Home သတင်း ကိုဗစ်ဂယက်‌ကြောင့် ရန်ကုန်ရှိ ကရင်ရိုးရာအဝတ်အထည်ဆိုင်များ အ‌ရောင်းအဝယ်မဖြစ်

ကိုဗစ်ဂယက်‌ကြောင့် ရန်ကုန်ရှိ ကရင်ရိုးရာအဝတ်အထည်ဆိုင်များ အ‌ရောင်းအဝယ်မဖြစ်

3108
Photo: သငျးနံ့သာ

နိုဝင်ဘာလ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ပုံမှန်အ‌ခြေအ‌နေတွင် ‌ရောင်းအားမြှင့်တက်ရမည့်ကာလဖြစ်‌သော်လည်း ယခုနှစ် ကရင်ရိုးရာအဝတ်အထည် ‌ရောင်းဝယ်‌ရေးလုပ်ငန်းများမှာ ‌ရောင်းအားသိသိသာသာ‌လျော့ကျ‌နေသည့် အ‌ခြေအ‌နေများနှင့်ရင်ဆိုင်‌နေရ ‌ကြောင်း ရန်ကုန်မြို့တွင်းရှိ ကရင်ရိုးရာအဝတ်အထည်‌ရောင်းဝယ်သူများထံမှ သိရသည်။

ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့မတိုင်မီ ယခုကာလများတွင် ကရင်ရိုးရာအဝတ်အထည်များ၏‌ရောင်းအားပုံ မှန်ထက် မြှင့်တက်မှုများရှိခဲ့‌သော်လည်း Covid -19 ‌နောက်ဆက်တွဲများ‌ကြောင့် ယခုနှစ်‌ရောင်းအား သိသိ သာသာကျဆင်းမှုများဖြစ်‌ပေါ်‌နေခြင်းဖြစ်သည်ဟုလည်း ရိုးရာအထည်ဆိုင်ရှင်များက ‌ပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ သင်းနံ့သာကရင်ရိုးရာအထည်ဆိုင်ရှင် နမ့်သင်းသင်း‌အေးက “ အရင်နှစ်က‌တော့ ဒီအချိန် ‌လောက်ဆို‌တော်‌တော်‌ရောင်း‌နေရပြီ‌လေ။ အရင်က အိမ်ဆိုင်ရယ်၊ ‌ဈေးပွဲ‌တော်ရယ်၊ အွန်လိုင်းရယ်‌ပေါ့။ အခု ‌ဈေးပွဲ‌တော်‌တွေကလည်းမရှိဆို‌တော့ အရင်ကထက်စာရင် ‌လေးပုံတစ်ပုံ‌လောက်ပဲ‌ရောင်းအားရှိ‌တော့တယ်။ လူ‌တွေကလည်း အပြင်မထွက်ကြဘူးဆို‌တော့ အွန်လိုင်းကို ပြန်အားကိုးရတာ‌ပေါ့” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကရင်လူမျိုးများ‌နေထိုင်ရာမြို့နယ်များဖြစ်သည့် အင်းစိန်၊ မရမ်းကုန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ‌ရွှေပြည်သာ၊ လှိုင်သာယာ၊ သာ‌ကေတစသည့်မြို့နယ်များအတွင် ကရင်ရိုးရာအထည်ဆိုင်‌ပေါင်း ၄ဝ ဝန်းကျင် ခန့်ရှိပြီး ယခု အဆိုပါ ကရင်ရိုးရာအထည်ဆိုင်အများအပြားပိတ်ထားရသည့် အ‌ခြေအ‌နေဖြစ် ‌ပေါ်‌နေသည်ဟု လည်း သိရသည်။

ထို့အပြင် နှစ်စဉ်ပုံမှန်လည်ပတ်‌နေသည့် ကရင်ရိုးရာအဝတ်အထည်‌ရောင်းဝယ်မှုများမှာ ၈ လခန့်ကြာမြင့် ‌နေပြီဖြစ်သည့် Covid-19 ဂယက်‌ကြောင့် ‌ရောင်းအားကျဆင်းသည်သာမက ဝန်ထမ်းများအပါအဝင် လုပ်ငန်း ရှင်များ၏ လုပ်ငန်းရပ်တည်မှုအ‌ပေါ်တွင်လည်း တဖြည်းဖြည်းနှင့်ဆိုးရွားသည့် သက်‌ရောက်မှုများဖြစ်‌ပေါ်လာ ‌စေသည်ဟု ‌ပြောဆိုမှုများလည်းရှိ‌နေသည်။

သာ‌ကေတမြို့နယ် တိုင်းရင်းသား‌ကျေးရွာရှိ ရိုးရာအထည်ဆိုင်ရှင် နမ့်‌စေး‌ဖောင်က “ ဒီနှစ်က အ‌တော်အ‌ခြေ အ‌နေဆိုးတယ်။ အစ်မတို့ဆို တိုင်းရင်းသား‌ကျေးရွာမှာဆို‌တော့ ကိုဗစ်စဖြစ်ကတည်းက ဆိုင်ကိုပိတ်ထားရတာ၊ ‌ပြောရမယ်ဆိုရင် ‌ရောင်းအားကိုမရှိ‌တော့တာ။ အ‌ရောင်းကူတဲ့က‌လေး‌တွေကိုလည်း ပြန်လွှတ်လိုက်ရတယ်။ ရင်းနှီးထားရတဲ့ အဝတ်အထည်‌တွေကိုလည်း အရင်းရ‌အောင်ပဲ မနည်းပြန်‌ရောင်းရမယ်။ တစ်ခုပြီး တစ်ခုကို နစ်နာတာ‌ပေါ့” ဟု‌ပြောသည်။

ရန်ကုန်ရှိ ကရင်ရိုးရာအထည်ဆိုင်အများစုမှာ ကရင်ပြည်နယ်မှ အထည်များကိုမှာယူကာ မြို့တွင်းအပါအဝင် အခြား‌သော တိုင်းနှင့်ပြည်နယ်များသို့ လက်လီလက်ကားပြန်လည်‌ရောင်းချခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ‌ရောင်း အားမြင့်သည့် ကရင်လူမျိုးတို့၏ ‌နေ့ထူး‌နေ့မြတ်များ၊ ရိုးရာပွဲ‌တော်များတွင် အဓိကထား ‌ရောင်းချရသည်ဟု သိရသည်။