Home သတင်း KNU ဒူးပလာယာခရိုင် လယ်ယာဌာနမှူး ပဒို‌စောဆယ်လာ၏ ဈာပန ကျင်းပပြီးစီး

KNU ဒူးပလာယာခရိုင် လယ်ယာဌာနမှူး ပဒို‌စောဆယ်လာ၏ ဈာပန ကျင်းပပြီးစီး

2581

နိုဝင်ဘာ ၂ဝ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဒူးပလာယာခရိုင် လယ်ယာနှင့်စိုက်ပျိုး‌ရေးဌာနမှူး ပဒို‌စောဆယ်လာ၏ ဈာပန အခမ်းအနားကို ယမန် ‌နေ့(နိုဝင်ဘာ ၁၈ ရက်)က ၎င်း‌နေထိုင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ် နို့ဖာ‌ထောရွာတွင် စစ်‌ရေးအခမ်းအနားနှင့်တကွ ကျင်းပသွားခဲ့‌ကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်‌နေ့က အသဲ‌ခြောက်‌ရောင်‌ရောဂါဖြင့်ကွယ်လွန်သွားခဲ့သည့် ပဒို‌စောဆယ်လာသည် ခရိုင်လယ်ယာနှင့် စိုက်ပျိုး‌ရေးဌာနတွင် ၎င်းမကွယ်လွန်ခင်အထိ နှစ်အ‌တော်ကြာတာဝန်ထမ်း‌ဆောင်ခဲ့ပြီး လုပ်‌ဖော်ကိုင်ဖက်များ၏ ယုံကြည်အားကိုးခဲ့ရသည့် ဝါရင့်‌တော်လှန်‌ရေး ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သည်ဟု ခရိုင်အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က ယ‌နေ့(နိုဝင်ဘာ ၂ဝ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

“ရဲ‌ဘော်‌တွေအ‌ပေါ်မှာ ‌စေတနာထားတယ်။ ထိခိုက်နစ်နာမှုဖြစ်ရင် အ‌ရှေ့က‌နေကူညီ‌ပေးတယ်။ သူ့ကိုတာဝန်‌ပေးအပ်လာရင် အကုန် လုပ်တယ်။ တပ်ဖက်‌ရော အုပ်ချုပ်‌ရေးဖက်မှာ‌ရော‌ပေါ့‌နော်။ သူ့လယ်ယာဌာနကဆို အစိုးရ‌မြေယာ‌ပေါ်လစီ၊ နိုင်ငံတကာက လုပ်ထုံး လုပ်နည်းကအစ သူ‌လေ့လာတယ်။ ‌မြေယာနဲ့ ပတ်သက်ပြီး ‌ပြောဆို‌ဆွေး‌နွေးနိုင်တာ သူ့လိုမျိုးက အ‌တော်ရှားတယ်။ သူဆုံးသွားတာ သူ့မိသားစု ဆုံးရှုံးမှုမကဘူး။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ဆုံးရှုံးမှု‌တွေဖြစ်တယ်” ဟု ပဒို‌စောလစ္စတန်က ‌ပြောသည်။

ဒူးပလာယာခရိုင်လယ်ယာနှင့် စိုက်ပျိုး‌ရေးဌာနမှ လစ်လပ်သွားသည့်‌နေရာကို ဒုဌာနမှူး‌နော်တာလု‌ဖောက ယာယီတာဝန်ယူထားပြီး ဌာနမှူး ‌နေရာကို ခရိုင်အဆင့်အစည်းအ‌ဝေး‌ခေါ်ယူပြီးမှသာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာနတာဝန်များကို ‌ရွေးချယ်ခန့်အပ်သွားမည်ဟု ခရိုင်တာ ဝန်ရှိသူများက ‌ပြောသည်။

ပဒို‌စောဆယ်လာသည် ၎င်း‌နေထိုင်သည့် နို့ဖာ‌ထော်ရွာ KNU ပညာ‌ရေး‌ကျောင်းမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဖလူး‌ဒေသ အထက်တန်း ‌ကျောင်းတွင် ပညာဆက်လက်သင်ယူပြီး ၁၉၈၃ ခုနှစ်တွင် အထက်တန်းပညာ‌အောင်မြင်ခဲ့သည်။ KNU ပညာ‌ရေးဌာနတွင် ‌ကျောင်း ဆရာ အဖြစ် တာဝန်ထမ်း‌ဆောင်ချိန် ‌ဒေသစစ်‌ရေးအ‌ခြေအ‌နေအရ ၎င်းအားမာနယ်ပ‌လောဌာနချုပ်တွင် ကွန်မန်ဒို စစ်သင်တန်းတက်‌စေပြီး တပ်မ ဟာ ၆ တွင် ကွန်မန်ဒိုတပ်မှူးရာထူးဖြင့် ၂၀ဝဝ ပြည့်နှစ်အထိ KNU တပ်မဟာ ၆တွင် တာဝန်ထမ်း‌ဆောင်ခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်မဟာ ၆ ၊ ကွန်မန်ဒိုတပ်ဖွဲ့ တပ်မှူးအ‌နေဖြင့် ခရိုင်တစ်ခုလုံးတွင် ‌နေရာအနှံ့ စစ်‌ရေးတာဝန်ယူခဲ့သလို အုပ်ချုပ်‌ရေးဘက်တွင်လည်း ခရိုင်စည်းရုံး‌ရေးဌာန၊ လယ်ယာနှင့်စိုက်ပျိုး‌ရေးဌာနအသီးသီးတွင် တာဝန်ထမ်း ‌ဆောင်ခဲ့သည်။

ပဒို‌စောဆယ်လာ ကွယ်လွန်ချိန်တွင် အသက် ၆ဝ နှစ် ရှိပြီး ဇနီးနှင့် သားသမီး ၆ ဦး ကျန်ရစ်သည်ဟု သိရသည်။