Home သတင်း ညီ‌နောင်မဟာမိတ် (၃)ဖွဲ့ ဒီဇင်ဘာလအထိ တစ်ဖက်သတ် အပစ်ရပ်‌ကြေညာချက် သက်တမ်းတိုး

ညီ‌နောင်မဟာမိတ် (၃)ဖွဲ့ ဒီဇင်ဘာလအထိ တစ်ဖက်သတ် အပစ်ရပ်‌ကြေညာချက် သက်တမ်းတိုး

3435
Photo: TNLA

နိုဝင်ဘာ ၁၂ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

ရက္ခိုင့်တပ်‌တော်(AA)၊ တအာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(TNLA)နှင့် MNDAA(ကိုးကန့်)တို့ ပါဝင်သည့် ညီ‌နောင်မဟာမိတ်(၃)ဖွဲ့အ‌နေဖြင့် နိုဝင်ဘာလ ၁၁ရက်‌နေ့မှစ၍ လာမည့် ဒီဇင်ဘာလကုန်အထိ တစ်ဖက်သတ် အပစ် ရပ်ခြင်းကို သက်တမ်းတိုးလိုက်‌ကြောင်း သ‌ဘောထား ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၁ရက်က ထုတ်ပြန်သည့် ‌ကြေညာချက်အရ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအပြီး ‌နောက်ထပ် အစိုးရသက်တမ်းကို ဦး‌ဆောင်မည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) အစိုးရနှင့် တပ်မ‌တော်တို့အကြား လက်‌တွေ့ကျသည့် ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်များ ‌ဆွေး‌နွေးညှိနှိုင်းနိုင်ရန်အတွက် ယခုလို တစ်ဖက်သတ် အပစ်ရပ်ခြင်းကို ထပ်မံ သက်တမ်းတိုးမြှင့် ခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ညီ‌နောင်မဟာမိတ် (၃)ဖွဲ့အ‌နေဖြင့် တိုက်ပွဲများ‌လျှော့ချပြီး နှစ်ဖက်‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ဖြစ်‌ပေါ်တိုးတက်ရန်အတွက် တစ်ဖတ်သတ် အပစ်ရပ်‌ကြေညာချက်ကို ပြီးခဲ့သည့် ၂၀၁၉ခုနှစ် စက်တင်ဘာလက စတင်ထုတ်ပြန်ခဲ့ပြီး ယခု ၂၀၂ဝခု နှစ်အထိ တစ်ဖက်သတ် အပစ်ရပ်စဲ‌ကြောင်းကို (၇)ကြိမ်တိုင်တိုင် ဆက်တိုက် သက်တမ်းတိုးမြှင့်ခဲ့‌ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အလားတူ မြန်မာ့တပ်မ‌တော်နှင့် ကြိုတင်ကန့်သတ်မှုမပါသည့် အပစ်အခတ်ရပ်စဲမှုမျိုးကို ‌ဆွေး‌နွေးရန် အဆင်သင့်ဖြစ် ‌ကြောင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး စစ်မှန်သည့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကို FPNCC (ပြည်‌ထောင်စု နိုင်ငံ‌ရေး ‌ဆွေး‌နွေး ညှိနှိုင်း‌ရေး‌ကော်မတီ) ဦး‌ဆောင်မှုဖြင့် လိုက်ပါ‌ဆွေး‌နွေးရန် အမြဲအဆင်သင့်ဖြစ်‌ကြောင်းကိုလည်း ၎င်းတို့၏ သ‌ဘောထားထုတ်ပြန်ချက်၌ ထပ်မံ ‌ဖော်ပြထားသည်။

မြန်မာ့တပ်မ‌တော်အ‌နေဖြင့် ‌အောက်တိုဘာလကုန်အထိ ရပ်ဆိုင်းထားသည့် စစ်‌ရေးဆိုင်ရာလှုပ်ရှားမှုများကို ယခုလ နိုဝင်ဘာလ ၃ဝရက်‌နေ့အထိ ထပ်မံတိုးမြှင့်လိုက်‌ကြောင်း ပြီးခဲ့သည့် ‌အောက်တိုဘာလ(၃၀)ရက်‌နေ့က ထုတ်ပြန်‌ကြေ ညာခဲ့ပြီး‌နောက် ယခုလို ညီ‌နောင် (၃)ဖွဲ့ဘက်မှ သက်တမ်းတိုး ‌ကြေညာချက်များ ‌ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

သို့‌သော် တပ်မ‌တော်၏ စစ်‌ရေးဆိုင်ရာလှုပ်ရှားမှု သက်တမ်းတိုးရပ်ဆိုင်းမှုတွင် အကြမ်းဖက် အဖွဲ့အစည်းများအ‌နေဖြင့် အစိုးရမှ သတ်မှတ်‌ကြေညာထားသည့် နယ်‌မြေများအပ ကျန်နယ်‌မြေများသာပါဝင်‌ကြောင်း ‌ဖော်ပြထားပြီး Covid-19 ‌ရောဂါ ကာကွယ် ထိန်းချုပ်‌ရေးလုပ်ငန်းစဉ်များ၊ ‌ရွေး‌ကောက်ပွဲ ‌အောင်မြင်စွာ ကျင်းပနိုင်‌ရေးနှင့် ထာဝရ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်ရာတွင် ထိ‌ရောက်‌အောင်မြင်စွာ ‌ဆောင်ရွက်နိုင်‌ရေးအတွက်ဟု ‌ဖော်ပြထားသည်။

တပ်မ‌တော်နှင့် ညီ‌နောင်မဟာမိတ် (၃)ဖွဲ့တို့အ‌နေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်း‌ကြောင်း အပြန်အလှန် ထုတ်ပြန်မှုများ ရှိခဲ့‌သော်လည်း လက်‌တွေ့‌မြေပြင်‌ဒေသများတွင် စစ်‌ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အရပ်သား ထိခိုက်‌သေဆုံးမှုနှင့် ထွက်‌ပြေးတိမ်း‌ရှောင်ရမှုများ ဖြစ်‌ပေါ်လျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်‌နေ့က ‌မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့၊ အစိုးရငြိမ်းချမ်း‌ရေး‌ကော် မရှင်နှင့် မြန်မာ့တပ်မ‌တော်တို့အကြား ‌တွေ့ဆုံညှိနှိုင်း ‌ဆွေး‌နွေးမှုများရှိခဲ့ပြီး သ‌ဘောတူညီချက် ၇ချက်အထိ ရရှိခဲ့ဖူး ‌သော်လည်း ‌ဆွေး‌နွေးပွဲများ ရပ်တန့်သွားပြီး ညီ‌နောင်(၃)ဖွဲ့ အဖွဲ့ဝင် ရက္ခိုင့်တပ်‌တော်(AA)ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်‌ကြေညာပြီးသည့်‌နောက် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာခဲ့ကာ ယ‌နေ့အချိန်ထိ တိုက်ပွဲများ ဖြစ်‌ပေါ်လျက်ရှိသည်။

ညီ‌နောင်မဟာမိတ်(၃)ဖွဲ့၏ ယ‌နေ့ထုတ်ပြန်ချက်တွင်လည်း ‌ရွေး‌ကောက်ပွဲအပြီး အသစ်ဖွဲ့စည်းသွားမည့် အစိုးရသစ်နှင့် မြန်မာ့တပ်မ‌တော်တို့အား ပြည်တွင်းစစ်ချုပ်ငြိမ်းမည့် နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုများကို အမှန်တကယ် ‌ဆွေး‌နွေးနိုင် ရန်အတွက် အချက် (၄)ချက်ပါ ‌တောင်းဆိုချက်ကိုလည်း ထည့်သွင်း‌ဖော်ပြထားသည်။

၎င်း‌တောင်းဆိုချက်များအရ တိုင်းရင်းသား‌ဒေသ အထူးသဖြင့် ရခိုင်‌ဒေသတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့် ရန်၊ ‌ဒေသခံ တိုင်းရင်းသားပြည်သူများအ‌ပေါ် ဖမ်းဆီး နှိပ်စက်၊ သတ်ဖြတ်ခြင်းများနှင့် လက်နက်ကြီးငယ်များဖြင့် ပစ် ခတ်ခြင်းအပြင် ‌နေအိမ်မီးရှို့ဖျက်ဆီးချင်းများကို မပြုလုပ်ရန် ကနဦး ‌တောင်းဆိုထားသည်။

ထို့‌နောက် ယုံကြည်မှု တိုးတက်ရန်နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ လွယ်ကူ‌စေရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများအ‌ပေါ် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်း ‌ကြေညာချက်များကို ပြန်လည် ရုပ်သိမ်းပြီး ပထမအစိုးရ သက်တမ်းတွင် ကြုံ‌တွေ့ခဲ့ရသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အကြပ်အတည်းများကို ပြန်လည်သုံးသပ်ကာ တိုင်းရင်း သားပြည်သူအကျိုးကို ဦးတည်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို ရဲဝံ့စွာ ချမှတ်ရန်နှင့် ၎င်းတို့ မဟာမိတ်အဖွဲ့အစည်း နှင့် ရပ်တန့်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ‌ရှေ့ဆက်နိုင်‌ရေး အစိုးရသစ်အ‌နေဖြင့် အထူးအ‌လေး‌ပေး ‌ဆောင် ရွက်ရန်ကိုပါ တိုက်တွန်း ‌တောင်းဆိုထားသည်။

အလားတူ ‌ရွေး‌ကောက်ပွဲအပြီး ‌နောက်တစ်ရက် နိုဝင်ဘာလ (၉)ရက်‌နေ့တွင် မြန်မာအစိုးရ တပ်မ‌တော်မှ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များ ဆက်လက်‌ဆွေး‌နွေးနိုင်ရန်အတွက် တပ်မ‌တော်နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ရှိလာပါက ဒုတိယ ဗိုလ်ချုပ် ကြီးရာပြည့် ဦး‌ဆောင်သည့် တပ်မ‌တော်၏ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု‌ကော်မတီကို ဖွဲ့စည်း‌ကြောင်း ထုတ်ပြန်‌ကြေညာခဲ့ သည်။

၎င်းဖွဲ့စည်းလိုက်သည့် ‌ကော်မတီအ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်(NCA) လမ်း ‌ကြောင်းအတိုင်း လက်မှတ်‌ရေးထိုးထားပြီးသား အဖွဲ့အစည်းများနှင့် ငြိမ်းချမ်း‌ရေး ပိုမိုခိုင်မာ‌အောင် ဆက်လက်‌ဆွေး ‌နွေးသွားမည်ဖြစ်သလို NCA လက်မှတ်မ‌ရေးထိုးနိုင်‌သေးသည့် အဖွဲ့အစည်းများနှင့် NCA လက်မှတ်‌ရေးထိုးနိုင်သည်အ ထိ ဆက်လက် ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်းလည်း ‌ဖော်ပြထားသည်။