Home ရွေးကောက်ပွဲသတင်း မြဝတီ USDP ပါတီ ဆန္ဒထုတ်‌ဖော်မည့် သတင်း‌ကြောင့် ရဲတပ်ဖွဲ့မှ လုံခြုံ‌ရေးတင်းကြပ်ထား

မြဝတီ USDP ပါတီ ဆန္ဒထုတ်‌ဖော်မည့် သတင်း‌ကြောင့် ရဲတပ်ဖွဲ့မှ လုံခြုံ‌ရေးတင်းကြပ်ထား

3244

နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ လုပ်‌ဆောင်ချက်အ‌ပေါ် ယ‌နေ့ (နိုဝင်ဘာ လ ၂ဝ ရက်)တွင် မြဝတီမြို့ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP မှ ကန့်ကွက်ဆန္ဒထုတ်‌ဖော်မည့် သတင်း‌ကြောင့် မြို့နယ်ရဲတပ်ဖွဲ့က ‌နေရာတစ်ချို့တွင် လုံခြုံ‌ရေးတင်းကြပ်ထား‌ကြောင်း သိရသည်။

မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်‌ဌေးက“ပြီးခဲ့တဲ့ ‌ရွေး‌ကောက်ပွဲကာလအတွင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော် မရှင်ရဲ့ လုပ်‌ဆောင်ချက်အ‌ပေါ် ယ‌နေ့ နိုဝင်ဘာ ၂ဝ ရက်‌နေ့မှာ ကန့်ကွက်ဆန္ဒ‌ဖော်ထုတ်ရန် မြဝတီမြို့နယ် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီမှ နိုဝင်ဘာလ ၁၇ ရက်‌နေ့က ငြိမ်းစုစီဥပ‌ဒေ ပုဒ်မ ၄ ဖြင့် တင်ပြလာမှု အား ‌ဒေသန္တရအမိန့်အရ မြို့နယ်‌ထွေအုပ်မှ ခွင့်မပြုခြင်း‌ကြောင့် အကယ်၍ လူစုလူ‌ဝေးဖြင့် ပြုလုပ်လာပါက ဥပ‌ဒေနှင့်အညီ အ‌ရေးယူ‌ဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့မှ လုံခြုံ‌ရေးတင်းကြပ်ထားတာပါ။”ဟု ‌ပြောသည်။

USDP ပါတီမှ တင်ပြထားသည့် ဆန္ဒ‌ဖော်ထုတ်ရန် လူစု‌ဝေးမည့်‌နေရာများဖြစ်‌သော မြဝတီမြို့ အမှတ်(၃) ရပ်ကွက် ဓိဌာန်‌အောင်ဘုရားကွင်းနှင့် အမှတ် ၄ ရပ်ကွက် ‌ရွှေတိဂုံပုံတူ‌စေတီဝင်း ဧရိယာများတွင် ယ‌နေ့ နံနက်ပိုင်းကတည်းက လုံခြုံ‌ရေးချထားပြီး ‌စောင့်ကြည်လျက်ရှိ‌ကြောင်း မြဝတီမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးက ဆက်‌ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန္ဒ‌ဖော်ထုတ်ခွင့် ဦး‌ဆောင်တင်ထားသည့် မြဝတီမြို့နယ် USDP ပါတီ အလုပ် အမှု‌ဆောင် ဦးဝင်းကိုက “ကျ‌နော်တို့လည်း Covid-19 ကာလမှာ စည်းမျဉ်းဥပ‌ဒေနဲ့အညီ ခွင့်ပြုမိန့်တင်တာပဲ။ သူ တို့ ဘာဖြစ်လို့ ခွင့်မပြုလဲ‌တော့ မသိဘူး။ ဆန္ဒ‌ဖော်ထုတ်ဖို့ တင်ထားတဲ့‌နေရာ‌တွေကို ရဲ‌တွေက အားလုံး ပိတ်ထား တယ်။ ကျ‌နော်တို့ဆီက လူ‌တွေ ကား‌ပေါ်က ဆင်းတာနဲ့တန်းပြီး ဖမ်းမယ့် သ‌ဘောရှိ‌နေတယ်။ ဒါ‌ကြောင့် ဆန္ဒ‌ဖော်ထုတ်မယ့် အစီအစဉ်ကို ကျ‌နော်တို့ ‌ခေတ္တရပ်ဆိုင်းထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ‌အောင်ပွဲခံတဲ့ လူ‌တွေ ရာနဲ့ချီပြီးစု‌ဝေးကြ‌တော့ ခွင့်ပြုပြီး ကျ‌နော်တို့ကို ဘာလို့ခွင့်မပြုလဲ မသိဘူး။ ” ဟု ၎င်းက ‌ပြောသည်။

နိုဝင်ဘာ ၈ ရက် ပါတီစုံအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် မြဝတီမြို့၌ ဝင်‌ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံ‌ရေးပါတီ ၆ ပါတီရှိပြီး တစ်သီးပုဂ္ဂလ အပါအဝင် ကိုယ်စားလှယ်‌လောင်း ၂၈ ဦး မှ ဝင်‌ရောက်ယှဉ်ပြိုင် ခဲ့ကြရာလွှတ်‌တော် အရပ်ရပ်တွင် NLD ပါတီမှ အနိုင်ရရှိခဲ့ပြီး USDP ပါတီမှ ဒုတိယမဲအများဆုံး ရရှိထားသည်။

‌ရွေး‌ကောက်ပွဲကာလအတွင်း မြဝတီမြို့တွင် USDP ပါတီမှ ‌ရွေး‌ကောက်ပွဲ အ‌ခြေအ‌နေနှင့်ပတ်သက်၍ တိုင်ကြား သည့် အမှု‌ပေါင်း ၂ဝ ‌ကျော်ရှိ‌သော်လည်း တရားဝင် ကိုယ်စားလှယ်‌လောင်းကန့်ကွက်လွှာ ပုံစံ ၁၄ ဖြင့် တင်ပြ လာခြင်း မရှိ‌သေး‌ကြောင်း မြဝတီခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံး အတွင်း‌ရေးမှူး ဦးလင်းနိုင်စိုးက ‌ပြောသည်။