Home သတင်း မြန်မာ့‌ဂေါ်ဖီထုပ်များ ထိုင်းဘက်က ပုံမှန်ဝယ်ယူ‌နေ

မြန်မာ့‌ဂေါ်ဖီထုပ်များ ထိုင်းဘက်က ပုံမှန်ဝယ်ယူ‌နေ

1976

နိုဝင်ဘာ ၂၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ‌နေ့စဉ်တင်ပို့‌နေ‌သော မြန်မာ့‌ဂေါ်ဖီ ထုပ်များကို နှစ်ဆန်းပိုင်းကတည်းကစ၍ ယခုအချိန်ထိ ထိုင်းဘက်က ပုံမှန်ဝယ်ယူလျက်ရှိ ‌ကြောင်း ကုန်သည်များက ‌ပြောသည်။

ထိုင်းနိုင်ငံမှထွက်‌သော‌ဂေါ်ဖီထုပ်သည် မြန်မာ့‌ဂေါ်ဖီထုပ်ကဲ့သို့အလုံးမကြီးသလို အရသာ အ‌နေဖြင့် မြန်မာ‌ဂေါ်ဖီထုပ်မှာ ပိုမို‌ကောင်းမွန်ပြီး ယခုအချိန်တွင်ထိုင်းဘက်၌ ‌ဂေါ်ဖီထုပ်များ မ‌ပေါ်‌သေး၍ မြန်မာ့‌ဂေါ်ဖီထုပ်များအား ထိုင်းဘက်မှ ဝယ်ယူ‌နေခြင်းဖြစ်သည်ဟု မြဝတီနယ် စပ်ထိုင်း-မြန်မာအမှတ် ၂ တံတားမှတဆင့် ထိုင်းဘက်သို့ ‌ဂေါ်ဖီထုပ်များ တင်ပို့‌နေသည့် ကုန် သည် ကို‌ဇော်‌ဇော်ထွန်းက ‌ပြောသည်။

၎င်းက “‌ဂေါ်ဖီ‌တွေကို ရှမ်းပြည်နယ်ဘက်က‌နေ ဝယ်ယူပြီး မြဝတီနယ်စပ်ကတဆင့် ထိုင်းဘက် ကို တက်ပို့တာဖြစ်ပါတယ်။ မဲ‌ဆောက်ကအမှာရှိလို့ အခုလိုဝယ်ယူတင် ပို့‌နေတာ‌ပေါ့။ ဘန် ‌ကောက်၊ ဖူးခက်၊ ချွန်ပူလီ၊ ချင်းမိုင်၊ ပတ္တယား အစရှိတဲ့ ထိုင်းနိုင်ငံအတွင်း ပိုင်းက မြို့‌တွေ အထိ မြန်မာ့‌ဂေါ်ဖီ‌တွေကို မဲ‌ဆောက်ကုန်သည်‌တွေက ထပ်ဆင့်တင်ပို့‌ပေး ကြတာပါ။ ‌ဈေးနှုန်း အ‌နေနဲ့က‌တော့ ထိုင်းဘက်က မြန်မာ့‌ဂေါ်ဖီတစ်ကီလိုကို ၆ ဘတ်ခွဲထိ ‌ဈေးရတယ်”ဟု ‌ပြောသည်။

အဆိုပါ ထိုင်းဘက်ခြမ်းသို့ တင်ပို့သည့် မြန်မာ့‌ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ် ‌အောင်ပန်း ဘက်မှတစ်ဆင့် တစ်ဧကပျမ်းမျှ ‌ဂေါ်ဖီအလုံး‌ရေ (၁၅,၀၀၀) ထွက်ရှိသည့် ‌ဂေါ်ဖီတစ်ခင်း လုံးကို ကျပ်‌ငွေ ၁၅ သိန်းမှ သိန်း ၂ဝ အထိ ပုတ်ပြတ်ဝယ်ထားရပြီး သယ်ယူပို့‌ဆောင်ရာတွင် ပုံမှန်အားဖြင့် ‌အောင်ပန်းမှ မြဝတီမြို့အထိ တစ်ရက်ခရီးဖြင့်‌ရောက်ခဲ့‌သော်လည်း ယခုလို ကိုဗစ်‌ရောဂါ ထိန်းချုပ်စစ်‌ဆေးမှုခံယူ‌နေရသည့်အ‌ခြေအ‌နေများ‌ကြောင့် လမ်းတွင် ၂ ညအိပ် ခန့် အချိန်ကြန့်ကြာမှုရှိ‌ကြောင်းလည်း ကို‌ဇော်‌ဇော် ထွန်းက ဆက်‌ပြောသည်။

လက်ရှိအချိန်တွင် ထိုင်းဘက် ‌ဈေး‌ကောင်း‌ပေးဝယ်ကြ‌သော်လည်း ထိုင်းဘက်မှ‌ဂေါ် ဖီထုပ် ‌ပေါ်လျှင် ယခုလိုတစ်ကီလို ၆ ဘတ်ခွဲ‌ဈေးမရ‌တော့ဘဲ ၅ ဘတ်သာရရှိ‌ကြောင်း ၊ သို့
‌သော်လည်း ထိုင်း‌ဂေါ်ဖီ‌ပေါ်ချိန်မှာတစ်လခွဲခန့်သာရှိသည့်အတွက် မြန်မာ့‌ဂေါ်ဖီထုပ်များကို ၁၂ ရာသီတင်ပို့‌နေရသည်ဟု မြဝတီနယ်စပ်‌ဂေါ်ဖီထုပ် ကုန်သည်များက ‌ပြောသည်။

မြန်မာ့‌ဂေါ်ဖီထုပ်များကိုရှမ်းပြည်‌မြောက်ပိုင်း‌ဒေသများ ဖြစ်‌သော‌အောင်ပန်း၊ က‌လော၊ ဟဲဟိုး၊ တီဂျစ်၊ ‌နောင်တရားမြို့များမှအများဆုံးထွက်ရှိ‌ကြောင်းသိရပြီး မြဝတီနယ်စပ်မှထိုင်းဘက်သို့ ‌ဂေါ်ဖီထုပ်များတင်ပို့‌နေသာကုန်သည် ၆ ဦးခန့်ရှိသဖြင့် မြန်မာ့‌ဂေါ်ဖီထုပ်များအား ‌နေ့စဉ် ၁၂ ဘီးကားကြီး ၁ဝ စီး‌ကျော်ခန့် တင်ပို့‌နေရ‌ကြောင်း သိရသည်။