Home ရွေးကောက်ပွဲသတင်း ၉ဝ ရာခိုင်နှုန်းအထိ မဲဆွယ်ပြီးစီးဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဌ‌ပြော

၉ဝ ရာခိုင်နှုန်းအထိ မဲဆွယ်ပြီးစီးဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဌ‌ပြော

1569

နိုဝင်ဘာ ၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP ဝင်‌ရောက်ယှဉ်ပြိုင်သည့် ကရင်ပြည် နယ် ၆ မြို့နယ်တွင် ၉ဝ ရာခိုင်နှုန်းအထိ မဲဆွယ် စည်းရုံး‌ရေးပြီးစီးခဲ့ပြီဟု ပါတီဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေ အိုင်စီသို့ ‌ပြောသည်။

“ပြီးတာ ရာခိုင်နှုန်း ၉ဝ ‌လောက်‌ပေါ့။ အားရ‌ကျေနပ်မှုက‌တော့ ၇၅ ရာခိုင်နှုန်း‌လောက် ပဲရှိမယ်။ လုံခြုံ‌ရေး‌ကြောင့် ‌တော့ လုံးဝမဟုတ်ဘူး။ လမ်းပမ်းဆက်သွယ်‌ရေး‌ကြောင့်ရယ်၊ ကိုဗစ်‌ကြောင့် ‌ကျေးရွာတချို့မှာ ပိတ်သလိုလို‌တွေ က အဟန့်အတားဖြစ်တာ‌ပေါ့‌လေ။” ဟု မဲဆွယ်စည်းရုံး‌ရေးကာလပြီးဆုံးသည့် ယ‌နေ့ (နို ဝင်ဘာ ၆ ရက်)တွင် ‌ပြောသည်။

KNDP အ‌နေဖြင့် ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ်မှလွဲ၍ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဖားအံ၊ လှိုင်း ဘွဲ၊ မြဝတီ (၆)မြို့နယ်စလုံးတွင် မဲဆန္ဒနယ်‌နေရာ(၃၀)ဖြင့် အပြည့်ဝင်‌ရောက်ယှဉ်ပြိုင်‌နေခြင်းလည်းဖြစ်သည်။

မြဝတီမြို့နယ်တွင် မဲဆွယ်စည်းရုံး‌ရေးကိစ္စရပ်များ ပြီး‌မြောက်ခဲ့ပြီဖြစ်‌ကြောင်း အမျိုးသားလွှတ်‌တော် ကရင် ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ KNDP ကိုယ်စား ဝင်‌ရောက်ယှဉ်ပြိုင်‌နေသည့် ‌စောစိန်ဝင်းက ယခုလို‌ပြော သည်။

“ကျ‌နော်တို့ အမှတ်(၁၁)မှာ‌တော့ အ‌တော်‌လေးကို သွားခဲ့တာ‌ပေါ့‌နော်။ ကျ‌နော်တို့ပါတီ(အမှတ်တံဆိပ်)ကို မှတ်မိ ပြီး မဲ‌ပေးရ‌အောင်လုပ်ထားတာရှိတယ်။ ရပ်‌ကျေး(၃)ခုဖြစ်တဲ့ အတွင်းမဲကနယ်၊ ထီးမူထားနဲ့ နို့ဖိုးက ကွာရန်တင်း ချထားလို့ လုံးဝ ဝင်လို့မရခဲ့ပါဘူး။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

မဲဆွယ်စည်းရုံး‌ရေးကာလအတွင်း KNDP ယှဉ်ပြိုင်‌သော မြို့နယ်အားလုံးတွင် ကိုယ်စားလှယ်‌လောင်း ဆိုင်းဘုတ် စိုက်ထူခြင်း၊ လက်ကမ်းစာ‌စောင်များထုတ်‌ဝေခြင်း၊ ယဉ်များဖြင့် စည်းရုံးအင်အားပြခြင်း၊ ရပ်ရွာများသို့ သွား ‌ရောက်ကာ ပါတီ၏ မူဝါဒများအားရှင်းလင်းခြင်း၊ ကိုယ်စားလှယ်‌လောင်းများ၏ ပြည်သူအတွက်လုပ်‌ဆောင်သွား မည့် လုပ်ငန်းစဉ်များ‌ပြောပြခြင်း၊ တက်‌ရောက်လာသူများကို မဲ‌ပေးပုံ‌ပေးနည်းများအား ကိုယ်တိုင်ပြုလုပ်‌စေခြင်း များ ပြုလုပ်ခဲ့ကြသည်။

အမျိုးသားလွှတ်‌တော် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) ဖားအံမြို့နယ်မှ KNDP ကိုယ်စားလှယ်‌လောင်း ‌စောစံယဉ်ကလည်း “တို့ (ဖားအံ)အ‌နောက်ခြမ်းက မဲဆွယ်စည်းရုံး‌ရေးပြီးပြီ။ မြို့‌ပေါ်မှာ‌တော့ အမှတ်(၁)နဲ့ (၂) ရပ်ကွက်က lock down ချထားလို့ မလုပ်နိုင်ခဲ့ဘူး‌ပေါ့ကွာ။ ကျန်ရပ်ကွက်နဲ့ ‌ကျေးရွာအုပ်စု (၁၀၀)မှာ‌တော့ အား လုံးနီးပါးလုပ်နိုင်ခဲ့ပါတယ်။” ဟု‌ပြောသည်။

မဲဆွယ်စည်းရုံး‌ရေးကာလအဖြစ် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်‌နေ့အထိ ၂ လတာ သတ်မှတ်‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ထုတ်ပြန်‌ကြေငြာခဲ့ပြီလည်း ဖြစ်သည်။