Home ရွေးကောက်ပွဲသတင်း မြို့နယ်အလိုက် လူငယ်‌ကော်မတီများဖွဲ့စည်းရန် ကရင်အမျိုးသားပါတီစီစဉ်

မြို့နယ်အလိုက် လူငယ်‌ကော်မတီများဖွဲ့စည်းရန် ကရင်အမျိုးသားပါတီစီစဉ်

2309
Photo: KNP

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီးတွင် အားပြုတည်‌ထောင်သည့် ကရင်အမျိုးသားပါတီအ‌နေဖြင့် မြို့နယ်အလိုက် လူငယ်‌ရေးရာ‌ကော်မတီများ ဖွဲ့စည်းသွားမည်ဟု ပါတီအ‌ထွေ‌ထွေအတွင်း ‌ရေးမှူး မန်း‌ကျော်ငြိမ်းက နိုဝင်ဘာ ၁၉ ရက်တွင် ‌ပြောသည်။

ထိုသို့ မြို့နယ်အလိုက် ပါတီလူငယ်‌ကော်မတီများ ဖွဲ့စည်းရန် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ပြီး‌နောက် နိုဝင်ဘာ ၁၅ ရက်‌နေ့တွင်ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှု‌ဆောင် အစည်းအ‌ဝေးတွင် ပါတီ‌ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ခဲ့ခြင်းဖြစ်‌ကြောင်း ၎င်းက‌ပြောသည်။

“အခု ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာ ၂၀၁၅ ထက် လူငယ်‌တွေပါတီကို ဝန်းရံမှုအား ‌ကောင်းလာ တယ်။ နိုင်ငံ‌ရေး နိုးကြားတက်ကြွလာတယ်။ ‌နောက်ပိုင်းမှာလည်း ကျ‌နော်တို့က အသက်အရွယ်ပိုင်းအရ စကား‌ပြောလာပြီး။ ဒါ‌ကြောင့် လူငယ်‌တွေကို ‌မွေးထုတ်သွားဖို့ ရည်ရွယ်ပြီး မြို့နယ်အလိုက် လူငယ်‌ကော်မတီ‌တွေကို ဖွဲ့စည်းသွားမှာပါ” ဟု မန်း‌ကျော်ငြိမ်း က ‌ပြောသည်။

ထိုသို့ မြို့နယ်အလိုက် ပါတီလူငယ်‌ကော်မတီ ဖွဲ့စည်းပြီး‌နောက် ပါတီဗဟိုလူငယ်‌ကော်မတီကို ဆက်ဖွဲ့စည်းသွားရန်ရှိသည်ဟု ပါတီတာဝန်ရှိသူများက ‌ပြောသည်။

ကရင်အမျိုးသားပါတီ(KNP)မှ ‌မြောင်းမြမြို့နယ်၊ တိုင်း‌ဒေသကြီးလွှတ်‌တော် အမှတ်-၂ တွင် ဝင်‌ရောက်ပြိုင်ခဲ့သူ ကရင်လူငယ် စစွဲမက်က “ အခုလို ဖွဲ့မှာ ‌ကောင်းတယ်။ လူငယ်‌တွေကို ပါလာ‌စေချင်တယ်။ ကျ‌နော် မနိုင်‌ပေမယ့် မဲ‌ခြောက်‌ထောင်ငါးရာ‌ကျော်ရတယ်။ ပါတီကြီး ‌တွေပြီးရင် ကျ‌နော်ပဲ။ လူငယ်တဦးအ‌နေနဲ့ ပါတီမှ ဆက်လုပ်မယ်၊ တဖက်ကလည်း အသက်‌မွေးဝမ်း‌ကျောင်း အလုပ်ကိုဆက်လုပ်မယ်” ဟု ‌ပြောသည်။

ကရင်အမျိုးသားပါတီအ‌နေဖြင့် ပြီးခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် ရှုံးနိမ့်ရခြင်းမှာ ပါတီကြီးများကဲ့သို့ အင်အားမရှိခြင်း၊ မဲဆွယ်စည်းရုံး‌ရေးလုပ်ရန် အခက်အခဲများရှိခြင်း၊ ဧရာဝတီတိုင်းတွင် ကရင်လူမျိုးများသည် ပြန့်နှံ့‌နေထိုင်ပြီး ကရင်လူဦး‌ရေများသည့်မြို့မှာ အနည်းငယ်သာရှိသည့်အတွက် ကရင်မဲများသီးသန့်ဖြင့်အနိုင်ရရန် မလွယ်ကူခြင်း စသည့် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ဖြစ်‌ကြောင်း၊ သို့‌သော်ပါတီအ‌နေဖြင့် ၂၀၁၅ ထက် မဲပိုရလာ သည်ကို ‌တွေ့ရသည်ဟု ပါတီ ဗဟို‌ကော်မတီဝင်များက ‌ပြောသည်။

ကရင်အမျိုးသားပါတီကို ၂၀၁၄ ခုနှစ်တွင် ဧရာဝတီတိုင်း‌ဒေသကြီး အတွင်းရှိ ကရင်နိုင်ငံ‌ရေးသမားများဖြင့် စတင်တည်‌ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၂ဝ ပြည့်နှစ်အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲများ ဝင်ပြိုင်ခဲ့‌သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိ‌ပေ။