Home သတင်း ကုန်သွယ်မှုမြန်ဆန်‌စေရန် ထိုင်းကုန်တင်ယာဉ်များကို မြဝတီကုန်သွယ်‌ရေးဇုန်အထိ ဝင်ခွင့်ပြုမည်

ကုန်သွယ်မှုမြန်ဆန်‌စေရန် ထိုင်းကုန်တင်ယာဉ်များကို မြဝတီကုန်သွယ်‌ရေးဇုန်အထိ ဝင်ခွင့်ပြုမည်

3160

နိုဝင်ဘာ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုအား ယခင်က နှစ်ဖက် BCF ဇုန်တွင်သာ ကုန်စည် ဖလှယ်ခွင့်ပြုထား ‌ပေး‌သော်လည်း ယခုအခါ နှစ်နိုင်ငံကုန်သွယ်မှု မြန်ဆန်‌စေရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ထိုင်းကုန်တင်ယာဉ်များကို မြဝတီနယ်စပ် ကုန်သွယ်ရးဇုန်အထိ ဝင်ခွင့် ပြုထား ‌ကြောင်း သိရသည်။

Covid -19 ကာလအတွင်း ‌ရောဂါကူးစက်မှု မဖြစ်‌စေရန် BCF ဇုန်အချင်းချင်း ကုန်သွယ်ခွင့်ပြုထား သည့်အတွက် မ‌တော်တဆ ကိုဗစ်ကူးစက်သွားလျှင် BCF ဇုန်တစ်ခုလုံးကို ‌လော့‌ဒေါင်း(ပိတ်ချ) နိုင်သည့်အတွက် အဆင့်ဆင့်တင်ပြပြီး ထိုင်းကုန်တင်ယာဉ်များကို ကုန်သွယ်‌ရေးဇုန်အထိ သွားလာ ခွင့်ပြု လိုက်ခြင်းဖြစ်‌ကြောင်း မြဝတီ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

“အဓိက‌တော့ ကုန်သွယ်မှု‌ဆောင်ရွက်လိုတာ‌ပေါ့‌နော်။ လက်ရှိမှာ‌တော့ နှစ်ဘက် BCF ဇုန် အချင်းချင်း ကုန်ပစ္စည်းတင်သွင်း‌နေမှု ‌ဆောင်ရွက်‌နေတာ‌ပေါ့။ ကုန်ပစ္စည်းချိန်း‌ပြောင်းရတဲ့အတွက် ကုန်သွယ်မှု ‌နှောင့်‌နှေးမှုဖြစ်‌နေတာ‌ပေါ့။ လိုအပ်ချက်ကို ဖြည့်ဆည်း‌ပေမဲ့ အခက်အခဲ ‌တော့ရှိပါတယ်။ ကိုဗစ်ကူး စက်မှုမဖြစ်‌အောင် BCF ဇုန်အတွင်းမှာ ကုန်သွယ်မှုလုပ်ခဲ့တာ မလုပ်တတ်ရင် ကိုဗစ်ကူးစ က်မှု‌တွေ ဖြစ်ခဲ့ရင် BCF ဇုန်ကြီးကို Lockdown ချရရင် ကုန်သွယ်မှု လုံးဝရပ်သွားနိုင်တာ‌ပေါ့။ ပြည်နယ်အစိုးရ အဖွဲ့က‌နေပြီး‌တော့ ယ‌နေ့ နိုဝင်ဘာ၂၃ ရက် နံနက် ၆း ဝဝ နာရီကစပြီး‌တော့ ပုံမှန်ကုန်သွယ်မှုလုပ်င န်းဖြစ်တဲ့ ထိုင်းကုန်တင်ယာဉ်‌တွေကို မြဝတီ ကုန်သွယ်‌ရေးဇုန်ထိ သွားခွင့်ပြုထားတာဖြစ်ပါတယ်” ဟု မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူးက‌ပြောသည်။

မြန်မာ- ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ယာဉ်များအား ‌အောက်တိုဘာလ ၁၁ရက်‌နေ့မှစ၍ Covid -19 မပြန့်ပွား‌စေရန် အ‌ခြေအ‌နေအရ မြဝတီ-မဲ‌ဆောက် အမှတ် ၂ ချစ်ကြည်‌ရေးတံတား BCF Zone Cargo ဝင်းအတွင်း၌သာ ကုန်ပစ္စည်း အချိန်းအ‌ပြောင်းလုပ်ခွင့်ပြုခဲ့သည်။ ယင်းသို့ ကုန်သွယ်မှုအကန့်အသတ် များ‌ကြောင့် ယခုဘဏ္ဍာနှစ်သစ်တွင် ကုန်သွယ်မှုပမာဏ တစ်လအတွင်း ‌ဒေါ်လာသန်း ၃ဝ ‌ကျော် ‌လျော့နည်းလာခဲ့‌ကြောင်းလည်း စီးပွားကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်‌သော ကုန်သွယ်မှုစာရင်းများ အရ သိရသည်။

ယခင် ကိုဗစ်‌ရောဂါပိုးကူးစက်ပြန့်ပွားမှု ဂယက်‌ကြောင့် ‌အောက်တိုဘာလ ၁၁ ရက်‌နေ့မှစ၍ နှစ်နိုင်ငံ ကုန်သွယ်မှုအား အမှတ် ၂ တံတား နှစ်ဘက် BCF ဇုန်တွင်သာ ကုန်ဖလှယ်ခွင့် ပြုထားရာမှ ယခုလို ထိုင်းကုန်တင်ယာဉ်များကို နိုဝင်ဘာ ၂၃ ရက်‌နေ့ မှစ၍ မြဝတီ ကုန်သွယ်‌ရေးဇုန်အထိ သယ်‌ဆောင်ခွင့်ရရှိသဖြင့် ကုန်သည်လုပ်ငန်းရှင်များအတွက် ကုန်ကျစရိတ်‌လျော့ကျလာခြင်း၊ ကုန်ပစ္စည်း အပျက်အစီး ‌လျော့နည်းလာခြင်း နှင့် ကုန်သွယ်မှုမြန်ဆန်လာနိုင်‌ကြောင်း ကုန်သည်တစ်ချို့ သုံးသပ်‌ပြောကြားသည်။

ထိုသို့ ထိုင်းကုန်တင်ယာဉ်များကို မြဝတီနယ်စပ်ကုန်သွယ်‌ရေးဇုန်အထိ ဝင်ခွင့်ပြုထား‌သော်လည်း မြန်မာကုန်တင်ယာဉ်များကို‌တော့ ထိုင်းဘက်ခြမ်း အမှတ် ၂ တံတားထိပ် BCF ဇုန်တွင်သာ ကုန်ဖ လှယ်ခွင့်ပြုထားသည့်အတွက် တစ်နိုင်တစ်ပိုင် နယ်စပ်ကုန်သည်များမှာ အခက်အခဲရှိ‌နေဆဲဖြစ်ပြီး ယာဉ်‌မောင်းတစ်ချို့မှာလည်း အလုပ်လက်မဲ့ဖြစ်‌နေ‌ကြောင်း သိရသည်။