Home ရွေးကောက်ပွဲသတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက် ၆ဝ ‌ကျော် ကြိုတင်ဆန္ဒမဲ ပယ်မဲများမည်ဟု နိုင်ငံ‌ရေးပါတီများ‌ပြော

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက် ၆ဝ ‌ကျော် ကြိုတင်ဆန္ဒမဲ ပယ်မဲများမည်ဟု နိုင်ငံ‌ရေးပါတီများ‌ပြော

1581

နိုဝင်ဘာ ၄ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက် ၆ဝ အထက်ရှိသူများ ‌အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၃ ရက်‌နေ့အထိ ၎င်းတို့သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကြိုတင်ဆန္ဒမဲ‌ပေးခဲ့ပြီး အများစုမှာ မဲထည့်ဖူးခြင်း အ‌တွေ့အကြုံ မရှိခဲ့သည့်အတွက် ပယ်မဲများနိုင်မည်ဟု နိုင်ငံ‌ရေးပါတီများက ‌ပြောသည်။

ပထမဦးဆုံအကြိမ် ‌ရွေး‌ကောက်ပွဲကျင်းပခွင့်ရထားသည့် ‌ကျေးရွာများတွင် ကြိုတင်ဆန္ဒမဲလာထည့်ကြ‌သော အသက် ၆ဝ ‌ကျော်အရွယ် ‌ဒေသခံအများစုမှာ ပယ်မဲ၊ ခိုင်လုံမဲများနှင့် မဲထည့်ပုံထည့်နည်းများ သိရှိထားမှု အားနည်းခဲ့သည့်အပြင် ‌ကော်မရှင်အ‌နေဖြင့်လည်း မသိနားမလည်သည့် အပိုင်းများတွင် ရှင်းပြ‌ပေးမှု အားနည်းသည်ဟု နိုင်ငံ‌ရေးပါတီများက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“ သက်ကြီးရွယ်အို‌တွေက မဲထည့်နည်း‌တွေ သိပ်နားမလည်ထားကြဘူး။ တစ်ချို့ဆို ဘာတံဆိပ်မှ တုံးမထုပဲ ဆန္ဒမဲစာရွက်ကို ပုံးထဲ ဒီအ တိုင်းပဲ ထည့်သွားတယ်ကြားရတယ်။ မဲရုံ‌ကော်မရှင်‌တွေဘက်မှာ မသိနားမလည်ဘဲ မဲလာထည့်သူ‌တွေကို မဲဆွယ်တာ‌တော့ မဟုတ် ဘူး‌ပေါ့‌နော်။ မသိတာ‌တွေ ရှင်းပြမှုအပိုင်း အားနည်းတယ်။ ၅ပုံ ၂ ပုံ‌လောက်က ပယ်မဲဖြစ်လိမ့်မယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် NLD ပါတီ သတင်းနှင့်ပြန်ကြား‌ရေးတာဝန်ခံ ကိုထိန်လင်းက ‌ပြောသည်။

မဲအမှတ်စဉ်နံပါတ်များလည်း သိရှိရယူထားခြင်းမရှိသလို ကြိုတင်မဲစာရင်းကပ်ထားချိန်မှာလည်း အချို့မှာ မိမိအမည်စာရင်း ပါ မပါလာကြည့် ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။ ပထမဦးဆုံးအကြိမ် မဲရုံလုပ်ငန်း‌ဆောင်ရွက်ခွင့်ရသည့် ရပ်‌ကျေး‌ကော်မရှင်များ အ‌နေဖြင့်လည်း မဲရုံလုပ် ငန်းပိုင်း ဆိုင်ရာ အ‌တွေ့အကြုံနည်းသည့်တွက် အချို့‌ကျေးရွာအုပ်စုမဲရုံများတွင် ‌အောက်တိုဘာ ၃ဝ ရက်‌နေ့မှသာ ကြိုတင်မဲများ စတင် ထည့်နိုင်ခဲ့ သည်ဟု နိုင်ငံ‌ရေးပါတီများထံမှ သိရသည်။

“အသက် ၆ဝ ‌ကျော်ဆို‌တော့က မဲမထည့်တတ်ကြဘူး‌လေ။ မဲစာရင်းက တစ်ချို့‌နေရာဆို အိမ်မှာပဲ ကပ်ထားတယ်။ မကပ်ထားတာလည်း ရှိတယ်။ တစ်ချို့ကပ်ထားတယ်။ စိတ်ဝင်စားမှုမရှိလို့ သွားမကြည့်ကြဘူး။ ‌ကော်မရှင်နဲ့ ‌ကျေးရွာလူကြီး‌တွေလည်း ရွာသား‌တွေကို မ‌ပြော ထားနိုင်ကြဘူး။ မဲအမှတ်စဉ်‌တွေ မသိထားကြဘူး။ ကြိုတင်မဲမှာ ပယ်မယ်များ နိုင်တယ်လို့ ကြားရတယ်ဟု ကရင်အမျိုးသား ဒီမိုက ရက်တစ်ပါတီ -KNDP ပါတီမှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း စ‌ကျော်စွာက ‌ကေအိုင်စီ သို့‌ပြောသည်။

ပုံစံဖြည့်စွက် ‌နောက်ဆုံး‌လျှောက်ထားသူများနှင့်ပတ်သက်ပြီး ‌နောက်တိုးဆန္ဒမဲထည့်ခွင့်ရသူ အမည်စာရင်း၊ မဲဆန္ဒရှင် အမည်စာရင်းများအား လုံးကိုပါ နိုဝင်ဘာ ၇ ရက်‌နေ့တွင် သက်ဆိုင်ရာ ရပ်‌ကျေး‌ကော်မရှင်ရုံးများတွင် ကပ်ထား‌ပေးမည်ဖြစ်ပြီး ကြိုတင်မဲလာ‌ရောက်ထည့်မှု ကိစ္စနှင့် ပတ်သက်ပြီး အခက်အခဲမရှိဟု ကြာအင်းဆိပ်ကြီးမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ ဦးကြည်လွင်က ယ‌နေ့ (နိုဝင်ဘာ ၄ ရက်) တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဆန္ဒမဲထည့်ခွင့်ရသူ ၁၅ဝ, ဝဝဝ (တစ်သိန်းငါး‌သောင်း)‌ကျော်ရှိပြီး နိုင်ငံ‌ရေးပါတီ ၅ ပါတီမှ ကိုယ်စားလှယ် ‌လောင်းအသီးသီး ဝင်‌ရောက်ယှဉ်ပြိုင်ကြသည်။ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ပြည်နယ်လွှတ်‌တော်မဲဆန္ဒနယ် ၂ ‌နေရာ၊ အမျိုးသားလွှတ်‌တော်မဲဆန္ဒနယ် ၂ ‌နေရာနှင့် ပြည်သူ့လွှတ်‌တော်မဲဆန္ဒနယ်အပါ စုစု‌ပေါင်း မဲဆန္ဒနယ် ၅ ‌နေရာ ခွင့်ပြုထားသည်။