Home ရွေးကောက်ပွဲသတင်း အပြုသ‌ဘော‌ဆောင်‌ဝေဖန်နိုင်ပြီး မဟုတ်တာရှိလျှင် ‌ထောက်ပြ‌ပေးရန် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာတွင် ‌ရွေး‌ကောက်ခံရသူ ‌နော်စူစဲန်နာလှလှစိုး‌ပြော

အပြုသ‌ဘော‌ဆောင်‌ဝေဖန်နိုင်ပြီး မဟုတ်တာရှိလျှင် ‌ထောက်ပြ‌ပေးရန် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာတွင် ‌ရွေး‌ကောက်ခံရသူ ‌နော်စူစဲန်နာလှလှစိုး‌ပြော

2182

နိုဝင်ဘာလ ၂၆ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

အပြုသ‌ဘော‌ဆောင်‌ဝေဖန်နိုင်ပြီး မဟုတ်တာရှိပါက ‌ထောက်ပြ‌ပေးရန်‌ကြောင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး‌နေရာတွင် ‌ရွေး‌ကောက်ခံရသည့် ‌နော်စူစဲန်နာလှလှစိုးက ‌ပြောသည်။

အဆိုပါ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နေရာအ‌ရွေးခံရသူ ‌နော်စူစဲန်နာလှလှစိုး၏ ‌ရှေ့လုပ်ငန်းစဉ်များအ‌ကြောင်း နိုဝင်ဘာ ၂၄ ရက်‌နေ့ ည‌နေပိုင်းတွင် သီးခြား‌တွေ့ဆုံ‌မေးမြန်းရာတွင် သူမက ယခုလို တိုက်တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တ‌ယောက်နဲ့တ‌ယောက် အပြုသ‌ဘောနဲ့ ‌ဝေဖန်‌ထောက်ပြတာမျိုးလုပ်ပါ။ ဘာလို့လည်း ဆို‌တော့ ကျမတို့သည် ‌ခေါင်း‌ဆောင်ဖြစ်တဲ့အခါမှာ ‌ဝေဖန်‌ထောက်ပြမှုကို နား‌ထောင်ရမယ်။ သူတို့သည် ငါတို့ကို ‌ဝေဖန်တာဘဲဆိုပြီး ထစ်ခနဲဆို အ‌ရေးယူမယ်။ ထစ်ခနဲဆို တရားစွဲမယ်။ အဲ့ဒါက is not the reason။ ဒါ အစိုးရ‌ကောင်းတစ်ရပ်ရဲ့ ပုံစံမဟုတ်ဘူး။ အဲ့‌တော့ ‌ဝေဖန်ပါ။ အပြုသ‌ဘောနဲ့ ‌ဝေဖန်ပါ၊ လက်တွဲပါ၊ မဟုတ်တာရှိရင်လည်း ‌ထောက်ပြပါ” ဟု ၎င်းက‌ပြော သည်။

‌ရွေး‌ကောက်ပွဲကာလတွင် ရန်ကုန်တိုင်း‌ဒေသကြီးအနှံ့မ‌ရောက်ရှိသဖြင့် မိမိအားမ‌တွေ့ ဖူး‌သော်လည်း ယုံကြည်၍ မဲ‌ပေးခဲ့သည်ကို‌တွေ့‌ကြောင်း၊ ယင်းသည် မိခင်ပါတီ NLD နှင့် NLD ၏ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ယုံကြည်သည့်အတွက်မဲရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက‌ပြောသည်။

သို့‌သော်လည်း မိမိအ‌နေဖြင့် မဲ‌ပေးသူများနှင့် မဲမ‌ပေးသူအားလုံးအတွက်ကိုပါလုပ်‌ဆောင် သွားမည်ဖြစ်ပြီး ‌ရွေး‌ကောက်ပွဲ သဘာဝအရ အတွန်းအတိုက်များ ရှိသလို အားလုံး ရုန်းကန်ရ‌ကြောင်း၊ မိမိနှင့် ပြိုင်ဘက် ‌ကောင်းများကိုလည်း ဂုဏ်ပြုလို‌ကြောင်း ‌နော်စူစဲန်နာလှလှစိုးက ‌ပြောသည်။

၂၀၂ဝ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး ‌ရေးရာမဲဆန္ဒနယ်တွင် KPP မှ မန်းသန်းဝင်းဦး၊ NLD မှ ‌နော်စူစဲန်နာလှလှစိုး၊ USDP မှ ‌စောဂျက်‌ကော့ထူး၊ UNDP မှ ‌နော်အုန်းလှ၊ PPP မှ ‌နော်လင်းသဂင်္ီထွန်းနှင့် UBP မှ ‌ဒေါ်သင်း သင်းခိုင်တို့ ဝင်ပြိုင်ခဲ့ပြီး ‌နော်စူစဲန်နာလှလှစိုးက မဲရရှိမှု ၇၁ ရာခိုင်နှုန်း‌ကျော်ဖြင့် အနိုင်ရခဲ့ သည်။

“ကျမတို့နိုင်ငံက တိုင်းရင်းသား‌တွေ အများကြီး‌နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးကို ခြုံငုံပြီး‌တော့လည်း ကြည့်တတ်ရမယ်။ ကျမတို့ အမျိုးသား‌တွေရဲ့ အခွင့်အ‌ရေး တန်းတူညီမျှ ‌ရေးကိုလည်း လုပ်ရမယ်။ တစ်ခုထဲကိုကြည့်ရင် ကျမတို့ တစ်ဖက်စွန်းကို ‌ရောက်သွားမှာပဲ။ ကျယ်ကျယ် ပြန့်ပြန့်ကြည့်ပီး‌တော့ လက်တွဲလုပ်‌ဆောင်မှ ကျမတို့လိုချင်တဲ့ ဒီမိုက‌ရေစီဖက်ဒရယ်နိုင်ငံ‌တော်ကြီးကို အမြန်ဆုံး‌ရောက်ရှိမှာ ဖြစ်တယ်” ဟု ၎င်းက‌ပြောသည်။

‌နော်စူစဲန်နာလှလှစိုးသည် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်‌ရေးအသင်း (KWEG) ကို တည်‌ထောင်ခဲ့သူတဦးဖြစ်ပြီး ကရင်လူမှုအဖွဲ့အစည်းများတွင် ပူး‌ပေါင်းပါဝင်လုပ်‌ဆောင်ခဲ့သူ တဦးဖြစ်ကာ ၂၀၁၄ ခုနှစ်တွင် ရန်ကုန် စည်ပင်သာယာ‌ရေး‌ကော်မတီဝင်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်ခဲ့ဖူးသည်။

၂၀၁၅ ခုနှစ်တွင် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်သို့ ဝင်‌ရောက်ခဲ့ပြီး‌နောက် ပါတီနိုင်ငံ‌ရေး ဘက်သို့ ကူး‌ပြောင်းခဲ့ကာ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း အမျိုးသားလွှတ်‌တော် အမှတ် -၉ တွင် အ‌ရွေးခံရကာ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်ကရင်‌ရေးရာဝန်ကြီးအဖြစ် ထပ်မံအ‌ရွေးခံရခြင်းဖြစ်သည်။