Home ရွေးကောက်ပွဲသတင်း မဲဆွယ်စည်းရုံးရာ မ‌ရောက်‌စေသည့် တိုင်းရင်းသားဝတ်စုံဝတ်ဆင်ပြီး မဲ‌ပေးနိုင်‌ကြောင်း ဧရာဝတီတိုင်း‌ရွေး‌ကော် ‌ပြော

မဲဆွယ်စည်းရုံးရာ မ‌ရောက်‌စေသည့် တိုင်းရင်းသားဝတ်စုံဝတ်ဆင်ပြီး မဲ‌ပေးနိုင်‌ကြောင်း ဧရာဝတီတိုင်း‌ရွေး‌ကော် ‌ပြော

2636

နိုဝင်ဘာ ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း မဲ‌ပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအ‌နေဖြင့် မဲ‌ပေးသည့်‌နေ့တွင် မဲဆွယ်စည်း ရုံးရာ‌ရောက်‌စေသည့် ဝတ်စားဆင်ယင်မှုများမှလွဲ၍ မိမိတို့၏ တိုင်းရင်းသားဝတ်စုံများကို ဝတ်ဆင်ကာ လွတ် လပ်စွာ မဲ‌ပေးနိုင်‌ကြောင်း ဧရာဝတီတိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူးက ‌ပြောဆို သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဧရာဝတီတိုင်း‌ဒေသကြီး ‌မြောင်းမြမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်အချို့တွင် အဆိုပါ မဲ‌ပေးသည့်‌နေ့ ကရင်ရိုးရာဝတ်စုံများဝတ်ဆင်ခြင်းမပြုရန် ညွှန်ကြားထားမှုရှိ‌ကြောင်း သတင်းများထွက်‌ပေါ် ‌နေသည့်အတွက် ၎င်းက ယခုလို ‌ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“မဲ‌ပေးတဲ့သူ‌တွေအ‌နေနဲ့မဲဆွယ်စည်းရုံးရာ‌ရောက်မယ့် ဝတ်စားဆင်ယင်မှုမျိုး‌ပေါ့။ တူညီဝတ်စုံ‌တွေ‌ပေါ့။ တူညီ ဝတ်စုံဆိုတာက ဥပမာ ပါတီဝတ်စုံလိုမျိုး‌ပေါ့။ တူညီတဲ့တံဆိပ်‌တွေနဲ့ဝတ်ပြီးလာတာမျိုး‌ပေါ့။ ဒါ‌တွေ‌တော့ လုပ် လို့မရဘူး‌ပေါ့။ တိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်လာလို့ရပါတယ်။ ဘာမှမဖြစ်ပါဘူး။ ဒါ‌ပေမယ့် မဲဆွယ်စည်းရုံး ‌ရေးအသွင်မ‌ဆောင်ဖို့‌တော့ အ‌ရေးကြီးပါတယ်” ဟု ဧရာဝတီတိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲ အတွင်း‌ရေးမှူးဦးမြင့်နိုင်က ‌ပြောသည်။

မဲ‌ပေးသည့်‌နေ့တွင် ကရင်ရိုးရာဝတ်ဆင်ခြင်းမပြုကြရန် ‌မြောင်းမြမြို့နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲမှ တစ် ဆင့် ‌ကျေးရွာ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့အသီးသီထံ ညွှန်ကြားမှုများ ရှိ‌ကြောင်း ပြီးခဲ့သည့် ‌အောက်တို ဘာလ ၂၈ ရက်‌နေ့က ဧရာဝတီတိုင်း‌ဒေသကြီး ‌မြောင်းမြမြို့နယ် ‌ညောင်‌ချောင်း‌ပွေးစု ‌ကျေးရွာအုပ်စုအတွင်း အဆိုပါ သတင်းများ ပျံ့နှံ့မှုဖြစ်‌ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။

“ ရပ်‌ကျေး‌ကော်မရှင်ကို‌မေး‌တော့ မြို့နယ်ကအစည်းအ‌ဝေးလုပ်ပြီး မြို့နယ်‌ကော်မရှင်က ဝတ်လို့မရဘူးဆိုပြီး ‌ပြောလိုက်တာလို့ ‌ပြောတယ်။ အဲဒါနဲ့မြို့နယ်‌ကော်မရှင် ဥက္ကဋ္ဌကို‌မေး‌တော့ သူတို့‌ပြောလိုက်တာဟုတ်တယ်တဲ့။ ဘာဖြစ်လဲဆို‌တော့ ကရင်ပါတီ လိုဂိုတံဆိပ်‌တွေက ကရင်အမျိုးသားအကျင်္ီမှာပါတဲ့ လိုဂိုတံဆိပ်‌တွေနဲ့ ဆင်တူ သလိုဖြစ်တဲ့အတွက် အခြားပါတီ‌တွေက ‌ပြောလာဆိုလာမှာစိုးလို့ မဝတ်ခိုင်းတာလို့‌ပြောတယ်။” ဟု‌မြောင်းမြမြို့ နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း မန်း‌နေသူရိန်က ‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ‌မြောင်းမြမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌနှင့် ‌ဆွေး‌နွေး‌ပြောဆိုအပြီး မဲ‌ပေး သည့်‌နေ့ ကရင်အမျိုးသားအကျင်္ီဝတ်ဆင်ပြီး မဲ‌ပေးမှုကိစ္စရပ်များမှာ ‌ပြေလည်မှုရသွားပြီဖြစ်‌ကြောင်းလည်း ၎င်း က ဆက်လက်‌ပြောဆိုသည်။

ထို့အတူ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်မှ ‌အောက်တိုဘာလ ၂၈ ရက်‌နေ့ရက်စွဲဖြင့် ‌ရွေး‌ကောက်ပွဲ‌နေ့ တွင် ဥပ‌ဒေ၊ နည်းဥပ‌ဒေများနှင့်အညီ စနစ်တကျ လိုက်နာ‌ဆောင်ရွက်‌စေ‌ရေးအတွက် လွှတ်‌တော်ကိုယ်စား လှယ်များ၊ ‌ရွေး‌ကောက်ပွဲဝင် ကိုယ်စားလှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အကူကိုယ်စားလှယ်များ လိုက်နာ‌ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ညွှန်ကြားစာထုတ်ပြန်ထားပြီးလည်းဖြစ်သည်။

ထုတ်ပြန်ထားသည့် ညွှန်ကြားစာများအရ အဆိုပါပုဂ္ဂိုလ်များအ‌နေဖြင့် မဲရုံသို့လာ‌ရောက်ရာတွင် မိမိတို့နှင့် သက် ဆိုင်သည့် ပါတီ၊ တစ်သီးပုဂ္ဂလပါတီ ရင်ထိုးတံဆိပ်မှအပ ပါတီတံဆိပ်အမှတ်အသားပါသည့် သို့မဟုတ် မဲ ဆွယ်စည်းရုံးရာ‌ရောက်သည့် ဝတ်စားဆင်ယင်မှု၊ အသုံးအ‌ဆောင်ပစ္စည်းများ ဝတ်ဆင်၊ ယူ‌ဆောင်ခြင်း ‌ရှောင်ကြဉ်‌ရေး၊ အမျိုးသားဝတ်စုံ (တိုင်းရင်းသားဝတ်စုံအပါအဝင် )ကိုသာ ဝတ်ဆင်‌ရေး စသည့်အချက်များ ပါဝင်သည်။

လာမည့်အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ‌မြောင်းမြမြို့နယ် မဲဆန္ဒယ်အတွင်း ကရင်ပြည်သူ့ပါတီ -KPP မှ မန်း‌နေသူရိန်၊ လူ့‌ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးစိန်ဘရီ၊ ပြည်‌ထောင်စု‌ကောင်းကျိုး‌ဆောင်ပါတီ -UBP မှ ဦး‌ဇော်ကိုကို‌ထွေး၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD မှ ဦး‌ဝေလင်း‌အောင်နှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ-USDP မှ ဦးဝင်း‌မော်တို့ အသီးသီးဝင် ‌ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။