Home ရွေးကောက်ပွဲသတင်း ‌နေရပ်မပြန်နိုင်သည့် ရန်ကုန်‌ရောက်ကရင်လူငယ်အချို့ ‌ရောက်ရှိမြို့နယ်တွင် မဲ‌ပေး

‌နေရပ်မပြန်နိုင်သည့် ရန်ကုန်‌ရောက်ကရင်လူငယ်အချို့ ‌ရောက်ရှိမြို့နယ်တွင် မဲ‌ပေး

2194

နိုဝင်ဘာ ၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ရန်ကုန်သို့ ‌ရောက်ရှိ‌နေပြီး ကိုဗစ်တာဆီးကာကွယ်‌ရေး လုပ်‌ဆောင်‌နေသည့်အတွက် ‌နေရပ်ပြန် မဲ‌ပေးရန် အခက်အခဲ ဖြစ်‌နေသည့် ကရင်လူငယ်များ ‌ရောက်ရှိ‌နေသည့် မြို့နယ်အတွင်းမဲ‌ပေးမှုများ ပြုလုပ်လျက်ရှိ ‌ကြောင်း ကရင်လူငယ်များက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ကျ‌နော့်ရဲ့ မဲစာရင်းက ‌မြောင်းမြမှာ အခု ပြန်ဖို့ ခက်ခဲ‌နေတယ်။ အဲ့ဒီ‌တော့ အခု အင်းစိန်အ‌ရှေ့ကြို့ကုန်းက မဲရုံမှာ ပုံစံ ၃ ‌လျှောက်ပြီး‌တော့ ဒီကကိုယ်စားလှယ်‌တွေကို မဲ‌ပေးရမယ်၊ အခုမဲရုံမှာ မဲ‌ပေးဖို့တန်းစီ‌နေပါတယ်”ဟု ကရင်လူငယ်တဦးဖြစ်သူ စထွဋ်‌ဝေ‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ အင်းစိန်မြို့နယ်၊ နံသာကုန်းရပ်ကွက်၊ အ‌ဝေရာလမ်းတွင် ရုံးဖွင့်ထားသည့် လူငယ့်အဝန်းအဝိုင်း (Youth Circle) ရှိ ‌ဒေသအသီးမှ ‌နေရပ်မပြန်နိုင်သည့် ကရင်လူငယ် ၂၈ ဦးကို ‌ရောက်ရှိ မြို့နယ်တွင် မဲ‌ပေးနိုင်‌အောင် စီစဉ်‌ပေးထားသည်ဟု ရုံးတာဝန်ခံ ‌စောထွန်းထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပန်းတ‌နော်မြို့နယ်တွင် မဲစာရင်းရှိပြီး ရန်ကုန်တွင်‌ရောက်ရှိ‌နေသည့် ကရင်လူငယ် နန့်ဘွားခလိန်က လည်း ကြိုတင်မဲ ‌ပေးရန် ပုံစံ ၁၅ ဖြင့်‌လျှောက်ထား ပြီး ပန်းတ‌နော်မြို့နယ် ကိုယ်စားလှယ်များကို ကြိုတင်မဲ ‌ပေးခဲ့‌ကြောင်း ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အ‌နေဖြင့် နိုင်ငံသားတိုင်း မဲ‌ပေးခွင့်မဆုံးရှုံး‌စေ‌ရေးအတွက် လက်ရှိ အ‌ခြေအ‌နေ‌ကြောင့် ‌နေရပ်ပြန်မဲ‌ပေးရန် အခက်အခဲ ရှိသူများအ‌နေဖြင့် မိမိ‌ရောက်ရှိရာ‌ဒေသရှိ မဲရုံများတွင် မဲသွား‌ပေးရန် နိုဝင်ဘာ ၆ ရက်‌နေ့တွင် ‌ကြေငြာချက်ထုတ်ပြန်တိုက်တွန်းထားသည်။