Home ဆောင်းပါး ပြည်သူ့ဆန္ဒကို မဆန့်ကျင်နဲ့ မဖျက်ဆီးနဲ့ အလွဲသုံးစားလည်း မလုပ်နဲ့

ပြည်သူ့ဆန္ဒကို မဆန့်ကျင်နဲ့ မဖျက်ဆီးနဲ့ အလွဲသုံးစားလည်း မလုပ်နဲ့

1681

ပြည်သူ့ဆန္ဒကို မဆန့်ကျင်နဲ့ မဖျက်ဆီးနဲ့ အလွဲသုံးစားလည်း မလုပ်နဲ့

‌မောင်‌ကျော်စွာ

(၂၀၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ဝ ရက်)

၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်ထဲမှာကျင်းပတဲ့ တတိယအကြိမ်‌မြောက် ပါတီစုံဒီမိုက‌ရေစီ‌ရွေး‌ကောက်ပွဲကို ပြီးခဲ့ တဲ့ နိုဝင်ဘာလ ၈ရက်‌နေ့က ‌အေးချမ်း‌အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်မှာ ‌ရွေး/‌ကော်က‌နေ ‌ရွေး‌ကောက်ပွဲ ရလဒ် (ဝါ) ‌ရွေးချယ်ခံရသူများ စာရင်းကို တိတိကျကျ ခိုင်ခိုင်မာမာ သိရှိကြရ‌တော့မှာပါ။

ကနဦးရလဒ်များအရက‌တော့ ဒီချုပ်ပါတီက ‌ရှေ့ဆုံးက‌နေ အနိုင်ရ‌နေတာကို ကြားသိ‌နေရပါတယ်။
ဒီတစ်ကြိမ်ကျင်းပတဲ့ ပါတီစုံဒီမိုက‌ရေစီ‌ရွေး‌ကောက်ပွဲဟာ ပြီးခဲ့တဲ့ ‌ရွေး‌ကောက်ပွဲ ၂ကြိမ်နဲ့ မတူခြားနားတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါက‌တော့ ကမာ္ဘနဲ့အဝှမ်း ရင်ဆိုင်ကြုံ‌တွေ့‌နေရတဲ့ ကိုဗစ်-၁၉ ကပ်‌ရောဂါကြီး (မြန်မာပြည် မှာ ဒုတိယ လှိုင်း) ကူးစက်မှုခံ‌နေရချိန်မှာ ကျင်းပခဲ့တာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

ဒီမှာ အထင်အရှားမြင်‌တွေ့ရတဲ့ အချက်က ပြည်သူ‌တွေဟာ သူတို့ရဲ့ ၅နှစ်မှ တစ်ကြိမ်ကြုံရတဲ့ အခွင့်အခါမှာ ကိုဗစ်-၁၉ ကပ်‌ရောဂါကြီးကို ရင်ဆိုင်ပြီး တက်ကြွစွာပါဝင်ခဲ့ကြတယ်၊ သူတို့ဆန္ဒရှိတဲ့ နိုင်ငံ‌ရေးပါတီ‌တွေကို မဲ‌ပေးခဲ့ကြ တယ် ဆိုတဲ့ အချက်ပါပဲ။

အဲဒီလို နိုဝင်ဘာလ ၈ရက်‌နေ့က မဲ‌ပေးကြပုံမြင်ကွင်းနဲ့ပတ်သက်ပြီး ‌အောက်တိုဘာလ ၂၉ရက်‌နေ့က‌နေ နိုဝင် ဘာလ ၉ရက်‌နေ့အထိ မြန်မာနိုင်ငံမှာ ‌နေထိုင်ကာ (“ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်‌ရေး ဆိုင်ရာ အထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ‌လေ့လာ‌ရေးအဖွဲ့‌ခေါင်း‌ဆောင်”) ‌ရွေး‌ကောက်ပွဲကို ‌လေ့လာခဲ့သူ မစ္စတာရို‌ဟေးဆာဆာကာဝါ က သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို မှတ်ချက်ပြု ‌ပြောကြားပါတယ်။

“ပထမအချက်က ကိုဗစ်-၁၉ ရှိ‌နေတဲ့အတွက် မဲရုံခွဲ‌တွေ ‌တော်‌တော်များများ ဖွင့်လှစ်ထားတဲ့အတွက်‌ကြောင့် ကိုယ်‌နေထိုင်တဲ့‌နေရာ‌တွေနဲ့ ‌ဝေးကွာတဲ့ အ‌နေအထားမရှိတဲ့အ‌နေအထား‌ကြောင့် မဲရုံကိုသွားဖို့ လွယ်ကူတဲ့ အ‌နေအ ထားမှာ ရှိခဲ့ပါတယ်။ ဒါ‌ကြောင့် မဲထည့်တဲ့ ရာခိုင်နှုန်းမြင့်မားမယ်လို့ ကျွန်‌တော်ထင်ပါတယ်။”

“ဒုတိယအချက်အ‌နေနဲ့ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ရဲ့ လမ်းညွှန်မှု‌တွေဟာ အလွန်‌ကောင်းမွန်တယ် လို့ ထင်ပါတယ်။ မဲရုံလာတဲ့ ပြည်သူ‌တွေဟာ အင်မတန်များပြားပါတယ်”။

– “ကျွန်‌တော်မဲရုံ ၁ဝရုံကို သွား‌လေ့လာတဲ့အခါ ဆန္ဒမဲလာထည့်တဲ့ ပြည်သူ‌တွေဟာ စနစ်တကျရှိသလို မဲရုံ တာဝန်ခံ‌တွေ ကလည်း စနစ်တကျရှိတာ ‌တွေ့ခဲ့ရပါတယ်။ ဆန္ဒမဲလာထည့်သူ‌တွေဟာ စနစ်တကျတန်းစီပြီး အသံကျယ်ကျယ်‌လောင် ‌လောင် စကား‌ပြောတာ၊ အချင်းချင်းစကား‌ပြောတာ လုံးဝမရှိတာ ‌တွေ့ခဲ့ရပါတယ်။ သူတို့ရဲ့နိုင်ငံသားအခွင့်အ‌ရေး‌တွေ အသုံးချနိုင်ခဲ့တယ်လို့ ကျွန်‌တော်ထင်ပါတယ်”။

“အခုအကြိမ် ‌ရွေး‌ကောက်ပွဲကို နိုင်ငံတကာက ‌ဝေဖန်မှုအနည်းအကျဉ်း ရှိခဲ့ပါလိမ့်မယ်။” သို့‌သော် နိုင်ငံတကာအ‌နေနဲ့ အခုတကြိမ် မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ‌ရွေး‌ကောက်ပွဲဟာ တရားမျှတပြီး ပြည့်စုံမှန်ကန်တဲ့ ‌ရွေး‌ကောက်ပွဲ ဖြစ်တယ် ဆိုတာ အားလုံးက‌နေ အသိအမှတ်ပြုလိမ့်မယ်လို့ ကျွန်‌တော်ထင်မိပါတယ်”။

ဒီလို မှတ်ချက်ပြု‌ပြောဆိုချက်‌တွေဟာ သံတမန်တစ်ဦး၊ ‌လေ့လာသူတစ်ဦး၊ ဧည့်သည်တစ်ဦးရဲ့ သံတမန်အမြင် – သံတမန်စကား – ဧည့်သည်စကားလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူ‌လေ့လာရတာက မဲရုံ ၁ဝရုံရဲ့ မြင်ကွင်းပဲ မဟုတ်ပါ လား။ သူမြင်ခဲ့ရတာကို သူမြင်သလို ‌ပြောဆိုထားတဲ့အချက်‌တော့ ဖြစ်ပါလိမ့်မယ်။

တကယ့်ပြီးပြည့်စုံတဲ့ သုံးသပ်ချက်ကို‌တော့ တရားဝင်ရလဒ်‌တွေကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က အားလုံးစုံ ‌အောင် အပြည့်အစုံ အပြီးအစီး တရားဝင် ထုတ်ပြန်ပြီးတဲ့အခါကျ‌တော့မှသာ ဘက်စုံ ‌ထောင့်စုံက‌နေ သုံးသပ်နိုင်မှာပါ။
ကျ‌နော့်အမြင်ကို‌တော့ အချက် ၄ ချက်နဲ့ပဲ ခွဲ‌ပြောချင်ပါတယ်။

၁။ ပြည်သူ‌တွေဟာ သူတို့ ကျရာတာဝန်ကို အစဉ်သဖြင့် ‌ကျေပွန်‌အောင် ထမ်းရွက်ခဲ့ကြတာချည်းပဲ ဖြစ်ပါ တယ်။ အခုတစ်ကြိမ်မှာဆိုရင်လည်း ကိုဗစ်-၁၉ ကပ်‌ဘေးကြီးထဲမှာ ရဲရဲဝံ့ဝံ့ မဲ‌ပေးခဲ့ကြတယ်မဟုတ်ပါလား။ ဒါ‌ကြောင့် မဲဆန္ဒရှင် ပြည်သူ‌တွေရဲ့ဆန္ဒကို (ရရှိသူ‌တွေက‌ရော/မရရှိသူ‌တွေကပါ) အလွဲသုံးစားမပြုမိကြဖို့ / မ‌လေးမစားနဲ့ သ‌ရော် ‌စော်ကား မပြုမိကြဖို့ သိပ်ကို အ‌ရေးကြီးပါတယ်။

၂။ မဲဆန္ဒရှင်ပြည်သူများရဲ့ အများစုဆန္ဒမဲကို လက်ဝယ်ပိုင်ဆိုင်ရရှိသူများအ‌နေနဲ့လည်း ပြည်သူ‌တွေရဲ့ ‌မျှော် လင့်ချက်‌တွေ၊ လိုလားချက်‌တွေ၊ ဆန္ဒ‌တွေကို တကယ်တမ်းလက်‌တွေ့ ဖြစ်‌မြောက်လာ‌အောင် တိတိကျကျ ခိုင်ခိုင်မာ မာ စွမ်း‌ဆောင်‌ပေးကြဖို့ မုချလိုအပ်ပါတယ်။

၃။ ဒီ‌ရွေး‌ကောက်ပွဲ‌တွေဟာ အင်မတန် ကျဉ်း‌မြောင်းတဲ့ အကန့်အသတ်‌တွေ အင်မတန် များပြားတဲ့ “၂၀၀၈ အ‌ခြေခံဥပ‌ဒေ‌ဘောင်”ထဲမှာ ကျင်းပရတာဖြစ်တဲ့အပြင် ပြည်သူ‌တွေရဲ့ ဆန္ဒကို လိုလားချက်‌တွေကို တည်ဆဲဥပ‌ဒေမျိုးစုံ နဲ့ ကွက်ပြည့် နင်း ဖိနှိပ်ကန့်သတ်ထားတယ်ဆိုတဲ့အချက်ကိုလည်း မ‌မေ့‌လျော့ကြဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ဆိုတာ ပြည်သူ‌တွေရဲ့ဆန္ဒကို ရာနှုန်းပြည့် အသိအမှတ်မပြုတဲ့အပြင် – ပြည်သူ‌တွေရဲ့ဆန္ဒကို (၇၅ရာခိုင် နှုန်း) စစ်တပ်က အပိုင်ချုပ်ကိုင်ထားတဲ့ (၂၅ရာခိုင်နှုန်း)က‌နေတဆင့် အချိန်မ‌ရွေး ပယ်ချနိုင် လျစ်လျူရှုနိုင်၊ ဖျက်သိမ်း ပစ်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း (၂၀၁၅-၂၀၂ဝ ကာလမှာ လွှတ်‌တော်တွင်း ၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး လက် ‌တွေ့အရ) အတိအလင်း သိရှိနားလည်ထားကြပြီးဖြစ်ပါတယ်။ ဒါ‌ကြောင့် အဲဒီအနိုင်ကျင့်ဖိစီးထားတဲ့၊ ဒီမိုက‌ရေစီနည်း ကျ လူထုဆန္ဒကို စစ်တပ်က ကုပ်ခွစီးထားတဲ့ အချက်ကို ပြတ်ပြတ်သားသား ဖယ်ရှားပစ်ဖို့လည်း ပြည်သူ‌တွေရဲ့ ဆန္ဒအ များစုကို ရရှိကြသူအသီးသီးက ပီပီပြင်ပြင်၊ မြန်မြန်ဆန်ဆန် စုစည်းကြိုးပမ်း‌ဆောင်ရွက်ဖို့လည်း မလွဲမ‌သွေ လိုအပ်ပါ တယ်။

၄။ စစ်အုပ်စုဟာ ပြည်သူ‌တွေရဲ့ ဆန္ဒနဲ့ပတ်သက်လာရင် လမ်းမ‌ပေါ်က ငြိမ်းချမ်းစွာဆန္ဒပြမှု‌တွေကိုဖြစ်‌စေ၊ ‌ရွေး‌ကောက်ပွဲက‌နေတဆင့် ‌ဖော်ပြတဲ့ မဲဆန္ဒကိုဖြစ်‌စေ အကြမ်းဖက် ဖိနှိပ်‌ချေမှုန်းဖျက်ဆီးပစ်တဲ့သူ‌တွေဖြစ်တယ်ဆိုတဲ့ သမိုင်းလက်‌တွေ့‌တွေကို မ‌မေ့‌လျော့ကြဖို့၊ သတိရှိကြဖို့။ တကယ့်ဒီမိုက‌ရေစီအ‌ရေးနဲ့ တကယ် တန်းတူတဲ့ ကိုယ်ပြဋ္ဌာန်း ခွင့်ရှိတဲ့ ပြည်‌ထောင်စုစစ်စစ်ကို ‌မျှော်မှန်းကြသူ‌တွေဟာ အချင်းချင်း ‌သွေးစည်းညီညွတ်ကြဖို့လည်း မလွဲမ‌သွေ လိုအပ် ပါတယ် ဆိုတာကို တင်ပြရင်း သုံးသပ်ချက်ကို အဆုံးသတ်ပါရ‌စေ။