Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ်တွင် မဲရုံစဖွင့်ကတည်းက မဲ‌ပေးသူများနှင့် စည်ကား‌နေ

ကရင်ပြည်နယ်တွင် မဲရုံစဖွင့်ကတည်းက မဲ‌ပေးသူများနှင့် စည်ကား‌နေ

1522

နိုဝင်ဘာ ၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ယ‌နေ့ ကျင်းပ‌နေသည့် ၂၀၂ဝ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ် အတွင်း မဲရုံစဖွင့်ကတည်းက စီတန်း‌စောင့်ဆိုင်း မဲ‌ပေးသူများ ဖြင့် စည်းကားလျက်ရှိ‌ကြောင်း ‌ရွေး‌ကောက်ပွဲ ကွင်းဆင်းသတင်းရယူ‌နေသည့် ‌ကေအိုင်စီ သတင်း‌ထောက်များက ‌ပြောသည်။

“ မနက် ငါးနာရီ‌လောက်ကတည်းက မဲရုံနားမှာ လာတန်းစီ‌စောင့်ဆိုင်း‌နေကြတယ်။ တချို့ဆို က‌လေး‌တွေပါ ‌ခေါ်လာပြီး ဖျာ‌တွေယူလာထိုင်‌စောင့်‌နေတာ‌တွေ့တယ်။ မဲရုံတာဝန်ရှိသူ‌တွေက စနစ်တကျဖြစ်ဖို့ ကူ‌ပေးတာ‌တွေ့ရ တယ်” ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကြာအင်းကြီးရွာ မဲရုံများ၌ မဲ‌ပေး‌နေမှု အ‌ခြေအ‌နေများကို ‌ကေအိုင်စီ သတင်း‌ထောက်က ‌ပြောပြသည်။

အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ် ဝန်း‌ရော်‌ဒေသတွင်လည်း နံနက် ၅ နာရီ ‌ကျော်ကတည်းက ‌ဒေသခံများ မဲ‌ပေးရန် စီတန်း‌စောင့်ဆိုင်းလျက်ရှိပြီး မဲ‌ပေးသူများ ဖြင့် စည်းကား‌နေ‌ကြောင်း အဆိုပါ ‌ဒေသသို့ ကွင်းဆင်း သတင်း ရယူ‌နေသည့် သတင်း‌ထောက်များက သတင်း‌ပေးပို့သည်။

မဲလာ‌ပေးသူများကို မဲရုံတာဝန်ရှိသူများက နှာ‌ခေါင်းစည်းများ‌ဝေငှခြင်း၊ လက်သန့်‌ဆေးများ အသုံးပြု‌စေ ခြင်းနှင့်၊ ကိုယ်အပူချိန်တိုင်းတာခြင်း စသည်တို့ကို ကိုဗစ်ကာကွယ်‌ရေးလမ်းညွှန်ချက်များအတိုင်း စနစ်တကျ လုပ်‌ဆောင်‌ပေးခဲ့သည်ဟု မဲရုံအတွင်း မဲဝင်‌ပေးခဲ့သူများက ‌ပြောသည်။

ထို့အပြင် ဖားအံမြို့‌ပေါ်ရှိ မဲရုံအချို့တွင် နံနက်ပိုင်းမဲလာ‌ပေးသူများပြားသဖြင့် မဲရုံအကူဝန်ထမ်းများ ကိုဗစ် ကာကွယ်‌ရေးနှင့် မဲ‌ပေးနိုင်‌ရေးအတွက် အလျင်မှီ ကူညီနိုင်‌ရေး ကျိုးပမ်းလုပ်ကိုင်‌နေရသည့် အ‌ခြေအ‌နေ မျိုးလည်း‌တွေ့ရသည်ဟု ဖားအံမြို့ အထက (၁) ‌ကျောင်း၌ မဲသွား‌ပေးခဲ့သူတဦးက ‌ပြောသည်။

ယခုလို ကရင်ပြည်နယ်အတွင်း မဲရုံ စဖွင့်ကတည်းက မဲ‌ပေးသူများဖြင့် စည်းကား‌နေ‌သော်လည်း တစုံတရာ အခက်အခဲ၊ အ‌နှောင့်အယှက်များ ယ‌နေ့နံနက် ၇ နာရီ‌ကျော်ချိန်ထိ ကြုံ‌တွေ့ရခြင်းမရှိ ‌သေး‌ကြောင်း ကွင်းဆင်းသတင်းရယူ‌နေသူများထံမှ သိရသည်။