆိုရမည်ဖြစ်‌ကြောင်း ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အတွင်း ‌ရေးမှူး ‌စောကြည်လင်းက ‌ပြောသည်။

“ငြိမ်းချမ်း‌ရေးအတွက် လမ်းဖွင့်‌ပေးတဲ့ အ‌နေအထား‌ပေါ့ကွာ။ အားလုံးပူး‌ပေါင်းပြီးလုပ်ကြရ‌အောင်ဆိုပြီး ‌ပြောတာဖြစ် တဲ့အတွက် သ‌ဘောရိုးနဲ့ဆိုရင်‌တော့ လှိုက်လှိုက်လှဲလှဲ လက်ခံ ကြိုဆိုရမယ့်ကိစ္စဆို‌ပေမယ့် သတိထားပြီး ကြိုဆိုရတာ ‌ပေါ့။ တကယ်တမ်း ဘ‌ဘောရိုးနဲ့ ဟုတ်‌ကောဟုတ်ရဲ့လားဆိုတာ ခံခဲ့ရတဲ့လူက သိတာကိုး။”ဟု ‌ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP တွဲဘက် အတွင်း‌ရေးမှူး ‌နော်သဇင်တုပ်ကလည်း “အခုက‌တော့ သတင်း စကားပဲရှိ‌သေးတယ်။ လုပ်ငန်းစဉ်မပါလာ‌သေးဘူး‌ပေါ့‌နော်။ သူတို့က လူမြင်‌ကောင်း‌အောင် ဖိတ်‌ခေါ်တာလား။ ဆန္ဒအ စစ်အမှန်လား ဆိုတဲ့အရာက ကျမတို့ မသိဘူး‌ပေါ့‌နော်။ တကယ်လို့ လုံးဝလုပ်လို့မရတဲ့ လမ်း‌ကြောင်းတစ်ခုမှာ ပူး‌ပေါင်း ကြရမယ်ဆိုရင်‌တောင် ကျမတို့က ‌တော်‌တော်ကြီးကို တိုင်တိုင်ပင်ပင်နဲ့ သတိထားပြီး‌တော့ သွားရမယ့်ခရီးတစ်ခု ဖြစ် တယ်။”ဟု ‌ပြောသည်။

NLD မှ တိုင်းရင်းသားပါတီ ၄၈ပါတီသို့ စာ‌ပေးပို့ခဲ့သည့်အထဲတွင် ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ-KPP၊ ကရင် အမျိုးသားပါတီ-KNP၊ ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP၊ ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီ-KNDP စသည့် ကရင်ပါတီအားလုံး ပါဝင်သည်။