Home ရွေးကောက်ပွဲသတင်း ‌ရွေး‌ကောက်ပွဲတွင် အထူးရဲအဖြစ် ‌ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုလက်မှတ်ချီးမြှင့်

‌ရွေး‌ကောက်ပွဲတွင် အထူးရဲအဖြစ် ‌ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုလက်မှတ်ချီးမြှင့်

1809

နိုဝင်ဘာ ၁၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ပြီးခဲ့သည့် ပါတီစုံအ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကာလအတွင်း လုံခြုံ‌ရေးနှင့် တရားဥပ‌ဒေစိုးမိုး‌ရေး ‌ဆောင်ရွက်ခဲ့ကြသည့် အထူးရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်၏ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ပွဲကို ယ‌နေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၉ နာရီတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် မြဝတီခရိုင်အတွင်း အထူးရဲအဖြစ် တာဝန်ထမ်း ‌ဆောင်ခဲ့‌သော တပ်ဖွဲ့ဝင် ၈၃ ဦးရှိပြီး ယင်းတို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြု လက်မှတ်‌ပေးအပ်ခြင်းဖြစ်‌ကြောင်း မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်‌ဌေးက ‌ပြောသည်။

“‌ရွေး‌ကောက်ပွဲအတွက် အထူးရဲ ၈၃ ဦးကို ၂၀၂ဝ ‌အောက်တိုဘာ ၁ ရက်‌နေ့က‌နေ ‌အောက် တိုဘာ ၂၈ ရက်‌နေ့ထိ မြဝတီခရိုင်မှာ သင်တန်း‌ပေးခဲ့ပါတယ်။ သင်တန်းကာလ ပြီးဆုံးတဲ့ ‌နောက် ‌ရွေး‌ကောက်ပွဲကာလမှာ သက်ဆိုင်ရာ မဲရုံအသီးသီးတွင် တာဝန်ထမ်း ‌ဆောင်‌စေခဲ့ပါ တယ်။ အဲ့လိုတာဝန်ထမ်း‌ဆောင်တဲ့အချိန်မှာ တာဝန်‌ကျေပွန်စွာနဲ့ ထမ်း‌ဆောင်နိုင်ကြတဲ့ အတွက် ရဲချုပ်၏ ဂုဏ်ပြုလက်မှတ်‌ပေးအပ်ခြင်းပဲ ဖြစ်ပါတယ်” ၎င်းက ‌ပြောကြားခဲ့သည်။

‌ရွေး‌ကောက်ပွဲ အထူးရဲများကို လစာအဖြစ် (၁)လလျှင် (၁၄၄,၀၀၀)ကျပ်‌ပေးအပ်သည့်အပြင် ယူနီ‌ဖောင်း ဝတ်စုံနှင့်တကွ အခြားအ‌ထောက်အပံ့များလည်း ‌ပေးအပ်ခဲ့‌ကြောင်း မြို့နယ်ရဲ တပ်ဖွဲ့မှုး ရဲမှူး မြင့်‌ဌေး က ဆက်‌ပြောသည်။

‌ရွေး‌ကောက်ပွဲဆိုင်ရာ အထူးရဲများအား ရဲချုပ်၏ဂုဏ်ပြုလက်မှတ်‌ပေးအပ်ခြင်း အခမ်းအနားသို့ ကရင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှုး ရဲမှူးကြီး လင်းထွဋ် ၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပြည့်စုံ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်‌ဌေး နှင့် တပ်ဖွဲ့ဝင်များက တက်‌ရောက်ခဲ့ကြသည်။

နိုဝင်ဘာလ ၈ ရက်‌နေ့က ကျင်းပပြီးစီးခဲ့သည့် မြန်မာနိုင်ငံ၏ ပါတီစုံအ‌ထွေ ‌ထွေ‌ရွေး ‌ကောက်ပွဲတွင် မြဝတီခရိုင်အတွင်း မဲရုံ‌ပေါင်း ၈၃ ရုံ ဖွင့်လှစ်ကာ မဲ‌ပေးလက်ခံခြင်း များ‌ဆောင်ရွက်ခဲ့သည်။

လွှတ်‌တော်အရပ်ရပ်အတွက် နိုင်ငံ‌ရေးပါတီ ၆ ပါတီမှ ကိုယ်စားလှယ်‌လောင်း ၂၇ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်‌လောင်း ၁ ဦးတို့မှ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ NLD ပါတီမှ ‌နေရာ အသီးသီးတွင် အနိုင်ရရှိခဲ့‌ကြောင်း သိရသည်။