Home ရွေးကောက်ပွဲသတင်း သံ‌တောင်ကြီးတွင် NLD က သုံး‌နေရာ၊ KPP က တစ်‌နေရာအနိုင်ရ၊ မဲ‌ပေးမှုရာခိုင်နှုန်း ၂၀၁၅ ထက်နည်းပါးခဲ့

သံ‌တောင်ကြီးတွင် NLD က သုံး‌နေရာ၊ KPP က တစ်‌နေရာအနိုင်ရ၊ မဲ‌ပေးမှုရာခိုင်နှုန်း ၂၀၁၅ ထက်နည်းပါးခဲ့

2771

နိုဝင်ဘာ ၁၁ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ မဲဆန္ဒနယ် ‌လေး‌နေရာတွင် အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်-NLD က သုံး‌နေရာ အနိုင်ရပြီး ကရင်ပြည် သူ့ပါတီ (KPP) က တစ်‌နေရာ အနိုင်ရခဲ့ ‌ကြောင်း မြို့နယ်‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်၏ အတည်ပြုထုတ်ပြန် ချက်အရ သိရသည်။

သံ‌တောင်ကြီးမြို့နယ်၊ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲ၏ မဲစာရင်းထုတ် ပြန်ချက်များအရ NLD ပါတီက အမျိုးသားလွှတ်‌တော်တွင် ‌နော်ခရစ္စထွန်း၊ ပြည်သူ့လွှတ်‌တော်တွင် ‌စောဗစ် တာခလိုက်နှင့် ပြည်နယ် အမှတ် -၂ ဦး‌မောင်ထူး၊ KPP က ပြည်နယ် လွှတ်‌တော် အမှတ် ၁ တွင် ‌စောခရစ္စတိုဖာ တို့အသီးသီးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ မ‌နေ့က (နိုဝင်ဘာ ၉) ည‌နေ ၅ နာရီ‌လောက်မှာ သံ‌တောင်၊ ပသိ‌ချောင်းခန်းမမှာ မဲ‌ရေတွက်ပြီး‌တော့ သံ‌တောင် ကြီး ‌ရွေး‌ကော်အဖွဲ့ခွဲက ‌ရွေး‌ကောက်ခံလွှတ် ‌တော်ကိုယ်စားလှယ်‌တွေရဲ့ မဲစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ပုံစံ ၁၉ လည်း လက်မှတ်ထိုးပြီးသွားပါပြီး” ဟု အမျိုးသားလွှတ်‌တော်တွင် အနိုင်ရရှိသွားသူ NLD ကိုယ်စားလှယ် ‌နော်ခရစ္စထွန်းက ‌ပြောသည်။

ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ယခင်က အနိုင်ရရှိထားသည့် ပြည်နယ် အမှတ် ၂ မဲဆန္ဒနယ်တွင် ၂၀၂ဝ ပြည့်နှစ် ‌ရွေး‌ကောက်ပွဲတွင် ရှုံးနိမ့်သွားခြင်းမှာ ကယန်းအမျိုးသားပါတီနှင့် မဲကွဲသွားခြင်း‌ကြောင့်ဖြစ်သည်ဟု ‌ဒေသ ခံများက ‌ပြောသည်။

သံ‌တောင်ကြီး အမျိုးသားလွှတ်‌တော် မဲဆန္ဒနယ်တွင် မဲ‌ပေးမှုရာခိုင်နှုန်းမှာ ယခင် ၂၀၁၅ ‌ရွေး ‌ကောက်ပွဲ၌ ၇၉ ဒသမ ၉၄ (၇၉.၉၄) ရာခိုင်နှုန်းရှိ‌သော်လည်း ယခုနှစ် ‌ရွေး‌ကောက်ပွဲတွင် ၆၄ ဒသမ ၅ (၆၄.၅) ရာခိုင်နှုန်းသာ ရှိ‌ကြောင်း၊ ထိုသို့ ရာခိုင်နှုန်း ကျဆင်းသွားခြင်းမှာ ကိုဗစ် ကာလဖြစ်သည့်အတွက် ‌နေရပ်ပြန်မဲ‌ပေးရန်ခက်ခဲခြင်း၊ ‌ဒေသတွင်း ဖာလာ‌စေ့ ထွက်ရှိချိန် ဖြစ်သည့်အတွက် ဥယျာဉ်ခြံအလုပ်သမားများ မဲ‌ပေးမှုနည်းသွားခြင်း‌ကြောင့် ဖြစ်နိုင်‌ကြောင်း ‌နော်ခရစ္စထွန်းက ‌ပြောသည်။

သံ‌တောင်ကြီးတွင် ယခုနှစ်‌ရွေး‌ကောက်ပွဲ၌ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၂ ထိန်းချုပ် နယ်‌မြေ ‌ကျေးရွာအုပ်စု ရှစ်အုပ်စုတွင် ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ‌ကြောင်း ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်တွင် ကနဦးသတင်းများအရ ပြည်သူ့လွှတ်‌တော် ၇ ‌နေရာတွင် NLD က ၆ ‌နေရာ၊ USDP က ၁ ‌နေရာ၊ အမျိုးသားလွှတ်‌တော် ၁၂ ‌နေရာတွင် NLD က ၁၁ ‌နေရာ၊ USDP က ၁ ‌နေရာ၊ ပြည်နယ်လွှတ်‌တော် ၁၄ ‌နေရာတွင် NLD က ၁၁ ‌နေရာ၊ USDP က ၁ ‌နေရာ၊ KPP က ၁ ‌နေရာ အနိုင်ရရှိထားပြီး ဗမာတိုင်ရင်းသား ‌ရေးရာနှင့် ပအိုဝ်းတိုင်ရင်းသား‌ရေးရာတွင်တို့ NLD အနိုင်ရပြီး မွန်တိုင်းရင်းသား‌ရေးရာတွင် မွန်ညီညွတ်‌ရေး ပါတီက အနိုင်ရထားသည်ဟု ဆိုသည်။