Home ရွေးကောက်ပွဲသတင်း တစ်ခုတည်း‌သော ကရင်တိုင်းရင်းသားပါတီဖွဲ့စည်း‌ရေးအကြံပြုချက် မလွယ်ကူဟု ကရင်ပါတီများသုံးသပ်

တစ်ခုတည်း‌သော ကရင်တိုင်းရင်းသားပါတီဖွဲ့စည်း‌ရေးအကြံပြုချက် မလွယ်ကူဟု ကရင်ပါတီများသုံးသပ်

3168

နိုဝင်ဘာ ၂၅ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

တစ်ခုတည်း‌သော ကရင်တိုင်းရင်းသားပါတီဖွဲ့စည်း‌ရေး ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၏ တိုက်တွန်းအကြံပြုချက်ဆန္ဒရှိ‌သော်လည်း မလွယ်ကူ‌ကြောင်း ကရင်ပါတီများက သုံးသပ်‌ပြောကြားသည်။

ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီက ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ကျင်းပပြီးစီးသွားပြီးဖြစ်သလို ‌နောင်အနာဂတ်ကာလ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲများတွင် ဝင်‌ရောက်ယှဉ်ပြိုင်နိုင်‌ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ကရင်တိုင်းရင်းသားများအ‌နေဖြင့် တစ်ခုတည်း‌သော ကရင်တိုင်းရင်းသားပါတီဖွဲ့စည်း‌ရေးကို တိုက်တွန်း‌ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ‌ကြေငြာချက်တစ်‌စောင်ထုတ်ပြန်ခဲ့သည်။

ထိုသို့ တိုက်တွန်းချက်အ‌ပေါ် ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီက ပါတီဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီအစည်းအ‌ဝေးတွင် ‌ခေါင်းစဉ်တစ်ခု အ‌နေဖြင့် ‌ဆွေး‌နွေးခဲ့ပြီး ပါတီ‌ပေါင်းစည်း‌ရေးဆန္ဒရှိ‌သော်လည်း လတ်တ‌လောတွင် မလွယ်ကူ‌သေး‌ကြောင်း ကရင်ပြည်သူ့ပါတီ -KPP ဒု-ဥက္ကဋ္ဌ ‌စော‌စေးဝါးက ‌ပြောသည်။

“တစ်ပါတီဖြစ်‌ရေးကိစ္စက‌တော့ ကရင်ပါတီ‌တွေကလည်း ဆန္ဒရှိပါတယ်။ နည်းလမ်း‌တော့ ရှာရမှာ‌ပေါ့‌နော်။ လွယ်လွယ်ကူကူ မဖြစ်ဘူးဆိုတာက‌တော့ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကြိုးပမ်းခဲ့ပြီးပြီဘဲ။ စိတ်ထဲမှာ‌တော့ တစ်ပါတီဖြစ်‌ရေး ဆန္ဒရှိပါတယ်။ ဒီအခက်အခဲကို ဘယ်လို‌ကျော်လွှားရမလဲ ဆိုတာက‌တော့ နည်းလမ်း‌တော့ ရှာရမှာ‌ပေါ့‌နော်။ ထပ်ပြီး‌တော့‌ဆွေး‌နွေးဖို့ အစီအစဉ်ရှိပါတယ်” ဟု ၎င်းက‌ပြောသည်။

လက်ရှိ ပြည်တွင်း၌ တရားဝင်ရပ်တည်‌နေ‌သော ကရင်ပါတီ ‌လေးပါတီရှိပြီး ၎င်းတို့ထဲတွင် ကရင်ပြည်နယ်၌ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့ တည်‌ထောင်ထားပြီး၊ ပြည်နယ်ပြင်ပ၌ ရန်ကုန်မြို့တွင် ကရင်ပြည်သူ့ပါတီနှင့် ဧရာဝတီတိုင်း‌ဒေသကြီးကို အားပြုထားသည့် ကရင်အမျိုးသားပါတီ တို့ ဖြစ်သည်။

“ကရင်ပါတီ‌တွေ ‌ပေါင်းစည်းမှ‌ရွေး‌ကောက်ပွဲအနိုင်ရမယ်ဆိုတာ‌တော့ လက်‌တွေ့မကျဘူး။ ဥပမာ- ဧရာဝတီမှာ ကရင်ပါတီ နှစ်ခု‌ပေါင်းမဲက NLD ကို မမှီဘူး။ ကရင်ပါတီ‌တွေ ‌ရွေး‌ကောက်ပွဲမှာ နိုင်ဖို့ဆိုရင် တခြားပါတီကြီး‌တွေ ထဲ‌ရောက်‌နေတဲ့ သူ‌တွေ ကိုယ့်ကရင်ပါတီမှ ပြန်လာပူး‌ပေါင်းဖို့လိုတယ်” ဟု ကရင်အမျိုးသားပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

ပြည်တွင်း၌ ကရင်ပါတီများ ၂၀၁ဝ ပြည့်နှစ်တွင် တရားဝင် ပြည်လည်ထည်‌ထောင်ခဲ့ပြီး ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်၌ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီနှင့် ရန်ကုန်မြို့၌ ကရင်ပြည်သူ့ပါတီတို့ အသီးသီးဝင်ပြိုင်ကာ ကိုယ်စားလှယ်အချို့ အနိုင်ရခဲ့ဖူးသည်။

ထို့‌နောက် ဖလုံ-စ‌ဝေါ် ပါတီဝင်အချို့ခွဲထွက်ကာ ကရင်ဒီမိုကရက်တစ်ပါတီကို တည်‌ထောင်ခဲ့သလို ရန်ကုန်မြို့တွင်လည်း ၂၀၁၄ ခုနှစ်တွင် ကရင်အမျိုးသားပါတီကို ထပ်မံတည်‌ထောင်ခဲ့ပြီး‌နောက် ဖားအံ၌ စည်းလုံးညီညွတ်‌သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ အသစ်တည်‌ထောင်လိုက်သည့်အတွက် စုစု‌ပေါင်း ကရင်နိုင်ငံ‌ရေးပါတီ ‌ခြောက်ခုအထိ ရှိလာခဲ့သည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲမတိုင်မှီ ကရင်ပါတီများ ပြန်လည်‌ပေါင်းစည်း‌ရေး ညှိနှိုင်းမှုများ အသီးသီးပြုလုပ်ခဲ့‌သော်လည်း ‌ရွေး‌ကောက်ပွဲနီးလာသည့်အတွက် အချိန်မမှီဖြစ်ခဲ့ကာ ကရင်ပါတီ‌ခြောက်ခုစလုံး ၂၀၁၅ ‌ရွေး‌ကောက်ပွဲကို ဝင်ပြိုင်ခဲ့ပြီး ထိုစဉ်က ကရင်ပြည်နယ် လွှတ်‌တော်တွင် ကရင်ပြည်သူပါတီမှ ကိုယ်စားလှယ်တဦးသာ အနိုင်ရခဲ့သည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲပြီး‌နောက် ကရင်ပါတီများ‌ပေါင်းစည်းရန် ‌ဆွေး‌နွေးမှုပြန်လည်စတင်ခဲ့ပြီး ကရင်ပြည်နယ်တွင် ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုး တိုးတက်‌ရေးပါတီ၊ စည်းလုံးညီညွတ်‌သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီမှ ပါတီ‌ခေါင်း‌ဆောင်းပိုင်းတစ်ချို့ပါဝင်သည့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ၂၀၁၈ ခုနှစ် ‌ဖေ‌ဖော်ဝါရီတွင် ‌ပေါင်းစည်းတည်‌ထောင်လိုက်သည်။

ထိုသို့ ‌ပေါင်းစည်းရာတွင် ဖလုံ-စ‌ဝေါ်အ‌နေဖြင့် ပါတီဖျက်သိမ်းခြင်း မပြုလုပ်‌သော်လည်း ကရင်ပြည်နယ်တွင် ကရင်ပါတီအချင်းချင်း ထိပ်တိုက်မ‌တွေ့‌ရေးအတွက် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်တွင် ဝင်ပြိုင်ခြင်းမပြုဘဲ ပြည်နယ်ပြင်ပတွင်သာ သုံး‌နေရာဝင်ပြိုင်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကရင်လူမျိုးများသည် ဧရာဝတီတိုင်း‌ဒေသကြီးတွင် လူဦး‌ရေ နှစ်သန်း‌ကျော်‌နေထိုင်လျက်ရှိပြီး ပိုး (ဖလုံ) စကားကို အများစု ‌ပြောဆိုကြကာ အချို့က အ‌နောက်ပိုးကရင်ဟုလည်း ‌ခေါ်ဆိုကြသည်။

ကရင်ပြည်နယ်တွင်မူ ကရင်လူဦး‌ရေ တစ်သန်းဝန်ကျင်းခန့်ရှိပြီး အများစုမှာ ပိုး (ဖလုံ) စကားကို‌ပြောဆိုကာ အချို့က အ‌ရှေ့ပိုးကရင်ဟုလည်း ‌ခေါ်ဆိုကြသည်။

ပဲခူးတိုင်း‌ဒေသကြီး၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ တနသင်္ာရီ တိုင်း‌ဒေသကြီးနှင့် ထိုင်းနယ်စပ်‌ဒေသတို့တွင် စ‌ကောကရင်လူမျိုးများ အများစုရှိကာ စ‌ကောကရင်စာကို ‌ပြောဆို‌ရေးသားကြသလို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက စ‌ကောကရင်စာကို ရုံးသုံးစာအဖြစ် အသုံးပြုလျက်ရှိ‌ကြောင်း သိရသည်။