Home သတင်း ကိုဗစ်ကာလ အ‌ခြေခံလူတန်းစား အိမ်‌ထောင်စု ၁,၀၀ဝ ‌ကျော်ကို စားနပ်ရိက္ခာ ‌ထောက်ပံ့

ကိုဗစ်ကာလ အ‌ခြေခံလူတန်းစား အိမ်‌ထောင်စု ၁,၀၀ဝ ‌ကျော်ကို စားနပ်ရိက္ခာ ‌ထောက်ပံ့

1783

နိုဝင်ဘာ ၁၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည်နယ် နယ်ခြား‌စောင့်တပ်နှင့် စီးပွား‌ရေးလုပ်ငန်းစဉ်များ ပူး‌ပေါင်း၍
ကိုဗစ်အ‌ရေး‌ပေါ်ကာလ ပုံမှန်ဝင်‌ငွေမရှိ‌သော အ‌ခြေခံလူတန်းစား အိမ်‌ထောင်စု (၁,၀၀၀)‌ကျော်ကို ဆန်၊ ဆီ၊ ကြက်သွန် အစရှိသည့် စားနပ်ရိက္ခာများကို ကူညီ‌ထောက်ပံ့‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူနှင့် တပ်နယ်အရာရှိများ၊ မိတ်ဘက်စီးပွား‌ရေး လုပ်ငန်းရှင်များက စု‌ပေါင်းကာ အိမ်‌ထောင်စု ၁,၀၈ဝ စုအတွက် အိမ်‌ထောင်တစ်စုလျှင် ဆန် ၆ ပြည်၊ ဆီ ၁ လီတာ၊ မာမား(‌ခေါက်ဆွဲ‌ခြောက်)၊ ၁ ဖာ၊ ငါး‌သေတ္တာ (၁)ကဒ်၊ ကြက်ဥ ၃ဝ လုံး၊ ကြက်သွန်နီ ၁ ပိဿာပါဝင်သည့် စားနပ်ရိက္ခာများကို လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု BGF ဗဟိုကွပ်ကဲ‌ရေးနှင့် စည်းကမ်းထိန်းသိမ်း ‌ရေးအဖွဲ့မှ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ‌ပြောသည်။

၎င်းက “ဒီ‌နေ့ နိုဝင်ဘာလ ၁၈ ရက်‌နေ့ မွန်းလွဲပိုင်းက သစ်တံခါးဆရာ‌တော်ဘုရားကြီးရဲ့ (၁၇)ကြိမ်‌မြောက် (၁၀၈) ရက်အဓိဌာန်‌အောင်ပွဲအလှူအဖြစ် မြဝတီမြို့ မဲကနယ်ရွာ မြသုခသာသနာ့ရိပ်သာဝင်းအတွင်းမှာ ‌အေးသု ခ‌ကျေးရွာ၊ တုံးတံတား‌ကျေးရွာ အစရှိတဲ့ ‌ကျေးရွာ‌တွေက ပုံမှန်ဝင်‌ငွေမဲ့ အ‌ခြေခံလူတန်းစား အိမ်‌ထောင်စု ၃၀ဝ စုကို ကနဦး လှူဒါန်းခဲ့ပါတယ်။ မနက်ဖြန်မှာလည်း ကျန်ရှိ‌နေတဲ့ ‌နေရာ‌တွေကို ဆက်လက်လှူဒါန်းသွားမယ်” ဟု ‌ပြောသည်။

မြဝတီမြို့တွင် ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိသူ ၁၃ဝ ‌ကျော်ရှိလာပြီး ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမ ထွက်ရအမိန့်အား ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၅ ရက်‌နေ့ထိ သက်တမ်းတိုးမြှင့်ထားသည်။ မြို့တွင်းရှိ စား ‌သောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာ ‌ရောင်းချ‌စေခြင်း၊ ဖူဆယ်‌ဘောလုံးကွင်းအပါအဝင် ဟိုတယ် တည်းခိုခန်းနှင့် ကျန်းမာ‌ရေးအနှိပ်ခန်းများ၊ KTV ဆိုင်များ ပိတ်ထားရသလို အခြားစီးပွား‌ရေးလုပ်ငန်းများမှာ ရပ်နားထားရသည့်အတွက် ပုံမှန်ဝင်‌ငွေမဲ့ အ‌ခြေခံလူတန်းစား လူဦး‌ရေတိုးလာ‌ကြောင်း သိရသည်။